
ကိုင်ရို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အီရန်၊ ပါလက်စတိုင်း စသည့် ဒေသတွင်း အရေးကြီးကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းအား ထောက်ခံအားပေးကြောင်း အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီက ခရီးစဉ်ရောက်ရှိနေသည့် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ဥက္ကဋ္ဌ John Ratcliffe နှင့် စက်တင်ဘာ ၂၀ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးကို တွန်းအားပေးရန်၊ နိုင်ငံတကာ ပင်လယ်ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အာမခံပေးရန်အလို့ငှာ အီဂျစ်နိုင်ငံအနေဖြင့် ဘက်စုံသဘောတူညီချက် ရရှိရန်၊ အီရန်အကျပ်အတည်းအား ဖြေရှင်းရန် ရည်ရွယ်သည့် ကြိုးပမ်းမှုတို့ကို အစွမ်းကုန် ထောက်ခံအားပေးကြောင်း အယ်လ်-စီစီက တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်ဟု အီဂျစ်နိုင်ငံ သမ္မတရုံးက ထိုနေ့တွင် ထုတ်ပြန်သောကြေညာချက်အရ သိရသည်။ ဒေသတွင်းအကျပ်အတည်းကို နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ဖြေရှင်းသင့်သည်ဟုလည်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ဂါဇာဒေသ အခြေအနေနှင့်စပ်လျဉ်း၍ အယ်လ်-စီစီက အပစ်ရပ်မှုကို ခိုင်မြဲစေရန်၊ အရပ်သားပြည်သူများအား ကာကွယ်ပေးရန်၊ ပြည့်ဝသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခြင်းကို အာမခံပေးရန် လုပ်ဆောင်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
နိုင်ငံရေးဖြစ်စဉ် ပြန်လည်စတင်ရန်အတွက် အခြေအနေဖန်တီးပေးရန်၊ သက်ဆိုင်ရာ နိုင်ငံတကာ ဆုံးဖြတ်ချက်နှင့် “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” အခြေခံတွင် ပါလက်စတိုင်းအရေးအား တရားမျှတစွာ၊ ဘက်စုံဖြေရှင်းမှု ရရှိရေးကို တွန်းအားပေးရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
埃及总统:支持政治途径解决伊朗、巴勒斯坦问题
新华社开罗9月20日电(记者姚兵 徐皓夫)埃及总统塞西20日在会见到访的美国中央情报局局长拉特克利夫时表示,支持以政治途径解决伊朗、巴勒斯坦等地区热点问题。
根据埃及总统府当天发表的声明,塞西在会见中表示,埃及全力支持旨在达成全面协议、解决伊朗危机的努力,以推动恢复地区安全与稳定,保障国际航行自由。他强调,应通过政治和外交途径解决地区危机。
关于加沙局势,塞西强调,应巩固停火,保护平民,确保充足的人道主义援助畅通无阻地进入加沙地带。他还呼吁为重启政治进程创造条件,在有关国际决议和“两国方案”基础上,推动巴勒斯坦问题得到公正、全面解决。(完)
图说:2024年4月2日,在埃及新行政首都议会总部,现任总统塞西在就职仪式上讲话。新华社发(埃及总统府供图)








