အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ဒုတိယသမ္မတ JD Vance က သတင်းထောက်များ၏ မေးမြန်းမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က ဖြေကြားနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် ဒုတိယသမ္မတ JD Vance က သတင်းထောက်များ၏ မေးမြန်းမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က ဖြေကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန် ဒုတိယသမ္မတ JD Vance က နိုဝင်ဘာ ၄ ရက်တွင် လူမှုကွန်ရက်ပေါ်တွင် ပို့စ်အရှည်တစ်ပုဒ်တင်ကာ ရီပက်ဘလစ်ကန်ပါတီ သက်တမ်းဝက်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အီရန်စစ်ပွဲသည် အခြေခံအကြောင်းရင်းဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပြီး အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ပြောင်းလဲရန် အဆိုပြုခဲ့သည်။ Vance သည် ဤအချိန်အခါတွင် ပို့စ်တင်ခြင်းသည် အမေရိကန်သမ္မတ ထရမ့်နှင့် အဆက်ဖြတ်ကာ ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမေရိကန်မီဒီယာများက သုံးသပ်ဖော်ပြကြသည်။

ဒေတာဆိုင်ရာ ပညာရှင်များက “၂၀၂၄ ခုနှစ်မှာ ထရမ့်နဲ့ Vance တို့ကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင် အများအပြားက အလွန်ဒေါသထွက်နေပြီး အခြားတစ်ဘက်ကို မဲပေးဖို့ စီစဉ်နေကြတယ်” ဟု ၎င်းအား ပြောကြားခဲ့ကြောင်း Vance က ပို့စ်တွင် ရေးသားဖော်ပြခဲ့သည်။ “ရှေ့ဆက်ပြီး အတွင်းပိုင်း ပဋိပက္ခတွေနဲ့ ငြင်းခုံမှုတွေ အများကြီး ရှိလာမယ်၊ ဘာဖြစ်ခဲ့သလဲ၊ ဘာကြောင့် ဒီလိုဖြစ်ခဲ့သလဲဆိုတာ ငြင်းခုံကြမယ်... ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့ရတဲ့ တကယ့်အကြောင်းရင်းကို လူတိုင်းနီးပါး ရင်ထဲမှာ သိထားကြပါတယ်” ဟူ၍ ၎င်းက ယူဆခဲ့သည်။

Vance က သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီ “အခြေအနေ မကောင်းဟန် ခံစားမိခဲ့တယ်” ဟု ပွင့်လင်းစွာ ဝန်ခံခဲ့ပြီး ပြည်သူ့စစ်တမ်း ပညာရှင်များ၏ အမြင်သဘောထားကို ကိုးကားလျက် မဲဆန္ဒရှင်များအား ရီပက်ဘလစ်ကန်ပါတီထံ ပြန်လာစေရေးအတွက် လုပ်ငန်းတာဝန် လေးရပ်ကို ထောက်ပြခဲ့သည်။ ယင်းတို့မှာ အီရန်စစ်ပွဲကို အဆုံးသတ်ခြင်း၊ ပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုပြဿနာကို အာရုံစိုက်ခြင်း၊ “အမေရိကန် ဦးစားပေးခြင်း” ကို အခိုင်အမာထားခြင်းနှင့် အမေရိကန်-အစ္စရေး ဆက်ဆံရေးကို ပြောင်းလဲခြင်းတို့ ဖြစ်သည်။ ၎င်းက “ကျွန်တော်တို့ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းကတော့ ဒီစစ်ပွဲကြောင့်ပါပဲ... ကျွန်တော်တို့ ဘာကြောင့် ရှုံးခဲ့ရတယ်ဆိုတာ လူတိုင်း သိကြပါတယ်” ဟုလည်း တိုက်ရိုက်ထောက်ပြခဲ့သည်။

ထိုနေ့ နှောင်းပိုင်းတွင် သတင်းထောက်များက Vance ၏ ထုတ်ဖော်ပြောဆိုချက်နှင့် စပ်လျဉ်း၍ ထရမ့်အား မေးမြန်းရာတွင် ၎င်းက “အများအားဖြင့် မှန်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဘာလို့လဲဆို ဒါ (အီရန်စစ်ပွဲ) ကြောင့် ရေတိုကာလအတွင်း ဓာတ်ဆီဈေးနှုန်းများကို မြင့်တက်စေခဲ့တယ်” ဟု ဆိုခဲ့သည်။ အစကတည်းက အီရန်စစ်ပွဲအပေါ် Vance ၏ သဘောထားကို သိထားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Vance ၏ ပို့စ်သည် “ထူးထူးခြားခြား” ဖြစ်ပြီး ထရမ့်အပေါ် “ဖုံးကွယ်မှုမရှိသော ဝေဖန်မှုများ” ပါဝင်ကာ လက်တွေ့အားဖြင့် ၎င်းသည် ထရမ့်နှင့် အဆက်ဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲဝင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ Vance ၏ ဤအပြုအမူသည် “ထရမ့်ခေတ်၏ တစ်ဆစ်ချိုး ဖြစ်လာမည်” ဖြစ်ကြောင်း အမေရိကန် CNN ၏ ဆောင်းပါးက သုံးသပ်ထားသည်။

အမေရိကန် Fox News ချန်နယ်၏ သတင်းအရ အိမ်ဖြူတော်သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အစိုးရအရာရှိများကို ခေါ်ယူကာ အစည်းအဝေးကျင်းပပြီး သက်တမ်းဝက်ရွေးကောက်ပွဲအပြီး သတင်းအချက်အလက်ထုတ်ပြန်ရာတွင် တစ်သံတည်းထွက်ရန် ညွှန်ကြားခဲ့သော်လည်း “Vance က သူရဲ့ သတင်းအချက်အလက်ထုတ်ပြန်မှုကို မိမိဘာသာ ထိန်းချုပ်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒနဲ့ အမေရိကန်-အစ္စရေးဆက်ဆံရေးမှာ ထရမ့်နှင့် လမ်းခွဲသွားခဲ့တယ်” ဟု ဖော်ပြခဲ့သည်။ သတင်းတွင် ထရမ့်အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Vance အဆိုပြုသည့် လုပ်ငန်းတာဝန်လေးရပ်သည် ၎င်းက အမေရိကန် “လက်ယာယိမ်းအသစ်” အင်အားစုများထံ ပေးပို့သည့် စည်းရုံးရေးအချက်ပြသံဖြစ်သော်လည်း ၎င်းသည် “ဒုတိယသမ္မတဟောင်း Pence ကဲ့သို့ ထရမ့်နှင့် လုံးဝအဆက်အသွယ်ဖြတ်ခြင်း မဟုတ်ပေ” ဟု ဖော်ပြခဲ့သည်။ “လက်ယာယိမ်းအသစ်” ၏ တောင်းဆိုချက်များကို နိုင်ငံရပ်ခြားပဋိပက္ခများတွင် ပါဝင်ပတ်သက်မှုမရှိခြင်း၊ အမေရိကန်ကို နေထိုင်စရိတ် တတ်နိုင်သောနေရာဖြစ်စေခြင်းနှင့် နယ်စပ်များ ပိတ်ထားခြင်းတို့အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
...............................

(Chinese Version)

美副总统:伊朗战事是共和党选举失利根源所在

新华社华盛顿11月4日电 美国副总统万斯4日在社交媒体上发表长文,剖析共和党在中期选举中失利的原因,直言伊朗战事是根源所在,并提出改变美国与以色列的关系。美国媒体解读,万斯在此节点上发文显然是与美国总统特朗普做切割,开始为参加2028年总统竞选布局。  

万斯在文章中写道,数据专家对他说,“很多2024年投票给特朗普和万斯的选民很愤怒,正打算投给另一边”。他认为,“接下来会有很多内斗和争论,争论发生了什么、为什么会这样……但我们输掉的真正原因,几乎所有人都心知肚明。”

万斯坦言,他在中期选举前“已经感觉不妙”,并援引民调专家的观点提出让选民回归共和党的四项任务,即结束伊朗战事、聚焦民众生活成本和通胀问题、坚持“美国优先”、改变美以关系。他还直接点明,“我们失利的原因就是这场战争……每个人都知道我们为什么输了”。  

当天晚些时候,特朗普被记者问及万斯的表态时说:“我认为这在很大程度上是真的,因为它(伊朗战事)在短期内推高了汽油价格。”他还说,从一开始就知道万斯对伊朗战事的看法。

美国有线电视新闻网文章分析认为,万斯的帖文“非同寻常”,包含对特朗普“不加掩饰的批评”,他实际上是在与特朗普切割,以谋求能够在2028年竞选总统。万斯此举将“成为特朗普时代的一个转折点”。  

美国福克斯新闻频道报道说,白宫4日上午召集政府官员开会,要求在中期选举后统一信息发布口径,但“万斯掌控了自己的信息发布,在外交政策和美以关系上与特朗普分道扬镳”。报道援引一名特朗普政府官员的话说,万斯提出的四项任务是他对美国“新右翼”发出的集结号,但他“并非像前副总统彭斯那样与特朗普决裂”。“新右翼”的诉求被定义为不卷入海外冲突、让美国成为生活可负担的地方以及关闭边境。(完)

图说:1月8日,在美国首都华盛顿白宫,美国副总统万斯回答记者提问。新华社发(李源清摄)