နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့် ၇ လအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဥ် ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားခဲ့ပြီး အဆိုပါ ကာလအတွင်း ရန်ကုန်၊ ကော့သာင်း၊ ရနောင်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ အများဆုံးတင်ပို့နေကြောင်း၊ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့် ကာလပြီးဆုံးခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းအစာစက်ရုံများက ပြောင်းကို အဝယ်လိုက်လာသဖြင့် ပြည်တွင်းစျေးကွက်တွင် ပြောင်းစျေးနှုန်း အမြင့်ပိုင်းတွင် ရှိနေကြောင်း သိရသည်။ (Xinhua)
#ပြောင်းတင်ပို့မှု #မြန်မာ့ပြောင်း #ထိုင်းနိုင်ငံ #ဖိလစ်ပိုင်








