
ဂျီနီဗာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် (World Athletics) တရားဝင်ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၃၀ ရက်က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်အရ စစ်တမ်းကောက်ယူမှုတစ်ခုတွင် ပါဝင်ဖြေဆိုသူများသည် ပျမ်းမျှအားဖြင့် နေ့စဉ် နိုးနိုးကြားကြားရှိနေချိန်၏ ၈၄ ရာခိုင်နှုန်းမှာ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ဖြတ်သန်းနေကြပြီး စစ်တမ်းဖြေဆိုသည့် အရွယ်ရောက်သူ တစ်ဝက်ကျော်မှာ အကြံပြုထားသော အားကစားလှုပ်ရှားမှုပမာဏ မရှိကြကြောင်း သိရသည်။
အထက်ပါ ကောက်ချက်ကို အားကစားအမှတ်တံဆိပ် ASICS ၏ စစ်တမ်းကောက်ယူမှုတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းစစ်တမ်းတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၁ ခုမှ လူဦးရေ ၃၄,၀၀၀ ပါဝင်ခဲ့သည်။ ၎င်းတို့အနက် အကြံပြုထားသော အားကစားလှုပ်ရှားမှုပမာဏမရှိသူမှာ ၅၃ ရာခိုင်နှုန်း ရှိပြီး တစ်ပတ်လျှင် အားကစားလှုပ်ရှားမှု ပြုလုပ်ချိန် မိနစ် ၃၀ ပင်မပြည့်သူများ (၂၃ ရာခိုင်နှုန်း) ကိုမူ “အလွန်အမင်း အန္တရာယ်များသည့်အုပ်စု” အဖြစ် သတ်မှတ်ထားသည်။
စစ်တမ်းဖြေဆိုသူများ၏ အားကစားလှုပ်ရှားမှု ပြုလုပ်သည့် အဆင့်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့အကြား ဆက်စပ်မှုရှိနေပြီး ၎င်းအနက် “အလွန်အမင်း အန္တရာယ်များသည့်အုပ်စု” တွင် စွမ်းအင်ပိုမိုနည်းပါးခြင်း၊ စိတ်ခံစားချက် ပိုမိုမတည်ငြိမ်ခြင်း၊ အာရုံစူးစိုက်မှု ပိုမိုအားနည်းခြင်းနှင့် စိတ်ဖိစီးမှု ပိုမိုများပြားခြင်းတို့ ရှိနေကြောင်း စစ်တမ်းကောက်ယူမှုအရ တွေ့ရှိရသည်။
နေ့စဉ်ဘဝတွင် အဆင်ပြေလွယ်ကူမှုများကြောင့် စစ်တမ်းဖြေဆိုသူ ၆၄ ရာခိုင်နှုန်းမှာ မကြာခဏဆိုသလို တစ်နေ့တာလုံး လှုပ်ရှားမှုမရှိဘဲ နေထိုင်လေ့ရှိကြပြီး ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းကျော်မှာ ရက်ပေါင်း ၃ ရက် ဆက်တိုက် သို့မဟုတ် ထို့ထက်ပိုကြာသည်အထိ အိမ်အပြင်သို့ မထွက်ဘဲ နေနိုင်ကြကြောင်း စစ်တမ်းက ထောက်ပြထားသည်။
ထို့ပြင် ၁၅ မိနစ်ခန့် အားကစားလှုပ်ရှားမှု ပြုလုပ်ရုံဖြင့်ပင် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်း စစ်တမ်းက ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ် ပါမောက္ခ David Raichlen က ပုံမှန် အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း၊ ပမာဏအနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် ကာလတိုလှုပ်ရှားမှုက နေ့စဉ်ဘဝအတွင်း အားကစားလှုပ်ရှားမှုအား ပိုမိုပေါင်းစည်းလုပ်ဆောင်လာစေရန် လူများကို ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
调查显示:超半数成年人未达建议运动水平
新华社日内瓦9月30日电(记者单磊)世界田联官网9月30日发文称:一项调查显示,受访者平均每天有86%的清醒时间处于不活动状态,超过半数的受访成年人未达到建议运动水平。
上述结论来自体育品牌亚瑟士的一项调查,该调查覆盖31个国家和地区的34000人。其中未达到建议运动水平的人占比53%;每周运动时间不足30分钟的人(23%)被列为“濒危人群”。
调查发现,受访者的运动水平和精神状态之间存在关联,其中“濒危人群”精力更不足、情绪更不稳定、注意力更不集中、压力更大。
调查指出,日常生活的便利性使得64%的受访者经常一整天都不活动,超过40%的人可以连续3天或更久不出家门。
调查还显示,15分钟的运动就可以带来精神状态的提升。美国南加州大学教授大卫·雷克伦说,规律运动对身心健康至关重要,而少量、可实现的短时活动可以帮助人们将更多运动融入日常生活。(完)
图说1:2025年11月30日,参赛选手在比赛中。新华社记者 陈浩明 摄
图说2:9月27日,骑行爱好者在河北省石家庄环城绿道骑行。新华社发(梁子栋摄)








