၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဥ်(ဓာတ်ပုံ-MWD)
၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဥ်(ဓာတ်ပုံ-MWD)

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၊ အအိချိ-နာဂိုယာမြို့ (Aichi-Nagoya) ၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၅ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ အားကစားသမား ၆၀ စေလွှတ်မည်ဖြစ်ကြောင်း အားကစားရေးရာဝန်ကြီးဌာနက တာဝန်ရှိသူက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

မြန်မာအားကစားအဖွဲ့၌ အားကစားသမား ၆၀၊ အသင်းခေါင်းဆောင် ၁ ဦး၊ နည်းပြနှင့် အုပ်ချုပ်သူ ၂၃ ဦး ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အီလက်ထရောနစ်အားကစား (esports)၊ အမျိုးသမီးဘောလုံး၊ ပိုက်ကျော်ခြင်း၊ တက်ခ်ဘော (teqball) နှင့် ကျွမ်းဘားအားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အီလက်ထရောနစ်အားကစား၊ ပိုက်ကျော်ခြင်းနှင့် တက်ခ်ဘော အားကစားနည်းတို့မှ ဆုတံဆိပ်များ ရရှိရန် မျှော်လင့်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အအိချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)