တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် စီယန့်မြို့ရှိ စီယန့်အရှေ့ပိုင်းဘူတာရုံတွင် ရှီးအန်း-စီယန့် မြန်နှုန်းမြင့်ရထားလမ်း၏ ပထမဆုံးမြန်နှုန်းမြင့်ရထားကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် စီယန့်မြို့ရှိ စီယန့်အရှေ့ပိုင်းဘူတာရုံတွင် ရှီးအန်း-စီယန့် မြန်နှုန်းမြင့်ရထားလမ်း၏ ပထမဆုံးမြန်နှုန်းမြင့်ရထားကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံအနေဖြင့် အဓိကကျသော မြန်နှုန်းမြင့်ရထားလမ်းပိုင်း ၄ ခုကို စက်တင်ဘာ ၂၈ ရက်၌ စတင်ပြေးဆွဲ၍ ဒေသအသီးသီးအကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများကို ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

လမ်းပိုင်းသစ်များက ဟဲပေပြည်နယ်ရှိ ရှုံအန်းမြို့နှင့် ဟဲနန်ပြည်နယ်ရှိ ဆန်းချိုး မြို့၊ ဆန်ရှီးပြည်နယ်ရှိ ရှီးအန်းမြို့နှင့် အန်းခန်း၊ ဟူပေပြည်နယ်ရှိ ရီချန်းမြို့နှင့် ရှင်းဆန်း မြို့၊ ဟေးလုံကျန်းပြည်နယ်ရှိ ဟားအယ်ပင်းမြို့နှင့် ရီးချွမ်းမြို့တို့ကို အသီးသီး ချိတ်ဆက်ပေးထားသည်။

တရုတ်နိုင်ငံ၏ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ဖြတ်သန်းထားသော အဆိုပါလမ်းကြောင်းသစ်များသည် ဒေသခံပြည်သူများ၏ ခရီးသွားလာမှုကို အဆင်ပြေချောမွေ့စေပြီး ဒေသတွင်း ချိတ်ဆက်မှုများအား မြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

.............................

(English Version)

China opens four high-speed rail lines, expanding national network

BEIJING, Sept. 28 (Xinhua) -- China, home to the world's largest high-speed rail network, opened four major high-speed railway sections to traffic on Monday, improving transport links across several regions.

The new sections connect Xiong'an in Hebei Province with Shangqiu in Henan Province, Xi'an with Ankang in Shaanxi Province, Yichang with Xingshan in Hubei Province, and Harbin with Yichun in Heilongjiang Province.

Spanning northern, northwestern, central and northeastern China, the new lines will facilitate travel for residents, improve regional connectivity and support economic development. ■

Photo caption: This photo taken on June 30, 2026 shows the first high-speed train of Xi'an-Shiyan high-speed railway at Shiyan East Railway Station in Shiyan City, central China's Hubei Province. (Xinhua/Wu Zhizun)