
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ပထမဆုံး စစ်သင်္ဘောတင် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးသုံး ကိုယ်ပျောက်ဒရုန်း "ကုန်းကျီး-၂၁ (GJ-21) " သည် မကြာသေးမီက တရုတ်နိုင်ငံ၏ ပထမဆုံး အမှတ် ၀၇၆ အမျိုးအစား ကုန်း-ရေ နှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်သင်္ဘော ဖြစ်သော စီချွမ်း စစ်သင်္ဘောပေါ်၌ ပထမဆုံးအကြိမ် ပျံတက်ခြင်း၊ ဆင်းသက်ခြင်းများ အောင်မြင်စွာပြုနိုင်ခဲ့ကြောင်း PLA ရေတပ် သက်ဆိုင်ရာဌာနမှ သိရသည်။ ယင်းသည် တရုတ်နိုင်ငံ၏ ကုန်း-ရေ နှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်သင်္ဘော ဖွံ့ဖြိုးတိုးတက်မှု သမိုင်းစဉ်တွင် ရရှိခဲ့သည့် နောက်ထပ် အောင်မြင်မှုတစ်ခု ဖြစ်ပြီး တရုတ်ရေတပ်အနေဖြင့် ပုံသေတောင်ပံတပ် ကိုယ်ပျောက်ဒရုန်းများကို ပင်လယ်ပြင် အကြီးစား စစ်ဆင်ရေး ပလက်ဖောင်းပေါ်၌ အတက်၊ အဆင်းပြုနိုင်သည့် စွမ်းရည်ရှိလာပြီဖြစ်သည့် အမှတ်လက္ခဏာလည်း ဖြစ်ပေသည်။
တရုတ်ရေတပ် စီချွမ်း စစ်သင်္ဘော ၊ သင်္ဘောအမှတ် ၅၁ သည် တရုတ်နိုင်ငံက ကိုယ်ပိုင် ဒီဇိုင်းရေးဆွဲ သုတေသနပြု တည်ဆောက်ခဲ့သည့် အမှတ် ၀၇၆ အမျိုးအစား ကုန်း-ရေ နှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်သင်္ဘောများ၏ ပထမဆုံး စစ်သင်္ဘောဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ရေချ၍ အမည်ပေးအပ်ပွဲ ကျင်းပခဲ့သည်။
ယင်းစစ်သင်္ဘောသည် အလိုအလျောက် ရေယာဉ်ပေါ်ဆင်းသက်မှု လမ်းညွှန်စနစ်၊ ဘက်စုံလျှပ်စစ်ဓာတ်အားစနစ်ပုံစံသစ်၊ လျှပ်စစ်သံလိုက်ဓာတ်သုံးလောက်လွှဲစနစ်နှင့် ကြားဖြတ်ဟန့်တားမှုနည်းပညာ တို့ကို ဆန်းသစ်တီထွင် အသုံးပြုထားပြီး ပုံသေတောင်ပံတပ် ဒရုန်းများ၊ ရဟတ်ယာဉ်များနှင့် ကုန်း-ရေ နှစ်သွယ်သုံး စစ်လက်နက်ပစ္စည်းများကို တင်ဆောင်နိုင်သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ချိန်မှစ၍ စီချွမ်း စစ်သင်္ဘောသည် လျာထားချက်အတိုင်း ပင်လယ်ပြင် စမ်းသပ်မှုများကို တစ်ဆင့်ချင်းတည်ငြိမ်စွာ ဆောင်ရွက်ခဲ့ရာ တပ်ဆင်ထားသော ကိရိယာမျိုးစုံ ချိန်ညှိစမ်းသပ်မှုနှင့် ယေဘုယျလည်ပတ်မှုတည်ငြိမ်ရေး စမ်းသပ်ချက်များကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

-----------------------------
(Chinese Version)
解放军首型舰载察打一体隐身无人机在四川舰成功起降
新华社北京10月30日电(记者丁增义、李秉宣)记者从海军有关部门获悉,解放军首型舰载察打一体隐身无人机“攻击-21”近日首次在中国首艘076型两栖攻击舰四川舰成功起降。这是中国两栖攻击舰发展历程上取得的又一突破,标志着中国海军具备固定翼隐身无人机在大型海上作战平台起降能力。
海军四川舰,舷号51,是中国自主设计研发建造的076型两栖攻击舰首舰,于2024年12月27日下水命名,创新应用了全自动着舰引导系统、新型综合电力系统、电磁弹射和阻拦技术,可搭载固定翼无人机、直升机、两栖装备等。自2025年11月首次海试以来,四川舰按计划稳步开展各项海上试验,顺利完成各类装设备调试和整体运行稳定性测试。(完)
图说1:2025年11月16日,海军四川舰在航行中。新华社发(张建凯 摄)
图说2:2025年11月15日,海军四川舰在航行中。新华社发(张良 摄)


b0a3ed349cba858e4e105e0a8977ea9dfb0cb9b3.article_card.avif)
d55e9c4707cc1c85fa680c01ab0661ede5234dc3.article_card.avif)



23426eb6ca6bca3ba724de68d0760ca9885a7077.article_card.avif)
