ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက်က ကျင်းပသော “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် ဆော်ဒီ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် Mohammed bin Salman bin Abdulaziz Al Saud (အလယ်)၊ တူကီယဲ သမ္မတ ရီဆပ် တေယစ် အာဒိုဂန် (ဘယ်) နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Muhammad Shehbaz Sharif (ညာ) တို့ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေစဉ် (ဓာတ်ပုံ-Saudi Press Agency/Handout via Xinhua)

ရီယတ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန် သုံးနိုင်ငံ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” ပါ ကတိကဝတ်များကို လက်တွေ့ထိရောက်သော စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအဖြစ် ချက်ချင်းပြောင်းလဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ စက်တင်ဘာ ၂၅ ရက်က ကျင်းပသော အစည်းအဝေးတွင် ပြောကြားခဲ့ကြသည်။

“မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” လက်မှတ်ရေးထိုးထားသော နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် အဆိုပါနေ့တွင် အစည်းအဝေးကျင်းပ၍ ဟန့်တားနိုင်စွမ်းနှင့် စုပေါင်းကာကွယ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ရန် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုနှင့် စစ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည် ပေါင်းစပ်မှုကို တွန်းအားပေးခြင်း အပါအဝင် သုံးနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို  ဆွေးနွေးခဲ့ကြကြောင်း ဆော်ဒီ ကာကွယ်ရေးဝန်ကြီးဌာနက ထိုနေ့တွင် လူမှုကွန်ရက်၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ လက်ရှိ လုံခြုံရေးအခြေအနေနှင့် ဆော်ဒီနိုင်ငံ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး တက်ရောက်လာသူများက မက္ကာမြို့နှင့် ဆော်ဒီနိုင်ငံ၏ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ကြပြီး စုပေါင်းကာကွယ်ရေးအတွက် ခိုင်မာသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကာ ဆော်ဒီနိုင်ငံ၏ လုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု တို့ကို အတူတကွ ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန် သုံးနိုင်ငံသည် ဩဂုတ် ၇ ရက်တွင် “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ သဘောတူညီချက်၏ ပြဋ္ဌာန်းချက်အရ သုံးနိုင်ငံအနက် မည်သည့်နိုင်ငံကိုမဆို လက်နက်ကိုင် တိုက်ခိုက်ခြင်းသည် သုံးနိုင်ငံစလုံးအား တိုက်ခိုက်ခြင်းဟု ရှုမြင်မည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

မကြာသေးမီက ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ယီမင်အစိုးရတပ်ကို ထောက်ခံသော ဆော်ဒီနိုင်ငံတို့ကြား ပဋိပက္ခများ အဆက်မပြတ် အဆင့်မြင့်တက်လျက်ရှိပြီး နှစ်ဖက်စလုံးက ဒုံးကျည်များ၊ မောင်းသူမဲ့လေယဉ်များဖြင့် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့၌ ကျင်းပသော "မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်" လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဆော်ဒီ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် Mohammed bin Salman bin Abdulaziz Al Saud  (အလယ်)၊ တူကီယဲ သမ္မတ ရီဆပ် တေယစ် အာဒိုဂန် (ဘယ်) နှင့် ပါကစ္စတန် ဝန်ကြီးချုပ် Muhammad Shehbaz Sharif တို့ တက်ရောက်ခဲ့ကြသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Saudi Press Agency/Handout via Xinhua)

-----------------

(Chinese Version)

沙土巴三国军方高层会晤 着手落实共同防务协议

新华社利雅得9月25日电(记者罗晨)沙特阿拉伯、土耳其和巴基斯坦三国军方领导人25日在沙特首都利雅得举行会议,表示将立即着手把《麦加共同防务协议》相关承诺转化为切实有效的军事合作。

沙特国防部当天在社交媒体上发表声明说,《麦加共同防务协议》缔约国军方领导人当天举行会议,讨论进一步加强三国武装力量合作的途径,包括深化情报合作和军事协调、推动能力整合,以增强威慑和集体防御能力。

会议还讨论了当前安全形势以及沙特面临的威胁。与会人员谴责针对麦加以及沙特民用和经济基础设施的袭击,重申对集体防御的坚定承诺,表示将共同维护沙特安全、主权和领土完整。

沙特、土耳其和巴基斯坦三国8月7日签署《麦加共同防务协议》。协议规定,对三国中任何一国的武装攻击将被视为对三国全体的攻击。

近期,也门胡塞武装与支持也门政府军的沙特之间冲突持续升级,双方相互发动导弹、无人机袭击。

图说 1 :Saudi Crown Prince and Prime Minister Mohammed bin Salman bin Abdulaziz Al Saud (C), Turkish President Recep Tayyip Erdogan (L) and Pakistani Prime Minister Muhammad Shehbaz Sharif pose for a group photo after signing the Makkah Joint Defense Agreement in Makkah, Saudi Arabia, on Aug. 7, 2026. (Saudi Press Agency/Handout via Xinhua)

图说 2 :Saudi Crown Prince and Prime Minister Mohammed bin Salman bin Abdulaziz Al Saud (C), Turkish President Recep Tayyip Erdogan (L) and Pakistani Prime Minister Muhammad Shehbaz Sharif attend the signing of the Makkah Joint Defense Agreement in Makkah, Saudi Arabia, on Aug. 7, 2026. (Saudi Press Agency/Handout via Xinhua)