ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးရှိ Paris-Le Bourget လေဆိပ်၌ ကျင်းပသော ပဲရစ်လေကြောင်းပြပွဲ၌ ဘိုးရင်း 737 MAX နှင့် ဘိုးရင်း 777X (အောက်) လေယာဉ်တို့ တင်ဆက်ပြသနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆင်ခြေဖုံးရှိ Paris-Le Bourget လေဆိပ်၌ ကျင်းပသော ပဲရစ်လေကြောင်းပြပွဲ၌ ဘိုးရင်း 737 MAX နှင့် ဘိုးရင်း 777X (အောက်) လေယာဉ်တို့ တင်ဆက်ပြသနေသည်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် ရေတပ်၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် F/A-XX ကို ဒီဇိုင်းဆွဲ တည်ဆောက်ရန် ဘိုးရင်းကုမ္ပဏီအား ရွေးချယ်ခဲ့ပြီးကြောင်း အမေရိကန် ကာကွယ်ရေးဌာနက စက်တင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန် ရေတပ်၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) စာချုပ်၏ စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော်ရှိပြီး ယင်းတွင် မြေပြင်စမ်းသပ်မှု၊ လေကြောင်းပျံသန်းနိုင်စွမ်း စမ်းသပ်မှု၊ စနစ်စမ်းသပ်မှုနှင့် လက်နက်တပ်ဆင်ပေါင်းစပ်မှုဆိုင်ရာ စမ်းသပ်မှုများအတွက် စမ်းသပ် လေယာဉ်အများအပြားကို ဝယ်ယူခြင်းတို့ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးဌာနက ထိုနေ့ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ ဤတိုက်လေယာဉ်သည် အဆင့်မြင့် လေယာဉ်တင်သင်္ဘောအခြေပြု စွမ်းအားပြသနိုင်စွမ်းကို ပံ့ပိုးပေးမည်ဖြစ်ပြီး အမေရိကန် လေယာဉ်တင်သင်္ဘောများ၏ တာဝေးပစ် အတိုင်းအတာကို တိုးချဲ့ပေးမည် ဖြစ်သည်။

ကြေညာချက်အရ ဘိုးရင်းကုမ္ပဏီသည် ၂၀၃၀ ပြည့်နှစ်များတွင် အဆိုပါတိုက်လေယာဉ်ကို စတင် ပေးအပ်မည်ဖြစ်ပြီး နောက်ဆုံးတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော F/A-18E/F “Super Hornet” နှင့် EA-18G “Growler” တို့ကို အစားထိုးမည်ဖြစ်ကာ F-35C နှင့်အတူ စစ်ဆင်ရေးလုပ်မည် ဖြစ်ကြောင်း သိရသည်။

F/A-XX သည် “Open Mission Systems (OMS) ဆိုင်ရာ ဖွဲ့စည်းမှုပုံစံ၊ အဆင့်မြင့် မစ်ရှင် စနစ်များ၊ တိုက်ခိုက်မှုတွင် ပျံသန်းနိုင်သည့်ခရီးအကွာအဝေးနှင့် စွမ်းဆောင်ရည် စသည်တို့တွင် ပြုပြင်ပြောင်းလဲမှုရှိသော တိုးတက်မှု ရရှိစေမည်” ဟု ဘိုးရင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသည် ဘိုးရင်းကုမ္ပဏီက F-47 ပြီးနောက် အမေရိကန်တပ်၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် စာချုပ်ကို ဒုတိယအကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လတွင် အမေရိကန် သမ္မတ ထရမ့်သည် ဘိုးရင်းကုမ္ပဏီအား “Next Generation Air Dominance (NGAD)” တိုက်လေယာဉ် ထုတ်လုပ်ရန် ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ပြီး မျိုးဆက်သစ် တိုက်လေယာဉ်ကို F-47 ဟု အမည်ပေးခဲ့သည်။ F-47 စီမံကိန်း၏ စုစုပေါင်း တန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံရာနှင့်ချီ၍ ရှိသည်ဟု အမေရိကန် မီဒီယာများ၏ သတင်းများတွင် ဖော်ပြခဲ့သည်။ (Xinhua)

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် အော်ရိန့်ခရိုင်၌ ကျင်းပသည့် ဟန်တင်တန်ကမ်းခြေ ပျံသန်းမှု ဖျော်ဖြေတင်ဆက်ရေးတွင် ပါဝင်နေသော အမေရိကန်ရေတပ် Blue Angels ပျံသန်းမှုသရုပ်ပြအဖွဲ့၏ F-18 တိုက်လေယာဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် အော်ရိန့်ခရိုင်၌ ကျင်းပသည့် ဟန်တင်တန်ကမ်းခြေ ပျံသန်းမှု ဖျော်ဖြေတင်ဆက်ရေးတွင် ပါဝင်နေသော အမေရိကန်ရေတပ် Blue Angels ပျံသန်းမှုသရုပ်ပြအဖွဲ့၏ F-18 တိုက်လေယာဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

波音将造美海军第六代战机 研发合同超200亿美元

新华社华盛顿9月29日电 美国国防部29日宣布,已选定波音公司设计和建造美国海军第六代战机F/A-XX。  

美国国防部当天发表声明说,美国海军第六代战机研发合同总值超过200亿美元,包括采购多架测试机,用于地面、适航、系统及武器集成测试。该战机将提供先进的舰载力量投射,拓展美军航母的远程打击范围。  

声明说,波音公司将于2030年代开始交付该战机,最终取代现役的F/A-18E/F“超级大黄蜂”和EA-18G“咆哮者”,并同F-35C协同作战。  

波音公司新闻公报说,F/A-XX将在“开放任务系统架构、先进任务系统以及作战航程和能力方面实现革命性进步”。  

这是波音公司继F-47后再次获得美军第六代战机合同。2025年3月,美国总统特朗普宣布选定波音公司生产“下一代空中优势”战斗机,并将新一代战机命名为F-47。美国媒体报道说,F-47项目总价值达数千亿美元。(完)

图说1:2023年6月19日,在法国巴黎近郊的布尔歇机场举行的巴黎航展上,波音737 MAX和波音777X飞机(下)进行表演。新华社记者高静摄

图说2:2017年9月30日,美国海军“蓝天使”飞行表演队的F-18战机参加在美国加利福尼亚州奥兰治县举行的亨廷顿海滩飞行表演。新华社发(赵汉荣摄)