f6c753d54be4ea863654fb1e9ceedde608728cb4.article_cover.content.avif)
ဝါရှင်တန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
အမေရိကန် ဒီမိုကရက်တစ်ပါတီဝင်များအနေဖြင့် လာမည့်နှစ်တွင် လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ၎င်းအား စွဲချက်တင်ရန် လုပ်ဆောင်လာပါက ယင်းလုပ်ရပ်သည် ဒီမိုကရက်တစ်ပါတီကို “ဖျက်ဆီးပစ်” မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်သည် ယင်းနေ့တွင် အိမ်ဖြူတော် ဧည့်ခံခန်းမ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ထုပ်တန်းတပ်ဆင်နေမှုကို ကြည့်ရှုခဲ့ပြီး ထုပ်တန်းပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းအား စွဲချက်တင်ခံရမည်ကို စိုးရိမ်မှုရှိ၊ မရှိ မေးမြန်းခဲ့ရာ ထရမ့်က “လုံးဝ မစိုးရိမ်ပါဘူး။ သူတို့ အဲဒီလိုလုပ်မယ်ဆိုရင်၊ အခြေအမြစ်မရှိဘဲ စွဲချက်စလုပ်လာမယ်ဆိုရင် ဒီမိုကရက်တစ်ပါတီပဲ ပျက်စီးသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲ။ကျွန်တော်နိုင်ငံက အောင်မြင်နေတဲ့ နိုင်ငံဖြစ်နေလို့လား။ ကျွန်တော်တို့နိုင်ငံဟာ သမိုင်းတစ်လျှောက် ဘယ်အချိန်ကာလထက်မဆို အခုအချိန်မှာ ပိုမိုအောင်မြင်နေပါတယ်။ စောင့်ကြည့်ကြပါ” ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး Hegseth အား ရာထူးမှ ထုတ်ပယ်မည့် ဖြစ်နိုင်ခြေကို ထရမ့်က ပယ်ချခဲ့သည်။ Pete Hegseth အား အစားထိုးလဲလှယ်ရန် စဉ်းစားနေခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက "မရှိပါဘူး၊ သူဟာ အလုပ်ကို အလွန်ကောင်းမွန်စွာ ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် အမေရိကန် ကိုလံဘီယာ အသံလွှင့်လုပ်ငန်း (CBS) က သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ရီပက်ဘလီကန်ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထရမ့်သည် Pete Hegseth အနေဖြင့် ရာထူးဆက်လက်ထမ်းဆောင်သင့်၊ မသင့်ကို ၎င်း၏အကြံပေးများအား မေးမြန်းခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။
အမေရိကန် ပင်မမီဒီယာအများအပြား၏ ခန့်မှန်းချက်အရ ဒီမိုကရက်တစ်ပါတီသည် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ၌ အပြတ်အသတ် အောင်ပွဲရရှိခဲ့ပြီး အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ ထိန်းချုပ်ခွင့်ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------
(Chinese Version)
特朗普称弹劾他会“摧毁”民主党
新华社华盛顿11月4日电(记者杨伶 熊茂伶)美国总统特朗普4日说,如果民主党人在明年掌控国会后发起弹劾他的行动,那将会“摧毁”民主党。
特朗普当天在白宫宴会厅施工现场观看横梁架设并在横梁上签名。当被问及是否担心被弹劾时,特朗普说:“一点儿也不。我认为如果他们那么做——毫无理由地发起弹劾——那将会摧毁民主党。为什么(弹劾)呢?难道是因为有一个成功的国家?我们国家现在比历史上任何时期都成功。等着瞧吧。”
特朗普同时排除了解雇国防部长赫格塞思的可能性。在回答是否考虑替换赫格塞思时,他说:“不,我认为他做得非常好。”
当天稍早前,美国哥伦比亚广播公司援引消息人士的话报道,在共和党中期选举失利后,特朗普曾询问顾问,赫格塞思是否应该继续留任。
多家美国主流媒体预测,民主党在3日举行的美国中期选举大获全胜,重获国会参议院和众议院控制权。
图说 :1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。 新华社发(李源清摄)








