
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန်-အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုသည် မူဝါဒ ပြေလည်ရေး ကြားခံဇုန် အကန့်အသတ်ရှိသော နိုင်ငံများနှင့် စွမ်းအင်ကို ပြည်ပမှ အဓိကတင်သွင်းနေရသည့် နိုင်ငံများကိုသာမက ဉာဏ်ရည်တု (AI) ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ထဲတွင် ပါဝင်နိုင်ခြင်း မရှိသေးသော၊ ဆက်စပ်နေသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများကို အပြည့်အဝ ခံစားရရှိရန် ရုန်းကန်နေရသည့် နိုင်ငံများအပေါ်လည်းကျရောက်မှုရှိနေပြီး ထိုအခြေအနေသည် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ပြောခွင့်ရပုဂ္ဂိုလ် Julie Kozack က အောက်တိုဘာ ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
အချို့သောနိုင်ငံများက ဉာဏ်ရည်တု (AI) ရင်းနှီးမြှုပ်နှံမှု အားကောင်းမှုမှ အကျိုးခံစားရရှိခြင်း မရှိသေးသလို တစ်ချိန်တည်းတွင် စွမ်းအင်ကြောင့် ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန် ခံစားရသည့်အပြင် မူဝါဒ ပြေလည်ရေး ကြားခံဇုန်မှာလည်း အကန့်အသတ်ရှိကြောင်း၊ “အဲဒီလို နိုင်ငံအများစုကတော့ ဝင်ငွေနည်းပြီး ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် အလွန် စိုးရိမ်ပူပန်စရာဖြစ်ပါတယ်” ဟု Julie Kozack က ထောက်ပြခဲ့သည်။
၎င်းအနက် အချို့နိုင်ငံများက IMF နှင့် ကူညီမှုအစီအစဉ်များ သဘောတူညီချက် ရရှိထားပြီးဖြစ်ကာ IMF ကလည်း ၎င်းတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Julie Kozack က ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ IMF အနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍအဖွဲ့များ ဆွေးနွေးညှိနှိုင်းမှုတွင် အပြုသဘောဆောင်သော သဘောတူညီချက်များ ရရှိခဲ့ခြင်းကို “များစွာကြိုဆို” ကြောင်း ဆိုခဲ့သည်။ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍအဖွဲ့များ ထိတွေ့ဆက်ဆံမှု ထိန်းသိမ်းထားခြင်းသည် ကမ္ဘာ့ကုန်သွယ်ရေးပတ်ဝန်းကျင်၏ မျှော်မှန်းနိုင်ခြေရှိမှုကို မြှင့်တင်ရန် အထောက်အကူပြုကြောင်း၊ IMF အနေဖြင့် အဆိုပါကဏ္ဍတိုးတက်မှုကို ဆက်လက်အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
IMF နှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ ၂၀၂၆ ခုနှစ် ဆောင်းဦးရာသီ နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်သည်။ ထိုအချိန်တွင် IMF က “ကမ္ဘာ့စီးပွားရေး မျှော်မှန်းချက် အစီရင်ခံစာ” အသစ်အား ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
IMF发言人:美伊战事对脆弱国家经济影响令人担忧
新华社华盛顿10月1日电(记者熊茂伶)国际货币基金组织(IMF)发言人朱莉·科扎克10月1日在例行新闻发布会上表示,美伊战事对世界经济产生影响,不仅波及政策缓冲空间有限的国家和能源净进口国,那些尚未融入人工智能(AI)供应链、难以充分享受相关增长红利的国家“尤其值得关注”,状况令人担忧。
科扎克指出,有一些国家未能从人工智能投资热潮中受益,同时又受到能源冲击的严重影响,而且政策缓冲空间有限。“这一类国家,其中大多数是低收入国家和脆弱国家,最令人担忧。”她补充道,其中一些国家已经与IMF达成了援助安排,IMF也正与其保持密切合作。
科扎克在回答新华社记者提问时说,IMF“非常欢迎”中美经贸团队磋商取得积极共识。她表示,中美经贸团队保持接触有助于增强全球贸易环境的可预测性。IMF将继续密切关注这一领域的进展。
国际货币基金组织与世界银行集团2026年秋季年会将于10月12日至18日在泰国曼谷举行。届时,IMF将发布新的《世界经济展望报告》。(完)
图说1:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄
图说2:这是7月8日在美国华盛顿拍摄的国际货币基金组织总部。新华社记者 李睿 摄








