အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အမေရိကန်သမ္မတ ထရမ့်က ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲတွင် ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အမေရိကန်သမ္မတ ထရမ့်က ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲတွင် ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း Jalud
ကျေးရွာတွင် စက်တင်ဘာ ၂၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထရမ့်အစိုးရအနေဖြင့် သိရှိထားပြီးဖြစ်ကြောင်းနှင့် ပါလက်စတိုင်း နေထိုင်သူများအပေါ် အစ္စရေး အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း အမေရိကန် မီဒီယာ၏ ယင်းနေ့သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ထရမ့်အစိုးရအနေဖြင့် "ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် မည်သည့်ဘက်ကမဆို ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ သင့်လျော်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး တရားဥပဒေအရ အရေးယူရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ် တရားစီရင်ရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန်ကို ထောက်ခံအားပေးကြောင်း" ပြောကြားခဲ့သည်ဟု အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

အဆိုပါ အရာရှိကပင် အမေရိကန်နိုင်ငံအနေဖြင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း၏ တည်ငြိမ်မှုနှင့် လုံခြုံရေး အခြေအနေများကို မည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ အစ္စရေးနှင့် ဆွေးနွေးလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံခြားမီဒီယာများဖော်ပြချက်အရ အစ္စရေးအခြေချနေထိုင်သူ အယောက် ၁၀၀ ကျော်သည် ထိုနေ့တွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ Jalud ကျေးရွာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ပါလက်စတိုင်း မိသားစုတစ်စု နေရပ်ပြန်လည်ဝင်ရောက်မှုကို တားဆီးရန် ကြိုးပမ်းခဲ့ကြကာ အစ္စရေးစစ်တပ်နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

-----------------------------

(Chinese Version)

美媒:特朗普政府谴责约旦河西岸巴勒斯坦居民遭袭

新华社华盛顿9月29日电 据美国媒体29日报道,特朗普政府已获悉约旦河西岸贾卢德村当日凌晨发生的暴力事件,并谴责以色列定居者对巴勒斯坦居民的袭击。

美国阿克西奥斯新闻网站报道说,美国国务院一官员表示,特朗普政府“谴责约旦河西岸任何一方实施的暴力犯罪行为,支持进行适当调查、追究法律责任,并对相关责任人启动司法程序”。

该官员还说,美国正与以色列进行对话,讨论如何改善约旦河西岸的稳定与安全局势。

据外媒报道,100多名以色列定居者当日袭击了约旦河西岸贾卢德村,意图阻止一个巴勒斯坦家庭返回家中,并与以色列军队发生冲突。(完)

图说:9月22日,在位于纽约的联合国总部,美国总统特朗普在第81届联合国大会一般性辩论上发言。新华社记者 张凤国 摄