အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော်သည် အစောဆုံး လာမည့်သီတင်းပတ်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth အား ဆန္ဒမဲပေး၍ စွဲချက်တင်နိုင်ခြေရှိကြောင်း အမေရိကန် CNN သတင်းဌာနက နိုဝင်ဘာ ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

သတင်းတွင် ကင်တပ်ကီပြည်နယ် ရီပက်ဘလစ်ကန်ပါတီ ဖက်ဒရယ် အောက်လွှတ်တော်အမတ် Thomas Massie ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းအနေဖြင့် လွှတ်တော်က လာမည့်သီတင်းပတ်တွင် အစည်းအဝေး ပြန်လည်ကျင်းပပြီးနောက် Pete Hegseth အား စွဲချက်တင်မှုအတွက် ဆန္ဒမဲပေးရန် တွန်းအားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သတင်းတွင် ရီပက်ဘလစ်ကန်ပါတီ သတင်းအရင်းအမြစ်များစွာ၏ ပြောကြားချက်ကို ကိုးကား၍ မဲပေးမှုသည် အတည်ပြုနိုင်မည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားကြောင်း ဆိုထားသည်။

ရီပက်ဘလစ်ကန်ပါတီက သက်တမ်းဝက်ရွေးကောက်ပွဲအတွင်း “သမိုင်းဝင်အရေးနိမ့်မှု” ကြုံတွေ့ခဲ့ရခြင်းက ၎င်းပါတီလွှတ်တော်အမတ်များကို အံ့အားသင့်တုန်လှုပ်စေကြောင်း၊ “သူတို့က ရွေးကောက်ပွဲရလဒ်ရဲ့ တာဝန်ကို Pete Hegseth အပေါ် ပုံချဖို့ အလျင်အမြန် လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်” ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

အီရန်စစ်ပွဲက ရီပက်ဘလစ်ကန်ပါတီ ကြားဖြတ်ရွေးကောက်ပွဲ၌ အရေးနိမ့်မှုအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိသည်ကို ထရမ့်က ဝန်ခံခဲ့သည်။ ထိုနေ့အစောပိုင်းတွင် အမေရိကန် CBS သတင်းဌာနက သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ ရီပက်ဘလစ်ကန်ပါတီက ရွေးကောက်ပွဲတွင် အရေးနိမ့်ပြီးနောက် ထရမ့်က Pete Hegseth သည် ဆက်လက် တာဝန်ထမ်းဆောင်သင့်၊ မသင့်အား အကြံပေးပုဂ္ဂိုလ်ကို မေးမြန်းခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

သို့သော် ထရမ့်က နိုဝင်ဘာ ၄ ရက်နှောင်းပိုင်းတွင် မီဒီယာတွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ Pete Hegseth အား ရာထူးမှထုတ်ပယ်သည့် ဖြစ်နိုင်ခြေကို ငြင်းဆိုခဲ့သည်။ Pete Hegseth အား အလဲအလှယ်ပြုလုပ်ရန် စဉ်းစားမည်လော ဟူသည့် မေးမြန်းမှုကို ၎င်းက “ဟင့်အင်း၊ သူလုပ်တာ သိပ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

美众议院被曝最早下周投票弹劾防长赫格塞思

新华社华盛顿11月4日电 美国有线电视新闻网4日报道,美国国会众议院最早可能于下周投票,弹劾美国国防部长赫格塞思。  

报道援引肯塔基州共和党籍联邦众议员托马斯·梅西的话说,他计划在国会下周复会后推动就弹劾赫格塞思进行投票。报道还援引多名共和党消息人士的话称,他们预计该投票将获得通过。  

报道说,共和党在中期选举中遭遇的“历史性惨败”令该党议员们深感震惊。“他们正迅速采取行动,将选举结果的责任推到赫格塞思身上。”  

特朗普承认伊朗战事对共和党中期选举失利有一定影响。当天稍早前,美国哥伦比亚广播公司援引消息人士的话报道,在共和党中期选举失利后,特朗普曾询问顾问,赫格塞思是否应该继续留任。  

不过,特朗普4日晚些时候接受媒体采访,排除了解雇赫格塞思的可能性。在被问及是否考虑替换赫格塞思时,他说:“不,我认为他做得非常好。”(完)

图说1:这是11月3日在美国华盛顿拍摄的国会大厦。新华社记者 李睿 摄

图说2:2025年2月13日,在比利时布鲁塞尔,美国国防部长赫格塞思在发布会上讲话。新华社记者彭子洋摄