တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ် 5G + စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ညီလာခံ ကျင်းပရာနေရာသို့ လျှောက်လှမ်းလာကြသည့် လာရောက်လည်ပတ်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ် 5G + စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်ညီလာခံ ကျင်းပရာနေရာသို့ လျှောက်လှမ်းလာကြသည့် လာရောက်လည်ပတ်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်ဘက်မှ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် မတရားဖိနှိပ်နေခြင်းကို တရုတ်နိုင်ငံက ပြတ်သားစွာကန့်ကွက်ပြီး အပြင်းအထန်မကျေနပ်မှုများကို ဖော်ပြလိုက်သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် အမေရိကန် ဖုန်းနံပါတ်များကို တိုက်ရိုက်ဝင်ရောက်အသုံးပြုခွင့် မရရှိစေရန် ပိတ်ပင်မည့် အစီအစဉ်နှင့် ပတ်သက်၍ မှတ်ချက်ပြုပေးရန် မေးမြန်းခံရချိန်တွင် ကောက ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဘက်အနေဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာ သဘောတရားကို အလွန်အကျွံ ချဲ့ကားအသုံးပြုထားပြီး နိုင်ငံ့အာဏာကို အလွဲသုံးစားပြုကာ တရုတ်ကုမ္ပဏီများကို လွန်လွန်ကဲကဲဖိနှိပ်နေသည်ဟု ကောက ဆိုသည်။

ထိုသို့လုပ်ဆောင်မှုများသည် တရုတ်နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအကြား ပုံမှန်စီးပွားရေးနှင့်ကုန်သွယ်ရေး ကူးလူးဆက်ဆံဆောင်ရွက်မှုများကို အကြီးအကျယ်အဟန့်အတားဖြစ်စေပြီး အမေရိကန် ကုမ္ပဏီများနှင့် စားသုံးသူများ အပါအဝင် မည်သည့်ဘက်အတွက်မျှ အကျိုးမရှိကြောင်း ကောက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မိမိ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်သားစွာကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အစီအမံများကို လုပ်ဆောင်သွားမည်ဟုလည်း ကောက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

China slams U.S. suppression of Chinese telecom firms

BEIJING, Oct. 30 (Xinhua) -- China expresses firm opposition and strong dissatisfaction over the U.S. side's unreasonable suppression of Chinese enterprises, Chinese foreign ministry spokesperson Guo Jiakun said Friday.

Guo made the remarks at a regular news briefing when asked to comment on the U.S. Federal Communications Commission's plan to ban Chinese telecom firms from direct access to U.S. telephone numbers over national security grounds.

The U.S. side has overstretched the concept of national security and abused state power to unreasonably suppress Chinese companies, Guo said.

Such moves have seriously impeded normal economic and trade exchanges between Chinese and U.S. businesses and do not serve the interests of any party, including U.S. companies and consumers, he said.

China will take necessary measures to resolutely safeguard its legitimate rights and interests, he added.  ■

Photo caption: Visitors walk into the venue of the 2025 China 5G + Industrial Internet Conference in Wuhan, central China's Hubei Province, Nov. 21, 2025.  (Xinhua/Xiao Yijiu)