မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားတွေ့ရစဥ် (ဓာတ်ပုံ-MWD)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားတွေ့ရစဥ် (ဓာတ်ပုံ-MWD)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ၏ ညဘက်သုံးစွဲမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား လျှော့ချပေးလိုက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (သြဂုတ် ၁၇ ရက်)ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စက်မှုလုပ်ငန်းများအနေဖြင့် နေ့စဉ် ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ယူနစ်လျှင် ကျပ် ၆၀၀ ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုခွင့် ပြုမည်ဖြစ်ကြောင်း၊ ယခင် ဈေးနှုန်းဖြစ်သည့် တစ်ယူနစ်လျှင် ကျပ် ၉၀၀ မှ ကျပ် ၆၀၀ သို့ လျှော့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လျှော့ချပေးသည့်အစီအစဥ်သည် နေ့အချိန်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိအသုံးပြုနိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်မှုကို တိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချပေးရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။

ပြည်သူများနှင့် စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားမပြတ်ရရှိရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ (Xinhua)