ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ် အရှေ့မြောက်ဘက်ရှိ King Khalid အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီး တိုက်ခိုက်ခံရသည့်နေရာ၌ မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ် အရှေ့မြောက်ဘက်ရှိ King Khalid အပြည်ပြည်ဆိုင်ရာ လေဆိပ် အနီး တိုက်ခိုက်ခံရသည့်နေရာ၌ မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံအနေဖြင့် ရေနံထောက်ပံ့မှုကို တည်ငြိမ်စေရန်နှင့် ရေနံစျေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ယန်ဘုဆိပ်ကမ်းရှိ ရေနံအဆောက်အဦများအား ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် စစ်သည်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

မက်ခရွန်သည် ပြင်သစ်ရုပ်မြင်သံကြားဌာန နှစ်ခု၏ ပူးတွဲအင်တာဗျူးကို လက်ခံဖြေကြားစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြင်သစ်အနေဖြင့် ဆော်ဒီနှင့်သက်ဆိုင်ရာ ဆွေးနွေးပွဲများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ရာ ပြင်သစ်နိုင်ငံဘက်မှ စစ်သည်များကို စေလွှတ်သွားမည်ဖြစ်ပြီး ရေဒါ၊ ကာကွယ်ရေးစနစ် စသည့် စစ်ရေးအင်အားများကိုလည်း တပ်ဆင်ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်းဒေသ၌ တပ်စွဲထားသော လေတပ်အင်အားကိုလည်း အခြေအနေ အပြောင်းအလဲပေါ်မူတည်၍ အင်အားရွှေ့ပြောင်း စေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ယန်ဘုရှိ ရေနံအဆောက်အဦများကို ကာကွယ်ရန်သာဖြစ်ပြီး သက်ဆိုင်ရာ ပဋိပက္ခတွင် ပါဝင်ပတ်သက်ရန် မဟုတ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

လတ်တလောတွင် ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ယီမင်အစိုးရစစ်တပ်အား ထောက်ခံသော ဆော်ဒီတို့အကြား ပဋိပက္ခများ ဆက်လက်တင်းမာလာခဲ့ရာ ယန်ဘုရှိ Saudi Aramco ရေနံကုမ္ပဏီ၏ စက်ရုံများကို ဟူသီလက်နက်ကိုင်အဖွဲ့မှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် မကြာမီက ဆော်ဒီအာရေဗျအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လာသည်နှင့်အမျှ ဆော်ဒီ၏ လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဟန့်တားရေးဒုံးကျည်များ ကုန်သလောက်နီးပါး ဖြစ်လာသောကြောင့် အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံ မဟာမိတ်များထံမှ အကူအညီ စတင်တောင်းခံနေပြီဖြစ်ကြောင်း  မီဒီယာအများအပြားက စက်တင်ဘာ ၁၉ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။ (Xinhua)

--------------------------

(Chinese Version)

马克龙称将派兵保护沙特延布石油设施

  新华社巴黎9月24日电(记者乔本孝)法国总统马克龙24日说,法国将派兵保护沙特阿拉伯西海岸延布港的石油设施免受也门胡塞武装袭击,以稳定石油供给、控制油价上涨。

  马克龙在接受两家法国电视台联合采访时说,法国已与沙特完成相关讨论,法方将派出士兵并部署雷达、防御系统等军事力量,同时视局势变化调动驻扎在中东地区的空军力量。他强调,此举是为了保护延布的石油设施,而不是参与相关冲突。

  近期,也门胡塞武装与支持政府军的沙特之间冲突持续升级,已多次袭击沙特阿美石油公司位于延布的设施。据多家媒体19日报道,随着胡塞武装近来加大对沙特的攻击,沙特防空拦截弹已经所剩无几,开始向中东地区和西方的盟友寻求援助。

图说  : 9月19日,位于沙特阿拉伯首都利雅得东北部的哈立德国王国际机场附近升起浓烟(手机照片)。新华社发