
တီဟီရန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
အီရန်နှင့် သဘောတူညီချက် ရရှိထားသော အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာသည် “အချိန်ဖြုန်းတီးခြင်း” ဖြစ်သည်ဟု အမေရိကန်သမ္မတ ထရမ့်က လတ်တလောရက်ပိုင်းတွင် ပြောကြားခဲ့ရာ အဆိုပါပြောဆိုချက်သည် အမေရိကန် သံတမန်ဆက်ဆံရေး၏ အနှစ်သာရမရှိမှုကို ထပ်မံပေါ်လွင်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဘဂါအီက “အမေရိကန်၏ သံတမန်ဆက်ဆံရေးအပေါ် မထီမဲ့မြင်ပြုမှုက ထပ်မံအတိုင်းသား ပေါ်လွင်လာပါတယ်။ ထရမ့်က သူ့အနေနဲ့ အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးဘူးလို့ ဝန်ခံခဲ့ပြီး ၎င်းကို အချိန်ဖြုန်းတီးနေခြင်းလို့ ရှုမြင်ပါတယ်။ ဒါဟာ အမေရိကန် သံတမန်ရေး ကတိကဝတ်ရဲ့ အနှစ်သာရမရှိမှုကို တိုက်ရိုက်ဖော်ပြနေပါတယ်” ဟု ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ယင်းမှာ အီရန်အတွက် အထူးအဆန်းကိစ္စ မဟုတ်ကြောင်း၊ “အမေရိကန်က ကတိကဝတ်ကို ဖောက်ဖျက်တဲ့ ကြာရှည်တဲ့ သမိုင်းရှိပါတယ်။ နိုင်ငံတကာတာဝန်ဝတ္တရားတွေက အလုပ်ရှုပ်ပြီး အဟန့်အတားဖြစ်လာစေတယ်ဆို သူတို့က ချက်ချင်းဖယ်ရှားပစ်လိုက်တတ်ပါတယ်” ဟု ဘဂါအီက ဆိုခဲ့သည်။
ဥရောပနိုင်ငံနှင့် အခြားသော အမေရိကန်အတွက် ခုခံကာကွယ်ပေးသူများသည် သင့်လျော်မှုမရှိသော လုပ်ရပ်အတွက် ဆက်လက်တန်ဆာဆင်ပေးရန် အကြောင်းပြချက် လုံးဝမရှိတော့ကြောင်း၊ နိုင်ငံတကာဥပဒေကို ရွေးချယ်မှုဖြင့် အသုံးပြု၍မရသလို နိုင်ငံရေးအရ မည်သည့်တန်ဆာဆင်မှုမဆိုလည်း အမေရိကန်ဘက်က တာဝန်ခံသင့်သည့် တာဝန်များကို မဖယ်ရှားနိုင်ကြောင်း ဘဂါအီက ပြောကြားခဲ့သည်။
ထရမ့်သည် ရှေ့ရက်ပိုင်းက အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်၌ ကျင်းပသော မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ၎င်းအနေဖြင့် အီရန်နှင့်ရရှိခဲ့သော ယာယီအပစ်ရပ်မှုကို “မည်သည့်အခါကမျှ သဘောကျခြင်း မရှိခဲ့” ကြောင်း၊ အမေရိကန်-အီရန် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “အချိန်ဖြုန်းတီးနေခြင်းနှင့် အနည်းငယ်တူကြောင်း” ယူဆသည်ဟု ဆိုခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
伊朗外交部再批“美方外交承诺的空洞本质”
新华社德黑兰10月28日电(记者沙达提)伊朗外交部发言人巴加埃28日表示,美国总统特朗普近日称与伊朗达成的伊斯兰堡谅解备忘录是“浪费时间”,这一言论再次暴露美方外交的空洞本质。
巴加埃当天在社交媒体上发文说:“美国对外交的蔑视再次暴露无遗。特朗普承认他从未相信过伊斯兰堡谅解备忘录,并将其视为浪费时间,这直接揭露了美方外交承诺的空洞本质。”
巴加埃说,这对伊朗而言不是新鲜事,“美国有着背弃承诺的漫长历史,一旦国际义务变得碍手碍脚,他们就会弃如敝屣”。
巴加埃表示,欧洲国家以及其他为美方辩护的人,没有任何理由再继续粉饰不当行径。国际法不能被选择性适用,任何政治上的粉饰也无法免除美方应承担的责任。
特朗普日前在美国密西西比州举行的一场竞选集会上说,他“从未喜欢过”与伊朗达成的短暂停火,认为美伊达成的谅解备忘录“有点像是在浪费时间”。(完)
图说:10月26日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席例行记者会。新华社记者 沙达提 摄








