ယူကရိန်း မြို့တော် ကိဗ် Dniprovskyi ဒေသတွင်း ဒုံးကျည် အစင်းရေများစွာ တိုက်ခိုက်ခံခဲ့ရပြီး မီးခိုးလိပ်များ ပေါ်ထွက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်း မြို့တော် ကိဗ် Dniprovskyi ဒေသတွင်း ဒုံးကျည် အစင်းရေများစွာ တိုက်ခိုက်ခံခဲ့ရပြီး မီးခိုးလိပ်များ ပေါ်ထွက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်နှင့် ပြည်နယ် အများအပြားသည် လေကြောင်း တိုက်ခိုက်မှုခံခဲ့ရသည်ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၈ ရက် ညပိုင်းမှ စက်တင်ဘာ ၂၉ ရက် နံနက်အစောပိုင်းအထိ ရုရှားတပ်များသည် ယူကရိန်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်း နေရာပေါင်း ၄၀ ကို တိုက်ခိုက်ခဲ့သည်ဟု ယူကရိန်း လေတပ်ကလည်း ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။

ကိဗ်မြို့နှင့် ကိဗ်ပြည်နယ်၊ Odesa ပြည်နယ်၊ Kharkiv ပြည်နယ်၊ Volyn ပြည်နယ် စသည့် နေရာ အများအပြားသည် လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရသည်ဟု ဇယ်လန်းစကီးက ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ကိဗ်မြို့ရှိ ဘူတာရုံ၏ ဂိုဒေါင်တစ်ခုနှင့် ဒေတာစင်တာများ၊ စီးပွားရေးစင်တာများ၊ လူနေအဆောက်အအုံ အချို့ ပျက်စီးခဲ့ကြောင်း၊ Odesa ပြည်နယ်တွင် ပညာရေးဆိုင်ရာ အဆောက်အအုံတစ်ခု၊ လူနေဆောင်တစ်လုံးနှင့် နိုင်ငံခြားသင်္ဘော နှစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့ပြင် နေရာအများအပြားရှိ လျှပ်စစ်ဓာတ်အား အဆောက်အအုံများ၊ ဆက်သွယ်ရေး အဆောက်အအုံများ စသည်တို့လည်း တိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့ကြောင်း သိရသည်။

ကိဗ်မြို့ Holosiivskyi ဒေသ၏ လူနေအဆောက်အအုံတစ်လုံး တိုက်ခိုက်ခံခဲ့ရပြီး လူ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းနိုင်ငံ အရေးပေါ်ရေးရာဌာနက စက်တင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် Odesa ပြည်နယ်တွင် လူ ၈ ဦး ဒဏ်ရာရခဲ့သည်။

ရုရှားတပ်များက ယခုတစ်ကြိမ်တွင် သင်္ဘောဖျက် ဒုံးကျည် ၁ စင်း၊ ပဲ့ထိန်းဒုံးကျည် ၂ စင်းနှင့် ဒရုန်း ၁၅၂ စင်း ပစ်လွှတ်ခဲ့သည်ဟု ယူကရိန်းလေတပ်က ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီအထိ ယူကရိန်းလေကြောင်းကာကွယ်ရေးနှင့် အီလက်ထရောနစ် စစ်ဆင်ရေး တပ်ဖွဲ့များသည် သင်္ဘောဖျက် ဒုံးကျည် ၁ စင်း၊ ပဲ့ထိန်းဒုံးကျည် ၂ စင်းနှင့် ဒရုန်း ၁၀၆ စင်း ပစ်ချနှိမ်နင်းနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

...................................................

(Chinese Version)

乌克兰首都等多地遭空袭

新华社基辅9月29日电(记者李东旭)乌克兰总统泽连斯基29日称,乌首都基辅市以及多个州遭到空袭。乌克兰空军同日称,28日晚至29日凌晨,俄罗斯军队对乌克兰发动导弹和无人机袭击,乌境内40处地点遭袭。

泽连斯基在社交媒体上发文称,基辅市以及基辅州、敖德萨州、哈尔科夫州、沃伦州等多地遭到空袭。空袭导致基辅市一火车站仓库以及一些数据中心、商业中心、居民楼受损。在敖德萨州,一处教育机构、一栋宿舍楼及两艘外国船只遭袭。此外,多地的电力设施、通信设施等也在袭击中受损。

乌国家紧急情况局29日称,基辅市戈洛谢耶夫斯基区一栋居民楼遭袭,致1人受伤。空袭还导致敖德萨州8人受伤。

乌空军在社交媒体上发文称,俄军此次发射了1枚反舰导弹、2枚弹道导弹和152架无人机。截至29日8时,乌防空火力和电子战部队击落和压制了1枚反舰导弹、2枚弹道导弹和106架无人机。(完)

图说:9月17日凌晨,乌克兰首都基辅市第聂伯区遭多枚导弹袭击并升起浓烟。新华社记者 李东旭 摄