
ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် ခရီးစဉ်ရောက်လာသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဇူလိုင် ၂၈ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးက ဆွေးနွေးပွဲသည် အားတက်ဖွယ် အောင်မြင်ထိရောက်သည့် ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်နှင့် အီရန် စစ်ရေးအပြန်အလှန်အားပြိုင်မှုများ တစ်ဖန်ပြန်လည်စတင်ခဲ့ရာ နှစ်ဖက်အကြား ရက်အနည်းငယ်ကြာ တင်းမာမှုပြေလျော့လာသည့်အခြေအနေမှာ ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိသည်။
သုံးသပ်သူများက လက်ရှိတွင် အမေရိကန်နှင့် အီရန်အကြား အပြန်အလှန် ယုံကြည်မှု လုံးဝကင်းမဲ့နေပြီး နှစ်ဖက်အနေဖြင့် “မိမိတွင် အားသာချက်” ရှိသည်ဟု ကိုယ်စီယူဆနေကြကြောင်း၊ အစ္စရေးကမူ အခွင့်အရေးစောင့်၍ လက်ဦးမှုရယူနိုင်ကြောင်း ယူဆကြသည်။ ထိုအခြေအနေမျိုးတွင် အမေရိကန်၊ အစ္စရေး၊ အီရန် သုံးနိုင်ငံစလုံးက အားပြိုင်မှုအသစ် စတင်လျက်ရှိပုံရပြီး ၎င်းသုံးနိုင်ငံ၏ တစ်ဖန်ပြန်လည် ထိပ်တိုက်ရင်ဆိုင်မှုက အရှေ့အလယ်ပိုင်းအခြေအနေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ကာ ဒေသတွင်း ပဋိပက္ခအရှိန် ထပ်မံအဆင့်မြင့်တက်ခြင်း မရှိလာနိုင်ဟု ပြောရခက်ကြောင်း ၎င်းတို့က ယူဆကြသည်။
အမေရိကန်-အစ္စရေး တံခါးပိတ်ဆွေးနွေး၍ “အရှိန်ယူနေခြင်း”
ယခုအကြိမ် အမေရိကန်-အစ္စရေး အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုကို အတော်အတန် တိတ်တဆိတ် စီစဉ်ထားခြင်းဖြစ်သည်။ နေတန်ယာဟုသည် ဇူလိုင် ၂၈ ရက်တွင် အိမ်ဖြူတော် အနောက်ဘက်ခြမ်း တံခါးပေါက်မှ ဝင်ရောက်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲမှာ တစ်နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး သတင်းမီဒီယာများအတွက် အသိပေးဖွင့်လှစ်ပေးထားခြင်း မရှိကြောင်း အမေရိကန် သတင်းမီဒီယာများက ဖော်ပြထားသည်။
ထိုမတိုင်မီက အိမ်ဖြူတော်က ထုတ်ပြန်သည့် သတင်းများအရ ထရမ့်နှင့် နေတန်ယာဟုတို့ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာတွင် အီရန်စစ်ပွဲ၊ အစ္စရေးနှင့် အာရပ်နိုင်ငံများ ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းရေးနှင့်စပ်လျဉ်းသည့် “အေဘရာဟမ် သဘောတူညီချက်”၊ အမေရိကန်၊ အစ္စရေးနှင့် လက်ဘနွန်တို့ ယင်းမတိုင်မီ သဘောတူညီထားသည့် သုံးနိုင်ငံမူဘောင်သဘောတူညီချက် တိုးတက်မှုတို့ ပါဝင်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်ဖက်စလုံးက အပြုသဘောဆောင်သည့် သုံးသပ်ပြောဆိုချက်များ ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းမှာ “အလွန်ကောင်းမွန်သည့် တွေ့ဆုံမှု” ဖြစ်ကြောင်း၊ “အရေးကြီး အကြောင်းအရာများစွာကို ဆွေးနွေးခဲ့ကြောင်း” ထရမ့်က ပို့စ်တင်၍ပြောကြားခဲ့သည်။ နေတန်ယာဟုကလည်း မီဒီယာများကို ယင်းမှာ “ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ထောက်ခံအားပေးမှုရှိသည့် ဆွေးနွေးပွဲ” ဖြစ်ကြောင်း၊ “အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်၍မရ” ဟူသော ဤဘုံရည်မှန်းချက်ကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
အေပီသတင်းဌာနက အစ္စရေးအစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရာတွင် နေတန်ယာဟုက ဆွေးနွေးပွဲအတွင်း အရှေ့အလယ်ပိုင်း အခြေအနေအပေါ် ထရမ့်၏ အကဲဖြတ်ဆုံးဖြတ်ချက်ချမှုအပေါ် ယုံကြည်ကြောင်း၊ အမေရိကန်ဘက်တွင် “ကိုယ်ပိုင် အချိန်ဇယားနှင့် ထည့်သွင်းချိန်ဆမှုများ” ရှိသည်ကို နားလည်ကြောင်း၊ အမေရိကန်နှင့် သက်ဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်များကို ဆက်လက် မျှဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၏ အချိန်အခါမှာ “သိမ်မွေ့နက်နဲ” လျက်ရှိသည်။ လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း ထရမ့်နှင့် နေတန်ယာဟုတို့၏ သဘောထားကွဲလွဲမှုများမှာ နေ့စဉ်နှင့်အမျှ လူသိရှင်ကြား ဖြစ်လာခဲ့ပြီး နေတန်ယာဟုအနေဖြင့် ဤတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ထရမ့်နှင့် “ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်” နှင့် အီရန်ဆိုင်ရာ မူဝါဒများတွင် ညှိနှိုင်းဆောင်ရွက်မှုကို အားကောင်းစေရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း Israel Hayom စသည့် အစ္စရေး မီဒီယာများကမူ အစ္စရေးမှာ အီရန်အရေးကိစ္စတွင် “ဘေးဖယ်ခံထားရပြီ” ဖြစ်ကြောင်း၊ ထရမ့်အစိုးရအဖွဲ့အနေဖြင့် “စစ်ပွဲ၏ ဦးတည်ချက်ကို အဓိက လမ်းညွှန်သူ” မှာ အမေရိကန်သာလျှင်ဖြစ်ကြောင်း အစ္စရေးဘက်သို့ ပြသနေခြင်းဖြစ်သည်ဟု ယူဆကြသည်။
အချို့သုံးသပ်သူများကလည်း နေတန်ယာဟုသည် ယခုအကြိမ်ခရီးစဉ်ကို အသုံးချ၍ အီရန်အရေးတွင် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ထပ်မံ သက်ရောက်မှုရှိစေရန် ကြိုးပမ်းလိုခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mohammad Javad Zarif က သမိုင်းမှတ်တမ်းကို အခြေခံမည်ဆိုလျှင် နေတန်ယာဟုသည် ဒေသတွင်း ရန်လိုလှုပ်ရှားမှုများ အဆုံးသတ်ရန် ကြိုးပမ်းမှု မှန်သမျှကို နှောင့်ယှက်ရန် ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အသုံးချလိမ့်မည်ဟု အပြင်လောကအနေဖြင့် ခန့်မှန်းရန် လုံလောက်သည့် အကြောင်းပြချက်ရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-အီရန် စစ်မက်မီးလျှံ ပြန်လည်တောက်လောင်ပြီလော
အမေရိကန်နှင့် အစ္စရေးတို့က သဘောထားရပ်တည်ချက်များကို ညှိနှိုင်းနေကြချိန်တွင် အမေရိကန်-အီရန် စစ်မီးများ ပြန်လည် တောက်လောင်လာခဲ့သည်။ အီရန်သည် ဇူလိုင် ၂၉ ရက် နံနက်အစောပိုင်းတွင် ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းနှင့် ကွပ်ကဲရေးဗဟိုဌာနတို့အပေါ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယခုအကြိမ်တိုက်ခိုက်မှုသည် အမေရိကန်စစ်တပ်၏ “တိုက်ခိုက်မှု လှုပ်ရှားချက်များ” ကို တုံ့ပြန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဂျော်ဒန်ဘက်ကမူ အီရန်ဘက်မှ ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပြောဆိုကြသည်။
ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက် ညပိုင်းမှ ၂၉ ရက် နံနက်အစောပိုင်းအထိ ဆော်ဒီအာရေဗျနှင့် အီရတ်တို့တွင်လည်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ပထမဦးစွာ ဆော်ဒီအာရေဗျက ၎င်းနိုင်ငံအတွင်းရှိ ရေနံအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်မှုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နာရီအနည်းငယ်အကြာတွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အမေရိကန်နှင့် ဆော်ဒီအာရေဗျစစ်တပ်တို့က လွန်ခဲ့သည့် ၇၂ နာရီအတွင်း အီရန်က နောက်ကွယ်မှ တွန်းအားပေး စီစဉ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ကို တုံ့ပြန်သည့်အနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ “အကြမ်းဖက်သမားများ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် လက်နက်ခဲယမ်း စခန်းများ” နေရာအများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် အီရတ်ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ “ပြည်သူ့စုစည်းလှုပ်ရှားရေးအဖွဲ့ (PMF)” က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ၌ အီရတ်နိုင်ငံ နေရာအများအပြားရှိ ၎င်းတို့၏ အခြေစိုက်စခန်းများ ယင်းနေ့ နံနက်ပိုင်းက အမေရိကန်နှင့် ဆော်ဒီအာရေဗျစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အခြား အီရတ်ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ “အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ (IRI) ” က ဆော်ဒီအာရေဗျကို တိုက်ခိုက်မှုတွင် မပါဝင်ခဲ့ကြောင်းနှင့် ဆော်ဒီအာရေဗျ၏ ပြောဆိုချက်များမှာ “လုပ်ကြံဖန်တီးခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်သတင်းအရင်းအမြစ်ကလည်း အီရန်ဘက်က ဆော်ဒီအာရေဗျ နယ်မြေအတွင်းရှိ ပစ်မှတ်များတိုက်ခိုက်ခံရခြင်းနှင့်သက်ဆိုင်မှုမရှိကြောင်း ပြောဆိုထားသည်။
ထို့အပြင် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ရေတပ်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘော သုံးစင်းကို ဟန့်တားခဲ့ကြောင်း၊ ယင်းရေနံတင်သင်္ဘောများကို တိုက်ခိုက်ရခြင်းမှာ ၎င်းတို့က အကြိမ်ကြိမ်သတိပေးချက်များကို မျက်ကွယ်ပြု၍ “မလုံခြုံမှုနှင့် တရားမဝင်သော လမ်းကြောင်း” အတိုင်း ဆက်လက် ခုတ်မောင်းနေခြင်းကြောင့် ဖြစ်ကြောင်း အီရန်မီဒီယာက ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြထားသည်။ ယီမင် ဟူသီလက်နက်ကိုင်များကလည်း ဘက် အယ်လ်-မန်ဒက် (Bab al-Mandab) ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် ဆော်ဒီအာရဗျရေနံတင်သင်္ဘောတစ်စင်းကို ဟန့်တားခဲ့ကြောင်း ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
သုံးသပ်သူများက အမေရိကန်အနေဖြင့် အီရန်နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု ပြန်လည်စတင်ခြင်း မရှိသေးစေကာမူ အရှေ့အလယ်ပိုင်း နေရာအများအပြားတွင် ပဋိပက္ခများ တစ်ဖန်ပြန်လည် ဖြစ်ပွားနေပြီး ပဋိပက္ခအတွင်း၌ ပါဝင်ပတ်သက်လာသည့်အင်အားစုများမှာလည်း အဆက်မပြတ် များလာကြောင်း၊ ဘက်အသီးသီးက ဟော်မုဇ်ရေလက်ကြားနှင့် ဘက် အယ်လ်-မန်ဒက်ရေလက်ကြား ဟူသော အချက်အချာ ရေကြောင်းလမ်းနှစ်ခုကို အဓိကထားသည့် အားပြိုင်မှုများ ပို၍ပြင်းထန်လာရာ အခြေအနေ၏ လားရာ မရေမရာ ဖြစ်လျက်ရှိကြောင်း ထောက်ပြကြသည်။

“စစ်ပွဲနှင့် ဆွေးနွေးပွဲ” ဘေးကျပ်နံကျပ် အကျပ်အတည်း ဖြေရှင်းရခက်နေ
သုံးသပ်သူများက ယခုအပိုင်းအခြားတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန် သုံးနိုင်ငံစလုံးက ကိုယ်ပိုင် တောင်းဆိုချက်များရှိနေကြပြီး ရေတိုအတွင်း အခြေအနေမှာ “စစ်ပွဲနှင့် ဆွေးနွေးပွဲ အလှည့်ကျလုပ်ဆောင်ခြင်း” ပုံစံဖြင့် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကာ ပဋိပက္ခ ပျံ့နှံ့ကြီးထွားလာနိုင်သည့် အန္တရာယ်မှာလည်း မသေးလှကြောင်း ယူဆကြသည်။
အမေရိကန်အတွက်ဆိုလျှင် အီရန်ကို စစ်ရေးအရ ဆက်လက် တိုက်ခိုက်ခြင်းသည် “အကောင်းဆုံးနည်းလမ်း” မဟုတ်ချေ။ တစ်ဖက်တွင် အမေရိကန်စစ်တပ်၏ လက်နက်ခဲယမ်းကုန်ဆုံးမှုက ဆိုးရွားလှပေသည်။ အမေရိကန် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိများသည် လေကြောင်းရန်ကာကွယ်ရေးနှင့် ကြားဖြတ်ဟန့်တားရေးဒုံးကျည် သိုလှောင်ထားသည့် လက်ကျန်ပမာဏ လျင်မြန်စွာ ကျဆင်းလာမှုအတွက် စိုးရိမ်ပူပန်နေကြရသည်။ အခြားတစ်ဖက်တွင်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထရမ့်အစိုးရအဖွဲ့သည် ပြည်တွင်း၌ ဖိအားများ ပိုမိုခံလာရပြီး ရီပက်ဘလစ်ကန်ပါတီ၏ ရွေးကောက်ပွဲ အခြေအနေကို ပို၍ ထိခိုက်မှု ရှိစေသည်။
အမေရိကန် Think Tank အဖွဲ့ဖြစ်သော အတ္တလန္တိတ်ကောင်စီ၏ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Harlan K. Ullman က အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲသည် အမေရိကန်နိုင်ငံကို ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကုန်ကျစေခဲ့ရုံသာမက စွမ်းအင်ဈေးနှုန်းများ အတက်အကျ ပြင်းထန်စွာ ဖြစ်ပေါ်မှုက ပြည်တွင်း စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုဘဝများကို အဆက်မပြတ် ရိုက်ခတ်နေကြောင်း ထောက်ပြခဲ့သည်။ အမေရိကန်နိုင်ငံအတွက် ဆိုလျှင် လက်ရှိတွင် လိမ္မာပါးနပ်မှုအရှိဆုံးလုပ်ဆောင်ချက်မှာ အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အီရန်သည် လက်ရှိတွင်လည်း မဟာဗျူဟာကြံ့ကြံ့ခံနိုင်စွမ်းကို ပြသနေဆဲဖြစ်သည်။ ဗြိတိန် The Guardian သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် အီရန်နိုင်ငံသည် ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဖြစ်ပြီး ဒေသတွင်း လုံခြုံရေးနှင့် ရေကြောင်းသွားလာမှုတို့အပေါ် သက်ရောက်အောင် ဆက်လက်ပြုလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း ထောက်ပြထားသည်။
အီရန် နိုင်ငံရေးသုံးသပ်သူ Setareh Sadeqi က အနာဂတ်အခြေအနေက လားရာနှစ်မျိုး ဖြစ်နိုင်သည်ဟု ယူဆသည်။ ပထမတစ်မျိုးမှာ အီရန်-အမေရိကန် သဘောတူညီချက် မရရှိဘဲ ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားခြင်း၊ ဒုတိယတစ်မျိုးမှာ အမေရိကန်-အီရန် ပြန်လည်ဆွေးနွေးပြီး ပဋိပက္ခအရှိန်ပြေလျော့ရေးကို မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အီရန်တွင် အတိုင်းအတာတစ်ခုအထိ မဟာဗျူဟာကျသည့် အပေးအယူကို လက်ကိုင်ထားကြောင်း ၎င်းက ဆိုသည်။
အစ္စရေးတွင်မူ မသေချာမရေရာသည့်အကြောင်းရင်းများ ရှိနေဆဲဖြစ်သည်။ အမေရိကန်က ယခုကာလများတွင် ၎င်းအပေါ် စည်းနှောင်မှုများ တိုးမြှင့်နေစေကာမူ အစ္စရေးက အီရန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များအပေါ် စစ်ရေးတိုက်ခိုက်ခြင်းကို ထိန်းထားရုံသာမက တိုးချဲ့ရန် ကြိးပမ်းလိုမှုက လျော့နည်းသွားခြင်း မရှိချေ။ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က အစ္စရေးအနေဖြင့် “အီရန်၏ စွမ်းအင်ပစ်မှတ်များကို တိုက်ခိုက်ရန် အလွန်ဆန္ဒရှိကြောင်း” ပြောကြားခဲ့ဖူးသည်။
သုံးသပ်သူများက အစ္စရေး လွှတ်တော်ရွေးကောက်ပွဲ ရောက်လာတော့မည့်အချိန်နီးကပ်လာသည်နှင့်အမျှ “စစ်ပွဲနှင့် နိုင်ငံရေးကို ထောက်ကူပေး” လေ့ရှိသည့် နေတန်ယာဟုသည် အခြေအနေအရှိန်အဟုန်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုသည့် ပြင်းပြသော ဆန္ဒရှိနေကြောင်း၊ အစ္စရေး တစ်ဖန် “သတ်ကွင်းထဲ ပြန်ဆင်း” လာလျှင် ပဋိပက္ခ၏ လားရာမှာ ပို၍ မသေချာမရေရာဖြစ်လိမ့်မည် ဖြစ်ကြောင်း သုံးသပ်ကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国际观察丨这边谈罢那边打,美以伊渐入新博弈
新华社北京7月29日电 题:这边谈罢那边打,美以伊渐入新博弈
新华社记者
美国总统特朗普28日在白宫同到访的以色列总理内塔尼亚胡会晤,双方称会晤积极有成效。同日,美伊在中东地区再度上演军事交锋,双方数日的缓和局面承压。
分析人士认为,目前美伊互信全无,双方又各自认为“优势在我”,以色列则可能伺机出手。在此背景下,美以伊三方似乎正在进入新博弈,三方的再次交锋或令中东局势进一步复杂化,地区冲突难言不会再升级。
美以闭门“酝酿”
此次美以领导人会晤安排相对低调。美国媒体报道说,内塔尼亚胡28日从白宫西翼侧门进入,会晤持续近一个半小时,不对媒体开放。
据白宫此前发布的消息,特朗普与内塔尼亚胡会晤的议题包括伊朗战事、有关以色列与阿拉伯国家关系正常化的“亚伯拉罕协议”以及美以和黎巴嫩先前达成的三方框架协议进展。
会晤后双方均释放积极评价。特朗普发文称,这是一次“非常好的会面”,“讨论了许多重要议题”。内塔尼亚胡对媒体说,这是一次“全面合作、相互支持的对话”,双方确认“伊朗不能拥有核武器”这一共同目标。
美联社援引以方官员的话报道,内塔尼亚胡在会晤中表示,相信特朗普对中东局势的判断,理解美方有“自己的时间表和考量”,将继续与美方共享相关情报。
此次会晤时机“微妙”。过去数周,特朗普与内塔尼亚胡分歧日渐公开,内塔尼亚胡希望通过会晤与特朗普“修复关系”,并在对伊朗政策上加强协调。不过,《今日以色列报》等以媒认为,以色列在伊朗问题上“已被边缘化”,特朗普政府正向以色列表明,美国才是“战事走向的主导者”。
也有分析指出,内塔尼亚胡试图借此访再度影响美方在伊朗问题上的决策。伊朗前外长扎里夫表示,基于历史记录,外界有充分理由推测内塔尼亚胡会利用此次会晤来阻挠任何旨在结束地区敌对行动的努力。
美伊重燃战火?
就在美以协调立场之际,美伊战火再起。伊朗29日凌晨对约旦境内一处美国空军基地和指挥中心发动导弹袭击。伊朗伊斯兰革命卫队称,此次打击意在回应美军的“攻击性行为”。美国和约旦方面则声称拦截了伊方导弹。
当地时间28日夜至29日清晨,沙特和伊拉克也发生袭击事件。先是沙特声称拦截了针对该国石油基础设施的无人机攻击。数小时后,美军中央司令部称,美国与沙特军队打击了伊拉克境内多处“恐怖分子的后勤和武器据点”,以回应伊朗过去72小时策动30余起无人机袭击。
与伊朗关系密切的伊拉克民兵武装“人民动员组织”29日发表声明说,该组织位于伊拉克多地的基地当天清晨遭美国和沙特军队袭击,至少20人死亡、32人受伤。另一伊拉克民兵武装“伊斯兰抵抗组织”否认参与袭击沙特行动,称沙特的说法是“捏造的”。伊朗消息人士也否认伊方与沙特境内目标遭袭有关。
此外,伊朗媒体29日报道,伊朗伊斯兰革命卫队海军称在霍尔木兹海峡拦截了三艘油轮,袭击这些油轮是因为它们无视多次警告继续沿“不安全和非法路线”航行。也门胡塞武装28日称拦截了一艘试图通过曼德海峡的沙特油轮。
分析人士指出,尽管美国尚未重启对伊朗境内目标的空袭,但中东多地再度爆发冲突,且卷入冲突的力量持续增多。各方围绕霍尔木兹海峡、曼德海峡两大关键航道的博弈愈演愈烈,局势走向不明。
“打谈”僵局难解
分析人士认为,现阶段美以伊三方各有诉求,短期内局面仍将“打谈交替”,升级外溢风险不小。
对美国而言,持续对伊军事打击并非“上策”。一方面,美军弹药消耗严重,按美国媒体说法军方高层正在发愁防空拦截弹库存的迅速下降;另一方面,战事持续令特朗普政府在国内承压加剧,进一步影响共和党选情。
美国智库大西洋理事会高级顾问哈伦·乌尔曼指出,对伊战事已耗费美国数百亿美元,且能源价格剧烈波动不断冲击国内经济民生。对美国来说,目前较明智的做法是恢复美伊谈判。
伊朗当前依然展现出战略韧性。英国《卫报》文章指出,伊朗仍具备使用无人机和弹道导弹进行反击的能力,并能继续对地区安全和航运施加影响。
伊朗政治评论员萨阿杜拉·扎雷伊认为,未来局势可能有两种走向。一是伊美达不成协议,冲突延续,伊朗继续管控霍尔木兹海峡;二是美伊恢复谈判,推动冲突降级。无论哪种情形,伊朗均握有一定战略筹码。
以色列仍是不确定因素。尽管美国近期对其加强约束,以色列谋求维持甚至扩大对伊朗及其地区盟友军事打击的意图并未削减。以国防部长卡茨就曾表示,以方“非常希望攻击伊朗的能源目标”。
分析人士判断,伴随以色列议会选举临近,习惯于“以战养政”的内塔尼亚胡有趁势出击的强烈动机。一旦以色列再度“下场”,冲突的走向将更不确定。
1. 2025年9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者胡友松摄
2. 也门胡塞武装2026年7月13日指责沙特对胡塞武装控制的也门首都萨那国际机场发动多次空袭。图为当天萨那国际机场遭到空袭。新华社发(胡塞媒体中心供图)
3. 这是2026年6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄








