
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးသည် အောက်တိုဘာ ၂၈ ရက်က ပေကျင်းမြို့၌ ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ Bernd Lange ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကို လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ လီဟုန်ကျုံးက တရုတ်-ဥရောပသမဂ္ဂ (EU) ကုန်သွယ်ရေး ဆက်ဆံမှုများ၏ သဘောသဘာဝမှာ အားသာချက်များကို အပြန်အလှန်ဖြည့်စွက်ခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များအနေဖြင့် တရုတ်နိုင်ငံနှင့် EU တို့သည် တန်းတူညီမျှ ဆွေးနွေးမှုများမှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ဖြေရှင်းနည်းများကို ရှာဖွေဖော်ထုတ်နိုင်ကြောင်း လီက ပြောကြားသည်။ ထို့ပြင် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အနေဖြင့် ဥရောပပါလီမန်နှင့် လက်တွဲကာ နှစ်ဖက်အကြား ကောင်းမွန်သော ဆက်ဆံရေး အရှိန်အဟုန်ကို ခိုင်မာစေရန်နှင့် တရုတ်-EU ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Lange က ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီအနေဖြင့် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းခိုင်မာလာစေရန်၊ EU-တရုတ် ကုန်သွယ်မှု တည်ငြိမ်ပြီး ဟန်ချက်ညီညီ တိုးတက်မှုရရှိစေရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………
(English version)
Senior Chinese legislator meets European Parliament trade committee delegation
BEIJING, Oct. 28 (Xinhua) -- Li Hongzhong, vice chairman of the National People's Congress (NPC) Standing Committee, met with a delegation led by Bernd Lange, chair of the European Parliament's Committee on International Trade, in Beijing on Wednesday.
Li, also a member of the Political Bureau of the Communist Party of China Central Committee, said the nature of China-EU trade relations is complementarity of strengths and mutual benefit.
As comprehensive strategic partners, China and the EU can fully find mutually beneficial solutions through equal dialogue, Li said, adding that the NPC is willing to work with the European Parliament to consolidate the sound momentum of exchanges and play a positive role in promoting the sound and stable development of China-EU ties.
Lange said the European Parliament's Committee on International Trade stands ready to strengthen dialogue and cooperation with the Chinese side and promote the stable and balanced growth of EU-China trade.
Photo caption: Li Hongzhong, vice chairman of the National People's Congress (NPC) Standing Committee and a member of the Political Bureau of the Communist Party of China Central Committee, meets with a delegation led by Bernd Lange, chair of the European Parliament's Committee on International Trade, in Beijing, capital of China, Oct. 28, 2026. (Xinhua/Li Tao)








