တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ (CIIE) ၌ Toyota အရောင်းပြခန်းရှိ ကားတစ်စီးအား ကြည့်ရှုလေ့လာနေသည့် ပြပွဲလာရောက်သူတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ (CIIE) ၌ Toyota အရောင်းပြခန်းရှိ ကားတစ်စီးအား ကြည့်ရှုလေ့လာနေသည့် ပြပွဲလာရောက်သူတစ်ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

Toyota Motor ကော်ပိုရေးရှင်း၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအားပမာဏအနေဖြင့် သြဂုတ်လအတွင်း ယခင်နှစ် အလားတူကာလကထက် ၆.၄ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၇၉၀,၇၄၃ ရှိခဲ့ကြောင်း ၎င်းကော်ပိုရေးရှင်းက စက်တင်ဘာ ၂၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့ရာ ယင်းမှာ နှစ်လဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုပမာဏအနေဖြင့်လည်း ယခင်နှစ်အလားတူကာလကထက် ၅.၉ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၇၀၀,၈၆၀ သာ ရှိခဲ့ပြီး ယင်းမှာလည်း နှစ်လဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီ၏ ပြည်ပဈေးကွက် ရောင်းအားများမှာ ယခင်နှစ်အလားတူကာလကထက် ၈.၄ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၆၈၅,၆၇၆ ရှိခဲ့ပြီး ယင်းမှာ ခုနစ်လဆက်တိုက် ကျဆင်းမှုဖြစ်သည်။ ဈေးကွက်အလိုက် ကြည့်လျှင် တရုတ်နိုင်ငံတွင် ရောင်းအား ၂၂.၈ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ၄.၄ ရာခိုင်နှုန်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ၃၇.၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်ဟု ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုအများဆုံးကုမ္ပဏီ Toyota ၏ အဆိုအရ သိရသည်။

သို့သော် ဂျပန်နိုင်ငံတွင်း ရောင်းအားမှာမူ ၉.၁ ရာခိုင်နှုန်း တိုးတက်ကာ အစီးရေ ၁၀၅,၀၆၇ အထိ ရှိခဲ့ပြီး ယင်းမှာ မော်ဒယ်အသစ်များအပေါ် ဝယ်လိုအား မြင့်မားမှုကြောင့် အဓိကအားဖြင့် တိုးတက်လာခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပြည်ပထုတ်လုပ်မှုပမာဏကလည်း ၇.၆ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၄၉၆,၃၇၃ ရှိခဲ့ပြီး လေးလဆက်တိုက် ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းထုတ်လုပ်မှုပမာဏအနေဖြင့်လည်း ၁.၇ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၂၀၄,၄၈၇ သာ ရှိခဲ့ပြီး ယင်းမှာ လေးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ကျဆင်းရခြင်းမှာ ဇူလိုင်လက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမာမိုတိုစီရင်စုတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၁ အဆင့်ရှိ ငလျင်နှင့် မုန်တိုင်းများကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရခြင်းတို့ကြောင့် တစ်စိတ်တစ်ဒေသအားဖြင့် ဖြစ်သည်ဟု Toyota က ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Toyota global sales, output drop for 2nd straight month in August

TOKYO, Sept. 29 (Xinhua) -- Toyota Motor Corp. said Tuesday that its global sales dropped 6.4 percent in August from a year earlier to 790,743 units, marking the second consecutive monthly decline.

Meanwhile, its global production fell 5.9 percent year on year to 700,860 vehicles, also down for a second straight month.

The company's overseas sales slipped 8.4 percent from a year earlier to 685,676 cars, marking the seventh consecutive monthly drop. By market, sales in China plunged 22.8 percent, while those in the United States slipped 4.4 percent and those in the Middle East sank 37.5 percent, according to the world's largest automaker by volume.

Domestic sales in Japan, however, rose 9.1 percent to 105,067 units, largely supported by strong demand for new models.

Overseas production, meanwhile, declined 7.6 percent to 496,373 vehicles, extending its losing streak to four months.

Domestic output also decreased 1.7 percent to 204,487 units, marking the first decline in four months. Toyota partly attributed the drop to production disruptions caused by the 7.1-magnitude earthquake that struck Kumamoto Prefecture in southwestern Japan in July, as well as typhoons. ■

Photo caption: A visitor looks at a car at the booth of Toyota at the fifth China International Import Expo (CIIE) in east China's Shanghai, Nov. 6, 2022. (Xinhua/Li Jing)