ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် ဂျပန် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုများတွင် သမိုင်းပုံဖျက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အခြေအနေများကို သတိပြုမိကြောင်း၊ ဂျပန်အနေဖြင့် “ထိုကဲ့သို့ အတုအယောင် ပြုလုပ်ချက်များ” ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက ရုရှားဘက်က လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က အောက်တိုဘာ ၂၈ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် တောင်ဘက် Kuril ကျွန်းစု (ဂျပန်၌ မြောက်ဘက်ကျွန်းလေးကျွန်းဟု ခေါ်ဆိုသည်) ၊ ဂျပန်-ရုရှားစစ်ပွဲနှင့် ဆိုဗီယက် ထောက်လှမ်းရေးအဖွဲ့ဝင် စသည့်ခေါင်းစဉ်များနှင့် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဂျပန်ရုပ်ရှင်နှင့်ရုပ်မြင်သံကြားထုတ်လွှင့်မှုများတွင် သမိုင်းဖြစ်ရပ်မှန်ကို ပုံဖျက်ထားသည်ကို သတိပြုမိကြောင်း၊ ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ရုံတင်ပြသသည့် “Sorge the Spy” ရုပ်ရှင်တွင် ဂျပန်စစ်ဝါဒကာလ သူလျှိုထောက်လှမ်းမှုတားဆီးကာကွယ်ရေးကို များစွာအမွှမ်းတင်ထားကြောင်း Maria Zakharova က ဆင်ဟွာသတင်းထောက်၏ မေးခွန်းတစ်ခုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

Maria Zakharova က ရုရှားအနေဖြင့် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားနယ်ပယ်တွင်လည်း သမိုင်းအား ဘက်မလိုက်ဘဲ၊ ဓမ္မဓိဋ္ဌာန်ကျကျ၊ မှန်ကန်မျှတစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ထောက်ခံအားပေးကြောင်း ရုရှားနှင့် တရုတ် ပူးတွဲရိုက်ကူးသည့် “Red Silk” ရုပ်ရှင်ကိုလည်း ဥပမာပေး၍ ပြောကြားခဲ့သည်။ “လက်ရှိမှာ ဒီရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ ‘Black Silk’ ကိုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Maria Zakharova က ဂျပန်၏ “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” လမ်းကြောင်းအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။  ရုရှားနယ်စပ်အနီးတစ်ဝိုက်၌ တစ်နေ့တခြား ခပ်စိပ်စိပ်ဖြစ်လာသည့် စစ်ရေးလေ့ကျင့်မှု လှုပ်ရှားမှုများ၊ စစ်ရေးလေ့ကျင့်မှုအတွင်း တာလတ်၊ တာတိုပစ် ဒုံးကျည်စနစ် ဖြန့်ကြက်နေရာချထားခြင်းနှင့် ဒုတိယကမ္ဘာစစ်ရလဒ်အား အသိအမှတ်မပြုခြင်း စသည့် ရုရှားဘက်လုံခြုံရေးအကျိုးစီးပွားအပေါ် သက်ရောက်မှုရှိသော ဂျပန်နိုင်ငံ၏ လှုပ်ရှားချက်များကို ရုရှားအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံ၏ရပ်တည်ချက်ကို အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

俄外交部批评日本借影视作品歪曲历史

新华社莫斯科10月28日电(记者耿辉凰)俄罗斯外交部发言人扎哈罗娃28日在例行记者会上表示,俄方注意到日本在影视作品中多次出现歪曲历史的情况,如果日方继续“这种虚假的活动”,俄方将采取相应行动。  

扎哈罗娃在回答新华社记者相关提问时说,俄方注意到日本影视作品在涉及南千岛群岛(日本称北方四岛)、日俄战争及苏联情报人员等题材的影视作品中歪曲历史事实,比如2003年在日本上映的电影《间谍佐尔格》,该片美化了日本军国主义时期的反间谍行动。  

扎哈罗娃说,俄方主张客观解读历史,在影视领域也不例外。她同时举例俄罗斯和中国联合拍摄的电影《红丝绸》。“目前,该片的续集《黑丝绸》正在筹备中”,扎哈罗娃说。  

扎哈罗娃还对日本“再军事化”路线表示关切。她表示,俄方对日本在俄罗斯边境附近日益频繁的军事训练活动、演习期间部署中短程导弹系统和不承认二战结果等影响俄方安全利益的动向密切关注,并对此多次阐明俄方立场。(完)

图说:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发