နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
“ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” “Global Action for A Cooler Planet” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် လူငယ်စင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် အခြား တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။ (Xinhua)








