အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်စစ်ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်စစ်ဌာနချုပ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က အရှေ့အလယ်ပိုင်းသို့ တတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနှင့် ပိုမိုများပြားသော ရေတပ်စစ်သင်္ဘောများကို စေလွှတ်နေပြီး ယင်းဒေသသို့ စစ်သည် တစ်သောင်းနီးပါးကိုလည်း ထပ်မံ တိုးချဲ့ စေလွှတ်လျက်ရှိကြောင်း အမေရိကန် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် Wall Street ဂျာနယ်က အောက်တိုဘာ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

USS Theodore Roosevelt လေယာဉ်တင်သင်္ဘောသည် စက်တင်ဘာ ၂၇ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် San Diego ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး “အစီအစဉ်အရ တပ်ဖြန့်မှုတာဝန်ကိုဆောင်ရွက်” မည်ဟု သတင်းတွင် ဖော်ပြထားသည်။ တစ်ဖက်တွင်မူ ကုန်းရေနှစ်သွယ်သွားနိုင်သော စစ်သင်္ဘော သုံးစီးဖြင့် ဖွဲ့စည်းထားသည့် Makin Island ကုန်းရေနှစ်သွယ်စစ်ဆင်ရေး တပ်လှန့်အုပ်စုသည် စက်တင်ဘာ ၂၈ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ယင်းတွင် အမေရိကန်ရေတပ်စစ်ဆင်ရေးတပ်ဖွဲ့မှ အရာရှိများနှင့် စစ်သည်များ တင်ဆောင်ထားကြောင်း၊ အမေရိကန် အရာရှိများက စစ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ရေတပ်ခြေလျင်တပ်သားများသည် နိုဝင်ဘာလကုန်ပိုင်းတွင် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် လက်ရှိ လေယာဉ်တင်သင်္ဘော နှစ်စင်း အရှေ့အလယ်ပိုင်းတွင် ဖြန့်ကြက်ထားပြီး ၎င်းတို့မှာ Bush နှင့် Washington တို့ ဖြစ်သည်။ အဆိုပါသတင်းအရ အကယ်၍ Washington သည် Roosevelt လေယာဉ်တင်သင်္ဘောရောက်ရှိပြီးနောက် ထိုဒေသတွင် ဆက်လက် တည်ရှိနေပါက ယင်းသည် ယခုနှစ် ဧပြီလမှစ၍ အမေရိကန်က အရှေ့အလယ်ပိုင်းတွင် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု ၃ ခုကို ပထမဆုံးအကြိမ် ဖြန့်ကြက်ခြင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ သို့သော် Washington စစ်သင်္ဘောသည် အရှေ့အလယ်ပိုင်းမှ ထွက်ခွာနိုင်ခြေရှိပြီး ဂျပန်နိုင်ငံတွင် တည်ရှိသည့် ပင်မဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိနိုင်သည်ဟုလည်း သတင်းတွင် ဖြည့်စွက်ဖော်ပြထားသည်။

အဆိုပါသတင်းတွင် ထပ်မံဖော်ပြသည်မှာ Bush နှင့် Washington လေယာဉ်တင်သင်္ဘောများ အပြင် Boxer ကုန်းရေနှစ်သွယ်စစ်ဆင်ရေး တပ်လှန့်အုပ်စု၏ စစ်သင်္ဘောများကိုလည်း အရှေ့အလယ်ပိုင်းတွင် ဖြန့်ကြက်ထားလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ အရာရှိတစ်ဦးက ယခုသီတင်းပတ်တွင် ထပ်မံ တိုးချဲ့စေလွှတ်သည့် အရာရှိများနှင့် စစ်သည်များ ပါဝင်ပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် တပ်ဖွဲ့ဝင်ဦးရေသည် ၅၀,၀၀၀ ကျော် ရှိကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်နှင့် ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူများက  Wall Street ဂျာနယ်၏ မှတ်ချက်ပေးရန် တောင်းဆိုချက်များကို တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် ကြားဖြတ်ကာလရွေးကောက်ပွဲပြီးနောက် အီရန်နိုင်ငံကို ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးနိုင်ခြေ ရှိသည်ဟု Time မဂ္ဂဇင်း၏ အောက်တိုဘာ ၁ ရက်က ထုတ်ဝေသော မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ထရမ့်က မေးမြန်းခန်းတွင် ၎င်းသည် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အီရန်ဘက်က တင်ပြခဲ့သည့် အဆိုပြုချက်ကို ငြင်းပယ်ကြောင်း ပြောကြားခဲ့ပြီး အကြောင်းမှာ အဆိုပါ အဆိုပြုချက်သည် “အလုံအလောက် ကောင်းမွန်ခြင်း မရှိသေးသောကြောင့်” ဖြစ်သည်ဟု ဆိုခဲ့သည်။ (Xinhua)

……………………

(Chinese Version)

美国被曝向中东派遣第三艘航母 增派近万名士兵

新华社华盛顿10月1日电(记者杨伶 熊茂伶)美国《华尔街日报》10月1日援引美官员的话报道说,五角大楼正向中东派遣第三个航空母舰打击群和更多海军陆战队舰艇,还向该地区增派近1万名士兵。  

报道称,“罗斯福”号航母于9月27日离开加利福尼亚州圣迭戈港,“按计划执行部署任务”。而由3艘两栖舰艇组成的“马金岛”号两栖戒备群于9月28日启程,其上载有来自美国海军陆战队远征部队的官兵。美国官员表示,舰艇、战斗机和海军陆战队员将于11月底抵达中东地区。  

美国目前已有两艘航空母舰部署在中东,分别是“布什”号和“华盛顿”号。报道说,如果“华盛顿”号在“罗斯福”号抵达后继续留在该地区,这将是自今年4月以来,美国首次在中东地区部署3个航母打击群。不过,报道补充说,“华盛顿”号有可能离开中东,返回其位于日本的母港。  

报道还说,除“布什”号和“华盛顿”号航母外,“拳师”号两栖戒备群的舰艇也部署在中东。一名官员表示,加上本周增派的官兵,中东地区的美军人数将超过5万人。  

白宫和五角大楼发言人均未回应《华尔街日报》的置评请求。  

美国总统特朗普在10月1日发表于《时代》杂志的采访中表示,11月美国中期选举后,他“有可能”下令对伊朗发动更大力度的打击。特朗普在采访中还称,他拒绝了伊朗提出的重新开放霍尔木兹海峡的提议,因为该提议“不够好”。(完)

图说:这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄