နာဂိုယာ၊ ဂျပန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အိုက်ချိ နာဂိုယာ အာရှအားကစားပြိုင်ပွဲစီစဉ်ရေးကော်မတီသည် အမျိုးသား ဟော်ကီပြိုင်ပွဲ မစတင်မီ တောင်ကိုရီးယားနိုင်ငံတော်သီချင်းအစား မြောက်ကိုရီးယားနိုင်ငံတော်သီချင်းကို မှားယွင်းဖွင့်မိမှုနှင့် ပတ်သက်၍ တောင်ကိုရီးယား အားကစားကိုယ်စားလှယ်အဖွဲ့ထံ တရားဝင်တောင်းပန်ခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများ၏ စက်တင်ဘာ ၁၉ ရက် သတင်းများအရ သိရသည်။

ယခုအကြိမ် နိုင်ငံတော်သီချင်း မှားဖွင့်မှု ဖြစ်ရပ်သည် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပသော အမျိုးသား ဟော်ကီအုပ်စု A တောင်ကိုရီးယားအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့၏ ပွဲစဉ်မစတင်မီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲမစမီ အခမ်းအနားတွင် တောင်ကိုရီးယား အားကစားသမားများသည် မိမိတို့၏ နိုင်ငံတော်အလံကို မျက်နှာမူကာ နိုင်ငံတော်သီချင်းကို စောင့်ဆိုင်းနေစဉ်တွင် မြောက်ကိုရီးယား နိုင်ငံတော်သီချင်းကို ဖွင့်မိခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားမီဒီယာ “နေ့စဉ်စီးပွားရေးသတင်း” က စက်တင်ဘာ ၁၉ ရက်တွင် တောင်ကိုရီးယားအားကစားအဖွဲ့ချုပ် ထုတ်ပြန်သော သတင်းအချက်အလက်ကို ကိုးကား၍ ထိုဖြစ်ရပ်ဖြစ်ပွားသည့် ည ၉ နာရီဝန်းကျင်တွင် အာရှအားကစားပြိုင်ပွဲစီစဉ်ရေးကော်မတီ၏ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံနှင့် ဒေသများဆိုင်ရာ တာဝန်ခံ အပါအဝင် တာဝန်ရှိသူ နှစ်ဦးသည် တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ရုံးသို့ လာရောက်ကာ နိုင်ငံတော်သီချင်း မှားယွင်းစွာဖွင့်မိမှုအတွက် တောင်းပန်ကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာန၏ ဖော်ပြချက်အရ ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် တောင်ကိုရီးယားအားကစားအဖွဲ့ချုပ်သည် ချက်ချင်း တုံ့ပြန်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး တောင်ကိုရီးယား အားကစားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၏ အမည်ဖြင့် အာရှအားကစားပြိုင်ပွဲစီစဉ်ရေးကော်မတီထံ တရားဝင် ကန့်ကွက်စာတစ်စောင် ပေးပို့ကာ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ရှင်းလင်းချက်၊ တရားဝင်တောင်းပန်မှုနှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ချက်များတို့ကို တောင်းဆိုခဲ့သည်။ တောင်ကိုရီးယားအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Ryu Seung-min က နိုင်ငံတော်သီချင်းသည် နိုင်ငံ၏ သင်္ကေတဖြစ်ပြီး နိုင်ငံတကာ ဘက်စုံ အားကစားပြိုင်ပွဲများတွင် ဤကဲ့သို့သော အမှားမျိုး မဖြစ်ပွားသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

........................

(Chinese Version)

亚运会|亚组委就错播国歌向韩国代表团致歉

新华社日本名古屋9月19日电(记者王海洲)据韩国媒体19日报道,爱知·名古屋亚运会组委会已就男子曲棍球比赛赛前误将韩国国歌播放为朝鲜国歌一事,向韩国体育代表团正式致歉。

这次错播国歌事件发生在18日的男子曲棍球A组韩国队对阵孟加拉国队的比赛前。赛前仪式上,韩国运动员面向本国国旗等待国歌奏响时,现场却播放了朝鲜国歌。

韩国媒体《每日经济新闻》19日援引大韩体育会公布的信息,事发当晚9时左右,亚组委负责参赛国家和地区事务的主管等两名负责人到访韩国代表团办公室,就国歌播放失误表达歉意。

据韩联社报道,事件发生后,大韩体育会立即商讨应对措施,并以韩国体育代表团团长的名义向亚组委发出正式抗议函,要求说明事件经过、正式道歉,并采取措施防止类似事件再次发生。大韩体育会会长柳承敏表示,国歌是国家象征,国际综合性运动会上不应发生此类失误。