
အစ္စလာမာဘတ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
“မက္ကာ ကာကွယ်ရေး မဟာမိတ်” ၏ မဟာဗျူဟာ နိုင်ငံရေးနှင့် ကာကွယ်ရေးကော်မတီသည် လာမည့်သီတင်းပတ်တွင် ဆော်ဒီအာရေဗျ မြို့တော် ရီယတ်တွင် အရေးပေါ် အစည်းအဝေး ကျင်းပမည်ဟု ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ishaq Dar က ပါကစ္စတန် မြို့တော် အစ္စလာမာဘတ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဆော်ဒီအာရေဗျ၊ တူကီယဲနှင့် ပါကစ္စတန် နိုင်ငံသုံးနိုင်ငံသည် ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုပြုလုပ်ရန် ဖြစ်နိုင်ခြေကို ဆွေးနွေးကြမည် ဖြစ်သည်။
ဤအကြံပြုချက်ကို အီရန်ဘက်မှ တင်ပြခဲ့ခြင်း ဖြစ်ပြီး အီရန်နိုင်ငံအနေဖြင့် ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းရန် မျှော်လင့်ကြောင်း Dar က ပြောကြားခဲ့သည်။ ဤအဆိုပြုချက်သည် တရားဝင်စာဖြင့် ရေးသားထားသည့် ပုံစံ မဟုတ်ဘဲ ၎င်းနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီတို့ကြား စကားဖြင့် သဘောတူညီချက်မျှသာ ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့ပြင် “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” ၏ အကြောင်းအရာများနှင့် ပါကစ္စတန်ဘက်က ထိုသဘောတူညီချက်ကို မည်သို့ လိုက်နာ ဆောင်ရွက်မည် တို့ကို အီရန်ဘက်သို့ အကြောင်းကြားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အနည်းဆုံး နိုင်ငံခြောက်နိုင်ငံက “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” တွင် ပါဝင်လိုကြောင်း Dar က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နိုင်ငံအမည်အတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးမီ အဖွဲ့ဝင် နိုင်ငံအသစ်များကို လက်ခံဦးမည် မဟုတ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ၊ တူကီယဲ နှင့် ပါကစ္စတန် နိုင်ငံသုံးနိုင်ငံသည် ဩဂုတ် ၇ ရက်က “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်အရ နိုင်ငံသုံးနိုင်ငံအနက် မည်သည့်နိုင်ငံတစ်နိုင်ငံအပေါ် လက်နက်ကိုင်တိုက်ခိုက်မှု ပြုလုပ်ခြင်းကို နိုင်ငံသုံးနိုင်ငံလုံးအပေါ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်သည်။ စက်တင်ဘာလ ၂၅ ရက်တွင် နိုင်ငံသုံးနိုင်ငံ၏ စစ်တပ်ခေါင်းဆောင်များက ရီယတ်မြို့တွင် တွေ့ဆုံ၍ ဆော်ဒီအာရေဗျအပေါ် ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ (Xinhua)
...............................
(Chinese Version)
沙土巴三国将会商与胡塞武装政治接触
新华社伊斯兰堡10月2日电(记者杨恺)巴基斯坦副总理兼外交部长达尔2日在巴首都伊斯兰堡举行的记者会上表示,“麦加防务联盟”战略政治与防务委员会将于下周在沙特阿拉伯首都利雅得召开紧急会议。沙特、土耳其和巴基斯坦三国将商讨与也门胡塞武装进行政治接触的可能性。
达尔表示,这一建议由伊朗方面提出,伊方希望此事尽快解决。他强调,这一提议并未形成正式书面文本,仅是他与伊朗外长阿拉格齐之间的口头约定。他还表示,已向伊方通报了《麦加共同防务协议》内容以及巴方将如何履行该协议。
达尔透露,有至少6个国家希望加入《麦加共同防务协议》,但他并未具名。他还补充说,在协议全面运作之前,不会接受新的成员国加入。
沙特、土耳其和巴基斯坦三国8月7日签署《麦加共同防务协议》。协议规定,对三国中任何一国的武装攻击将被视为对三国全体的攻击。9月25日,三国军方领导人在利雅得举行会晤,谴责胡塞武装对沙特的袭击。(完)
图说:8月7日,沙特阿拉伯王储兼首相穆罕默德(中)、土耳其总统埃尔多安(左)和巴基斯坦总理夏巴兹在沙特麦加签署协议后合影。新华社发(沙特通讯社供图)








