
ရန်ကုန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင်လ၌ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော် ရောင်းချပေးခဲ့ကြောင်း နိုင်ငံပိုင် Myanmar Digital News သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါ နိုင်ငံခြားငွေကြေးများကို ပို့ကုန်များမှတစ်ဆင့် နိုင်ငံခြားငွေရရှိသည့် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းများဖြစ်သော cut-make-pack (CMP) ကုမ္ပဏီများထံမှ ဝယ်ယူကာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားငွေကြေးဈေးကွက်၌ မတည်မငြိမ်ဖြစ်မှုကို တားဆီးရန်၊ ငွေကြေးတန်ဖိုးလျော့ကျမှုကို ကိုင်တွယ်ရန်နှင့် ဈေးကွက်တည်ငြိမ်အောင် ထိန်းသိမ်းရန်အတွက် ရည်ရွယ်၍ ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Myanmar's central bank injects over 64 mln USD into forex market in July
YANGON, Aug. 5 (Xinhua) -- The Central Bank of Myanmar has injected over 64 million U.S. dollars into the country's foreign exchange market in July, according to the state-owned media Myanmar Digital News.
The foreign currency was injected into the market after being purchased from cut-make-pack (CMP) companies, which are mainly garment manufacturers that earn foreign exchange through exports.
The move is aimed at curbing instability in the foreign exchange market, addressing currency depreciation, and maintaining market stability, it added.
Photo: A clerk counts U.S. dollar banknotes at a foreign currency exchange counter in Yangon, Myanmar, Aug. 16, 2018. (Xinhua/U Aung)








