
ပြုံယမ်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တောင်ပိုင်းနယ်စပ်ဒေသတစ်လျှောက်တွင် မြေမြှုပ်မိုင်း မတော်တဆပေါက်ကွဲမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယားတပ်က ယင်းကို အကြောင်းပြု၍ မြောက်ကိုရီးယားကို ထပ်မံရန်စရန် ကြိုးပမ်းခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနညွှန်ကြားရေးမှူး ကင်ယိုဂျွန်က စက်တင်ဘာ ၂၉ ရက် ပြောကြားချက် ထုတ်ပြန်ရာတွင် ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) ၏ စက်တင်ဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ကင်ယိုဂျွန်က တောင်ကိုရီးယားနိုင်ငံသည် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်၏ တာဝန်ကို မြောက်ကိုရီးယားဘက်သို့ လွှဲချခဲ့ပြီး ယင်းကို သက်သေပြရန် “သက်သေခံပစ္စည်း” ဖန်တီးပြုလုပ်ရန် ကြံစည်နေခြင်း လုပ်ရပ်များမှာ အလွန်တရာမှ ယုတ္တိမရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားဘက်အနေဖြင့် ၎င်း၏ ရန်စသောလုပ်ရပ်များအတွက် တာဝန်ယူရလိမ့်မည်ဟု ကင်ယိုဂျွန်က သတိပေး ပြောကြားခဲ့သည်။
တောင်ကိုရီးယားကြည်းတပ် အမှတ် ၂၅ တပ်မသည် တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေးအရ နယ်နိမိတ်ခွဲခြားသတ်မှတ်ထားသောမျဉ်းအနီး တောင်ကိုရီးယားဘက်ခြမ်း စစ်မဲ့ဇုန်အတွင်း တာဝန်ထမ်းဆောင်နေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဟု ယူဆရသော မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သောကြောင့် လူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားတပ်၏ သတင်းရင်းမြစ်များကို ကိုးကား၍ Yonhap သတင်းဌာနက စက်တင်ဘာ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဖြစ်ရပ်မှန်ကို အမြန်ဆုံး စိစစ်ဖော်ထုတ်ရန် စစ်တပ်အား တောင်းဆိုခဲ့ပြီး အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုရလဒ်များအပေါ်မူတည်၍ လိုအပ်သော အစီအမံများကို လုပ်ဆောင်မည်ဟု စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
.................................
(Chinese Version)
金与正:韩国借所谓地雷事件挑衅朝鲜
新华社平壤9月30日电(记者王天僚)据朝中社9月30日报道,朝鲜劳动党中央委员会部长金与正29日发表谈话说,近日,南部边境一带发生了一起地雷爆炸事件,韩国军方借此再次挑衅朝鲜。
金与正说,韩国把地雷爆炸事件的责任推卸给朝方,企图捏造“物证”来证明它,这种做法非常荒谬。
金与正警告,韩方将会为其挑衅行为承担责任。
据韩联社电视台21日援引韩国军方人士消息报道,韩国陆军第25师在韩朝军事分界线附近韩方一侧非军事区内执行任务过程中,发生疑似地雷爆炸事故,造成3人受伤,其中2人伤势严重。韩国总统李在明29日要求军方迅速查明真相,并表示政府将视调查结果采取必要措施。(完)








