ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုကိုယ်စား လုပ်ငန်းအစီရင်ခံစာ တင်သွင်းဖတ်ကြားခဲ့ပြီး အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှုကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အခိုင်အမာဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကိစ္စရပ်များဆိုင်ရာ CPC ဗဟိုကော်မတီ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ခေတ်သစ်ကာလ၌ အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် အောင်မြင်မှုများအား အမှန်တရားကို ရှေးရှုသော နည်းလမ်းဖြင့် အနှစ်ချုပ်ဖော်ပြထားပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလအတွက် ပါတီတည်ဆောက်ရေးဆိုင်ရာ အခြေအနေများနှင့် တာဝန်များကို အကျယ်တဝင့် လေ့လာသုံးသပ်ထားသည်။ ထို့ပြင် အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှု လုပ်ငန်းစဉ် ခိုင်မာအားကောင်းရေးအတွက် မဟာဗျူဟာမြောက် အစီအစဉ်များကိုလည်း ထည့်သွင်းရေးဆွဲထားကာ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းအား မျက်နှာစုံညီအစည်းအဝေး၌ ဆွေးနွေးသုံးသပ်ရေးအတွက် တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာလအတွင်း ကျင်းပသော နိုင်ငံရေးဗျူရိုအစည်းအဝေး ကြေညာချက်အရ သိရသည်။

၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပပြီးချိန်မှစ၍ အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှုမှာ သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ပြီး နှစ်ပေါင်းတစ်ရာ သက်တမ်းရှိပြီဖြစ်သော ပါတီ၏ မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရေးတွင် နယ်ပယ်သစ်တစ်ခု ဖွင့်လှစ်နိုင်ခဲ့ကာ ပါတီနှင့် နိုင်ငံ၏ လုပ်ငန်းစဉ်များတွင် သမိုင်းဝင် အောင်မြင်မှုများနှင့် အသွင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း မျက်နှာစုံညီအစည်းအဝေး အစီအစဉ်များကို ချမှတ်ပေးခဲ့သည့် ဇူလိုင်လအတွင်း ကျင်းပသော အစောပိုင်း နိုင်ငံရေးဗျူရို အစည်းအဝေးကြေညာချက်အရ သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261026/b60f1e831c4b48cda2f26ed186d7cbc5/c.html

………………………….

(English Version)

20th CPC Central Committee starts fifth plenary session

BEIJING, Oct. 26 (Xinhua) -- The 20th Central Committee of the Communist Party of China (CPC) started its fifth plenary session in Beijing on Monday morning.

Xi Jinping, general secretary of the CPC Central Committee, delivered a work report on behalf of the Political Bureau of the CPC Central Committee and expounded on a draft decision of the CPC Central Committee on some major issues concerning strengthening full and rigorous Party self-governance with perseverance.

The draft decision summarizes the achievements and experience of full and rigorous Party self-governance in the new era in a truth-seeking manner, and offers in-depth analysis of the situation and tasks concerning Party building at present and for some time to come. It also sets out strategic plans for strengthening full and rigorous Party self-governance with perseverance, according to a Political Bureau meeting in September that decided to submit the document to the plenum for review.

Since the 18th CPC National Congress in 2012, the full and rigorous Party self-governance has made significant progress, opened up a new frontier for the century-old Party in self-reform, and brought about historic achievements and transformations in the cause of the Party and the country, said an earlier Political Bureau meeting in July that set the plenum's agenda.

https://english.news.cn/20261026/b60f1e831c4b48cda2f26ed186d7cbc5/c.html