ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ နေအိမ်တစ်အိမ်တွင် သဘာဝဓာတ်ငွေ့သုံး မီးဖိုကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ နေအိမ်တစ်အိမ်တွင် သဘာဝဓာတ်ငွေ့သုံး မီးဖိုကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဥရောပသဘာဝဓာတ်ငွေ့ဈေးနှုန်းသည် အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက်မြင့်တက်ခဲ့ပြီး ဥရောပ၏ သဘာဝဓာတ်ငွေ့ ရည်ညွှန်းဈေးနှုန်းအဖြစ် သတ်မှတ်ထားသည့် နယ်သာလန် ပိုင်ဆိုင်မှုလွှဲပြောင်းရေးစင်တာ (TTF) ၏ နိုဝင်ဘာလအတွက် သဘာဝဓာတ်ငွေ့အနာဂတ်ဈေးနှုန်းသည် အဆိုပါနေ့အတွင်း အရောင်းအဝယ်ပြုလုပ်နေစဉ် တစ်မဂ္ဂါဝပ်နာရီလျှင် ယူရို ၁၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ထိုသို့မြင့်တက်ခြင်းမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်အချက်အလက်များအရ TTF ၏ နိုဝင်ဘာလအတွက် သဘာဝဓာတ်ငွေ့အနာဂတ်ဈေးနှုန်းသည် အောက်တိုဘာ ၂၈ ရက် အရောင်းအဝယ်ပြုလုပ်နေစဉ် တစ်မဂ္ဂါဝပ်နာရီလျှင် ယူရို ၁၀၀.၇၅ အထိ အချိန်အတိုင်းအတာတစ်ခုအတွင်း မြင့်တက်ခဲ့သည်။ ယခုလဆန်းမှစ၍ ဥရောပသဘာဝဓာတ်ငွေ့ ရည်ညွှန်းဈေးနှုန်းသည် စုစုပေါင်း ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဥရောပ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံအသင်း၏ အချက်အလက်များအရ အောက်တိုဘာ ၂၆ ရက်အထိ ဥရောပသမဂ္ဂ (EU) ၏ သဘာဝဓာတ်ငွေ့သိုလှောင်ရုံများတွင် သိုလှောင်ထားသည့် သဘာဝဓာတ်ငွေ့ပမာဏသည် စုစုပေါင်းသိုလှောင်နိုင်မှုပမာဏ၏ ၇၄.၉ ရာခိုင်နှုန်းခန့်သာ ရှိပြီး ယခင်နှစ်များ၏ အလားတူကာလအဆင့်ထက် သိသိသာသာ နိမ့်ကျနေကြောင်း သိရသည်။ ယင်းအနက် ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏသည် ၆၁.၇ ရာခိုင်နှုန်းနှင့် ၆၅.၅ ရာခိုင်နှုန်းခန့်စီ ရှိကြောင်း သိရသည်။ ဆောင်းရာသီ အပူပေးစနစ်များ စတင်အသုံးပြုသည့်ကာလသို့ ရောက်ရှိလာသည်နှင့်အမျှ ဥရောပ၏ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုအပေါ် ဖိအားများ ပိုမိုမြင့်တက်လာလျက်ရှိသည်။

ဈေးကွက်လေ့လာဆန်းစစ်သူများ၏ သုံးသပ်ချက်အရ အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပင်လယ်ကွေ့ဒေသမှ သဘာဝဓာတ်ငွေ့အရည် (LNG) တင်ပို့မှုများ အနှောင့်အယှက်ဖြစ်လျက်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ ပိုမိုတင်းမာလာနိုင်ခြင်းအပေါ် ဈေးကွက်က စိုးရိမ်လျက်ရှိရာ ယင်းဒေသမှ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ဆက်လက်လျော့နည်းလာစေနိုင်ကြောင်း သိရသည်။

တစ်ချိန်တည်းတွင် မိုးလေဝသခန့်မှန်းချက်များအရ ဥရောပနှင့် အာရှဒေသအချို့၌ ယခုဆောင်းရာသီတွင် ယခင်နှစ်များထက် ပိုမိုအေးသော ရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းကြောင့် အပူပေးရန်အတွက် သဘာဝဓာတ်ငွေ့ အသုံးပြုမှုလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ဥရောပ၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏမှာ နိမ့်ကျနေသည့်အပြင် အကြောင်းရင်းများစွာ ပေါင်းစပ်သက်ရောက်လာခြင်းကြောင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ဈေးကွက်လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။ (Xinhua)

----------------------

(Chinese Version)

欧洲天然气基准价近4年来首破100欧元

新华社伦敦10月28日电(记者赵小娜)欧洲天然气价格28日继续上涨,作为欧洲天然气基准价格的荷兰所有权转让中心(TTF)天然气11月期货价格当天盘中突破每兆瓦时100欧元,为2022年12月以来首次。

市场数据显示,TTF天然气11月期货价格当天盘中一度升至每兆瓦时100.75欧元。本月以来,欧洲天然气基准价格累计上涨约40%。

欧洲天然气基础设施协会数据显示,截至10月26日,欧盟天然气储存设施的储气量约占总容量的74.9%,明显低于往年同期水平。其中,德国和荷兰的储气率分别约为61.7%和65.5%。随着冬季供暖季到来,欧洲天然气供应压力进一步加大。

市场分析认为,中东战事持续扰乱海湾地区液化天然气出口,市场担忧中东局势或进一步升级,导致该地区天然气供应持续减少。与此同时,气象预测显示欧洲及亚洲部分地区今冬可能出现较往年更寒冷的天气,取暖用气需求存在上升压力。当前欧洲天然气库存处于较低水平,多重因素叠加,恐将进一步推高天然气价格。

图说 :2021年10月8日在英国伦敦一户人家拍摄的天然气灶。(新华社记者韩岩摄)