
နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၅ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်း တန် ၁၃၀,၄၁၁ ကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၅ သန်းကျော် ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ရေထွက်ပစ္စည်းများကို မြန်မာနိုင်ငံမှ နိုင်ငံပေါင်း ၄၀ ကို တင်ပို့နေပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့အပြင် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများကို အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများကို ရေထွက်ပစ္စည်း တန်ချိန် ၄၆,၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိခဲ့ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ၏ ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရေးနှင့် နိုင်ငံတကာစျေးကွက် စံချိန်စံညွှန်းမီ အရည်အသွေးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)








