အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ (ဝဲ) က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ (ဝဲ) က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေသည် အောက်တိုဘာ ၃၀ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုလံဘီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စိစစ်ရေးအဖွဲ့ (UNVIC) ၏ လုပ်ပိုင်ခွင့်သက်တမ်း တိုးမြှင့်ရေးဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ရှင်းလင်းပြောကြားချက်တစ်ရပ်တွင် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လုံခြုံရေးကောင်စီသည် အမှတ် ၂၈၃၃ ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ပြီး ကိုလံဘီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စိစစ်ရေးအဖွဲ့ (UNVIC) ၏ လုပ်ပိုင်ခွင့်သက်တမ်းကို တစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့ခြင်းသည် ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ခိုင်မာသောထောက်ခံမှုကို ဖော်ပြနေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ကြိုဆိုကြောင်း စွန်းလေက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာအစိုးရက လူမှုအသိုင်းအဝိုင်းအသီးသီးကို စည်းလုံးညီညွတ်အောင် စုစည်းဆောင်ရွက်ပြီး ဌာနအသီးသီးအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ပြည်သူ့လူနေမှုဘဝ သာယာဝပြောရေးနှင့်သက်ဆိုင်သည့် အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ကိုလံဘီယာအစိုးရအနေဖြင့် ထိလွယ်ရှလွယ်လူအုပ်စုများ၏ လုံခြုံရေးကို ပိုမိုအာမခံပေးရန်၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို သေချာစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရန် တရုတ်နိုင်ငံကမျှော်လင့်ကြောင်း စွန်းလေက ဆိုသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယင်းလုပ်ငန်းစဉ်အတွက် ဆက်လက်ထောက်ခံကူညီပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီ တားဆီးရန်၊ တရားမဝင် စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန်နှင့် အလှမ်းဝေးသော ပဋိပက္ခဖြစ်ပွားရာဒေသများ၌ မိမိနိုင်ငံ၏ အုပ်ချုပ်စိုးမိုးမှုကို မြှင့်တင်ရန် ကိုလံဘီယာအစိုးရ၏ ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း စွန်းလေက ပြောကြားခဲ့သည်။

ကိုလံဘီယာအစိုးရက ဝေးလံခေါင်သီ၍ ခေတ်နောက်ကျကျန်ခဲ့သော ဒေသများ၌ အရင်းအမြစ်များ ပိုမိုမြှုပ်နှံကာ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်ရန်နှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဟန်ချက်ညီ၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကိုလံဘီယာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့်အတူ “ကိုလံဘီယာပြည်သူများက ဦးဆောင်ပြီး ကိုလံဘီယာပြည်သူများကိုယ်တိုင် ပိုင်ဆိုင်သည့်” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုတိုးတက်မှုများရရှိလာစေရန် တွန်းအားပေးဆောင်ရွက်ပြီး ကိုလံဘီယာပြည်သူများ၏ ဘက်စုံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

中方呼吁持续推进哥伦比亚和平进程

新华社联合国10月30日电 中国常驻联合国副代表孙磊30日在安理会通过联合国哥伦比亚核查团(联哥团)授权延期决议后作解释性发言,呼吁持续推进哥伦比亚和平进程。

孙磊说,安理会一致通过第2833号决议,将联哥团授权延期一年。这体现了安理会和国际社会对哥伦比亚和平进程的坚定支持,中方对此表示欢迎。中方希望哥政府团结社会各界,加强各部门协调,落实关乎民生福祉的各项举措。同时,中方希望哥政府加强对弱势群体的安全保障,确保社会整体安全稳定,保持和平进程的势头。国际社会应继续为此提供支持和帮助。中方支持哥政府依法遏制冲突暴力、打击非法经济,在偏远冲突地区加强国家存在。中方希望哥政府投入更多资源,加强偏远落后地区的发展,通过经济社会的均衡、可持续发展促进和平。

孙磊表示,中方愿同哥伦比亚和国际社会一道,推动“哥人主导、哥人所有”的和平进程取得更多进展,帮助哥伦比亚人民实现全面和平、稳定与发展的目标。

Photo Caption :Sun Lei (C), China's deputy permanent representative to the United Nations, speaks at an emergency meeting of the Security Council at the UN headquarters in New York, on Dec. 29, 2025. (Xinhua/Zhang Fengguo)