ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင်အသုံးချခြင်းအား ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးသည် အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယမြောက်ကော်မတီ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌  ပြောကြားခဲ့သည်။

ဖုချုံးက ယနေ့ခေတ် နိုင်ငံတကာအခြေအနေသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရှုပ်ထွေးဆုံးနှင့် အနက်ရှိုင်းဆုံး အပြောင်းအလဲများကို ဖြတ်သန်းနေရပြီး နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်းသည် ယခင်က မရှိခဲ့ဖူးသော အန္တရာယ်စွန့်စားမှုများနှင့် စမ်းသပ်မှုများကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် လူ့အခွင့်အရေး အမျိုးအစားနှစ်မျိုး ဟန်ချက်မညီမျှမှုသည် ပိုမိုဆိုးရွားလာပြီး လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်ပြောင်းခြင်းဆီသို့ ယိမ်းယိုင်မှုသည် ပိုမိုထင်ရှားလာကြောင်း၊ စံနှုန်းနှစ်မျိုးထားခြင်းများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေခြင်းက လူ့အခွင့်အရေး၏ အခြေခံတန်ဖိုးများကို တိုက်စားစေရုံသာမက ဘက်စုံလူ့အခွင့်အရေးယန္တရား၏ အခွင့်အာဏာနှင့် အခန်းကဏ္ဍကိုလည်း ဆိုးရွားစွာ လျော့ရဲစေကာ လူ့အခွင့်အရေးနယ်ပယ် စီမံခန့်ခွဲမှုလိုအပ်ချက်ကို ဆက်လက်ကြီးထွားလာစေပြီး လက်တွေ့ကျသော စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန် ခဲယဉ်းစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံအသီးသီးသည် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို မိမိကိုယ်ပိုင် ရွေးချယ်ပိုင်ခွင့်ရှိပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကိစ္စရပ်များတွင် တန်းတူညီမျှ ပါဝင်ဆောင်ရွက်ခြင်း၊ တန်းတူညီမျှ ဆုံးဖြတ်ချက်ချခြင်း၊ တန်းတူညီမျှ အကျိုးခံစားခွင့်ရှိကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လိုက်နာခြင်း၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုခြင်း စသည့် နိုင်ငံတကာဥပဒေ အခြေခံမူများနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ တရားမျှတခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် ရွေးချယ်မှုမပြုခြင်း နည်းလမ်းတို့ဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ စံနှုန်းနှစ်မျိုးထားခြင်းနှင့် တစ်ဖက်သူအားအကျပ်ကိုင်လက်ခံစေခြင်းများကို ဆန့်ကျင်ရမည်ဖြစ်သလို လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင် အသုံးချခြင်းတို့ကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းက ဘက်စုံလူ့အခွင့်အရေးစနစ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ယုံကြည်မှုနှင့် တွန်းအားကို အားကောင်းစွာ မြှင့်တင်ရမည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

လူသားများသည် လူ့အခွင့်အရေး၏ အခြေခံဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးရှိ ပြည်သူများအားလုံး ကောင်းမွန်သောနေထိုင်မှုဘဝ ရရှိစေခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးလုပ်ငန်း၏ အစမှတ်နှင့် ဖော်ဆောင်ရာရည်မှန်းချက်ဖြစ်ကြောင်း၊ နိုင်ငံတကာအငြင်းပွားမှုများနှင့် အရေးကြီးသော အခက်အခဲပြဿနာများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းပြီး လုံခြုံမှုဖြင့် လူ့အခွင့်အရေးကို စောင့်ရှောက်ရန်၊ အများအကျိုးဖြစ်ထွန်းစေသည့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်မှုဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ရန်၊ မတူကွဲပြားသော ယဉ်ကျေးမှုများအကြား တွေ့ဆုံဆွေးနွေးမှုနှင့် နိုင်ငံအသီးသီး၏ လူပုဂ္ဂိုလ်များအကြား ကူးလူးသွားလာမှုများကို နက်ရှိုင်းစေပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် လူ့အခွင့်အရေးကို ရှေ့ဆောင်တိုးမြှင့်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တည်ငြိမ်သော နိုင်ငံတကာစည်းစနစ်မရှိလျှင် ထိရောက်သော လူ့အခွင့်အရေး အာမခံကာကွယ်မှု မရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ စစ်မှန်သော ဘက်စုံပူးပေါင်းဆောင်ရွက်မှု မရှိလျှင် လူ့အခွင့်အရေး စီမံခန့်ခွဲမှုသည် စာရွက်ပေါ်၌ ဖော်ပြချက်တစ်ခုသာ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုအပေါ် ဘက်အသီးသီး၏ ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ပြီး ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာ့လူ့အခွင့်အရေး စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်သူများ၏ သာယာချမ်းမြေ့သောဘဝသည် အကြီးမားဆုံးသော လူ့အခွင့်အရေးဖြစ်သည်ဟု တရုတ်နိုင်ငံက အခိုင်အမာ ခံယူထားပြီး လုပ်ငန်းစဉ်အပြည့် ပြည်သူ့ဒီမိုကရေစီဖော်ဆောင်ခြင်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု တည်ဆောက်သည့်ရလဒ်များကို ပြည်သူတစ်ရပ်လုံး ပိုမိုများပြားပြီး ပိုမိုတရားမျှတစွာ အကျိုးခံစားနိုင်စေရန် ဆောင်ရွက်ခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံတန်ဖိုးများကို ထောက်ခံအားပေးကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ တို့ကို လက်တွေ့ဖော်ဆောင်ကျင့်သုံးကာ နိုင်ငံတကာ လူ့အခွင့်အရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး သာယာလှပသော ကမ္ဘာကြီး အတူတကွတည်ဆောက်ရေးအတွက် အားကောင်းသောစွမ်းအင် ဖြည့်တင်းပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မတည်မငြိမ်ဖြစ်နေသော ကမ္ဘာကြီးတွင် တည်ငြိမ်မှုအင်အား၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအင်အား၊ ပြုပြင်ပြောင်းလဲရေးခေတ်ကာလ၏ တိုးတက်မှုအင်အားအဖြစ် အစဉ်အမြဲ တည်ရှိကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအလံကို ဆက်လက်ကိုင်ဆောင်ကာ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို မြှင့်တင်ပြီး တရုတ်နိုင်ငံ၏ စီမံခန့်ခွဲမှုဖြင့် ကမ္ဘာကြီးအတွက် တိုးတက်မှုအင်အားကို စဉ်ဆက်မပြတ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

中国代表:反对将人权政治化、工具化、武器化

新华社联合国10月1日电 中国常驻联合国代表傅聪10月1日在联大第三委员会一般性辩论发言,表示反对将人权政治化、工具化、武器化。   

傅聪说,当前国际形势正经历二战以来最复杂深刻变化,国际人权事业面临空前风险和考验,特别是两类人权失衡进一步加剧,人权政治化倾向愈发突出,双重标准大行其道,不仅侵蚀着人权的基本价值,也严重削弱多边人权机制的权威和作用,导致人权领域治理赤字不断扩大,难以有效回应现实挑战。   

他说,各国都有权自主选择人权发展道路,有权在国际人权事务中平等参与、平等决策、平等受益。要遵守主权平等、不干涉内政等国际法基本原则和国际关系根本准则,以公正、客观和非选择性方式处理人权问题,反对双重标准和强加于人,反对将人权政治化、工具化、武器化,有力提振国际社会维护多边人权体系的信心和动力。   

他说,人是人权之本。让各国人民都过上好日子,是国际人权事业的出发点和落脚点。要以和平手段解决国际争端和热点难点问题,以安全守护人权;要共促普惠发展,以发展促进人权;要深化不同文明对话和各国人员往来,以合作推进人权。   

他说,没有稳定的国际秩序,就没有有效的人权保障。没有真正的多边合作,人权治理终将沦为一纸空谈。要把各方对多边主义的承诺落到实处,构建更加公正合理的全球人权治理体系。   

傅聪说,中国坚持人民幸福生活是最大的人权,不断发展完善全过程人民民主,让中国式现代化建设成果更多更公平惠及全体人民。中国倡导全人类共同价值,践行全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,深化国际人权合作,为共建美好世界注入强劲动能。中国始终是动荡世界的稳定力量、共同发展的中坚力量、变革时代的进步力量。中国将继续高举多边主义旗帜,弘扬团结合作精神,以中国之治持续为世界贡献进步力量。(完)

图说:这是9月7日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄