တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ဘဏ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ဘဏ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ဘဏ် (PBOC) က ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (HKMA) ၏ ဗဟိုငွေကြေးဈေးကွက်ဌာနမှတစ်ဆင့် ခြောက်လသက်တမ်းရှိသည့် ယွမ်ငွေကြေးဆိုင်ရာ ငွေချေးစာချုပ်များကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း HKMA က စက်တင်ဘာ ၂၁ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

HKMA ၏ ထုတ်ပြန်မှုအရ ခြောက်လသက်တမ်းရှိသည့် အဆိုပါငွေချေးစာချုပ်များသည် စုစုပေါင်း ယွမ် ၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၉၅ ဘီလီယံခန့်) တန်ဖိုးရှိမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အဆိုပါနေ့ရက်၌ပင် အတိုးပေးချေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါငွေချေးစာချုပ်များအတွက် လေလံတင်ရောင်းချခြင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ငွေပေးချေခြင်းနှင့် စာချုပ်လွှဲပြောင်းမှုကို စက်တင်ဘာလ ၂၈ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

....................................

(English version)

PBOC to issue 60 bln yuan of RMB bills in Hong Kong

HONG KONG, Sept. 21 (Xinhua) -- The Hong Kong Monetary Authority (HKMA) announced on Monday that the People's Bank of China (PBOC) will issue six-month Renminbi Bills through the HKMA's Central Moneymarkets Unit.

According to the HKMA, the six-month RMB bills, totaling 60 billion yuan (about 8.95 billion U.S. dollars), will mature and pay interest on March 29, 2027.

Tendering for the bills will take place on Sept. 23 this year, with settlement on Sept. 28. ■

Photo caption: This photo taken on Oct. 19, 2023 shows the People's Bank of China in Beijing, capital of China. (Xinhua/Peng Ziyang)