
ဘရာဇီးလီးယား၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် အောက်တိုဘာ ၂ ရက်တွင် “လုံခြုံရေးအကြောင်းပြချက်” ကြောင့် offline ကောင်စစ်ရေးရာ ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းခဲ့သည်။ ဘရာဇီးနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးကလည်း ထိုနေ့တွင် “လုံခြုံရေးအကြောင်းပြချက်” ကြောင့် ပိတ်ခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်အရ အရေးပေါ် အကူအညီလိုအပ်သည့် အမေရိကန်နိုင်ငံသားများသည် ထိုကာလအတွင်း ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး သို့မဟုတ် အခြားသော ဘရာဇီးနိုင်ငံအခြေစိုက် အမေရိကန် သံတမန်ရေးအဖွဲ့အစည်များသို့ သွားရောက်ခြင်းမပြုရန် ပြောကြားခဲ့သည်။
ဘရာဇီးမီဒီယာက ဆော်ပေါ်လိုမြို့အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ ကောင်စစ်ဝန်ချုပ်ရုံးက အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ဗီဇာများ ခွင့်ပြုပေးမှုကို ယာယီရပ်တန့်ထားပြီးဖြစ်ရာ ဝန်ဆောင်မှုများ ပြန်လည်ဖော်ဆောင်မည့်အချိန်ကို အတည်မပြုနိုင်သေးကြောင်း သတင်းဖော်ပြထားသည်။
လက်ရှိတွင် ဘရာဇီးနိုင်ငံ သက်ဆိုင်ရာဌာနများက ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အနီးတစ်ဝိုက်တွင် လုံခြုံရေးကို ထိန်းသိမ်းရန် ရဲအင်အားများ စေလွှတ်ထားပြီးဖြစ်ကြောင်း၊ ဘရာဇီး စစ်တပ်နှင့်ရဲအင်အားများက ဆော်ပေါ်လိုမြို့အခြေစိုက် အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး အနီးတစ်ဝိုက်ဒေသအား ပိတ်ဆို့ထားပြီးဖြစ်ကြောင်း ဘရာဇီးမီဒီယာများ သတင်းအရ သိရသည်။
ဘရာဇီးနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက အောက်တိုဘာ ၂ ရက်တွင် တရားဝင် လူမှုမီဒီယာအကောင့်၌ ကြေညာချက်ထုတ်ပြန်၍ လုံခြုံရေးအရ ထည့်သွင်းစဉ်းစားမှုကြောင့် ဘရာဇီးနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးကို အောက်တိုဘာ ၂ ရက်တွင် ပိတ်ထားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ကြေညာချက်တွင် ပိုမိုများပြားသော အသေးစိတ်အကြောင်းအရာ ဖော်ပြထားခြင်းမရှိသော်လည်း ဩစတြေးလျ နိုင်ငံသားများအနေဖြင့် ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် အခြားသော ဘရာဇီးနိုင်ငံအခြေစိုက် အမေရိကန် သံတမန်ရေးအဖွဲ့အစည်းများသို့ သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။
ဘရာဇီးနိုင်ငံတွင် အောက်တိုဘာ ၄ ရက်၌ သမ္မတရွေးကောက်ပွဲ ပထမအကြိမ် မဲပေးမှု ကျင်းပမည်ဖြစ်သည်။ (Xinhua)

---------------------
(Chinese Version)
美驻巴西使领馆及澳驻巴西使馆因“安全问题”关闭
新华社巴西利亚10月2日电(记者吴昊 杨家和)美国驻巴西使领馆2日因“安全问题”暂停线下领事服务。澳大利亚驻巴西大使馆同日因“安全问题”关闭。
据美国驻巴西大使馆1日晚发布的公告,需要紧急协助的美国公民在此期间不要前往美国驻巴西大使馆、领事馆或其他驻巴西外交机构。
巴西媒体援引美国驻圣保罗领事馆一名工作人员的话报道,该领事馆已暂停发放赴美签证,尚未确定恢复服务时间。据巴西媒体报道,目前,巴西有关部门已派警力在美国驻巴西大使馆周围维持治安。巴西军警已封锁美国驻圣保罗领事馆附近区域。
澳大利亚驻巴西大使馆2日在官方社交账号上发布公告称,出于安全考虑,澳大利亚驻巴西大使馆于2日关闭。公告未提供更多细节,但提醒澳大利亚公民避免前往美国驻巴西大使馆和美国其他驻巴西外交机构。
巴西定于10月4日举行总统选举第一轮投票。(完)
图说1、2:10月2日,安保人员在巴西首都巴西利亚的美国驻巴西大使馆外警戒。新华社发(卢西奥·塔沃拉摄)








