တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနား ကျင်းပရာ ပြည်သူ့ခန်းမဆောင်အား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနား ကျင်းပရာ ပြည်သူ့ခန်းမဆောင်အား ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ပါတီဝင် သန်း ၁၀၀ ကျော်ရှိပြီး လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော နိုင်ငံအား စီမံခန့်ခွဲရေးတာဝန်နှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) အနေဖြင့် ပါတီတွင်းပြဿနာများအား ဖော်ထုတ်ဖြေရှင်းရေး ဟူသော ရေရှည်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

CPC အနေဖြင့် ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းတွင် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပရန် ပြင်ဆင်နေစဉ် အဆိုပါတာဝန်မှာ ပိုမိုအရေးပါသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။ လေးရက်တိုင်တိုင် ကျင်းပမည့် အဆိုပါအစည်းအဝေး၌ အပြည့်အဝဖြစ်၍ တင်းကျပ်သော ပါတီကိုယ်ပိုင်စီမံခန့်ခွဲမှု တစိုက်မတ်မတ် မြှင့်တင်ဖော်ဆောင်ရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးသုံးသပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ထောက်ပြပြောဆိုထားသကဲ့သို့ပင် ပါတီ၏ အပြည့်အဝဖြစ်၍ တင်းကျပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုသည် ခေတ်သစ်ကာလ၌ CPC ၏ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုတွင် ပြောင်မြောက်သော လက်တွေ့ဆောင်ရွက်ချက်တစ်ရပ်ဖြစ်သည့်အပြင် မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုတွင် နယ်ပယ်သစ်တစ်ခု ဖွင့်လှစ်ပေးခဲ့ခြင်းလည်းဖြစ်သည်။

မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုကို အဘယ်ကြောင့် တစိုက်မတ်မတ် ဖော်ဆောင်နေသနည်း

ဇူလိုင်လတွင် ကျင်းပခဲ့သည့် CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား၌ ရှီက ပါတီအနေဖြင့် မိမိကိုယ်ကိုယ် ပိုမိုအင်အားတောင့်တင်းအောင် အလေးထားလုပ်ဆောင်လျက်ရှိပြီး တက်ကြွအားမာန်ပြည့်မှု၊ သက်ဝင်လှုပ်ရှားမှုတို့ဖြင့် အစဉ်အမြဲ ပြည့်ဝလျက်ရှိကြောင်း ပြောကြားခဲ့ကာ ယင်းသည် အခြားနိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများတွင် မရှိနိုင်သည့် ပြိုင်စံရှား အရည်အသွေးကောင်းတစ်ခု ဖြစ်သည်ဟုလည်း ရည်ညွှန်းပြောဆိုခဲ့သည်။

တရုတ်ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ဖန်တီးပေးရန် ကြိုးပမ်းရာတွင် ပါတီအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဘက်ပေါင်းစုံမှ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးခဲ့ရုံသာမက ပါတီ၏ စီမံခန့်ခွဲရေးစွမ်းရည် မြှင့်တင်ရန်အတွက်လည်း မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261026/feb0494ef58f4f088627eaa154b92ae8/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျားရှင်းမြို့ရှိ နန်ဟူ ရေကန်အတွင်း ၁၉၂၁ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်သူများ အပြီးသတ်အစည်းအဝေး ကျင်းပခဲ့ရာ လှေနီတော်အား ရည်ညွှန်းသော ပုံတူလှေတစ်စင်းနံဘေး၌ ပါတီဝင်အဖြစ် ကတိသစ္စာပြုမှုအား CPC ပါတီဝင်များ ကြပ်မတ်ပေးနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျားရှင်းမြို့ရှိ နန်ဟူ ရေကန်အတွင်း ၁၉၂၁ ခုနှစ်က တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်သူများ အပြီးသတ်အစည်းအဝေး ကျင်းပခဲ့ရာ လှေနီတော်အား ရည်ညွှန်းသော ပုံတူလှေတစ်စင်းနံဘေး၌ ပါတီဝင်အဖြစ် ကတိသစ္စာပြုမှုအား CPC ပါတီဝင်များ ကြပ်မတ်ပေးနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Explainer: How a ruling party rules itself -- CPC's perspective

BEIJING, Oct. 26 (Xinhua) -- With more than 100 million members and the responsibility of governing a country of over 1.4 billion people, the Communist Party of China (CPC) faces an enduring task: identifying and addressing issues within its own ranks.

The task has taken on fresh relevance as the CPC prepares to convene the fifth plenary session of its 20th Central Committee in Beijing on Monday. The four-day meeting is scheduled to deliberate on a draft decision on several major issues on persistently advancing full and rigorous Party self-governance.

As Chinese President Xi Jinping, also general secretary of the CPC Central Committee, has pointed out, the CPC's full and rigorous self-governance is a great practice in the Party's self-reform in the new era, and has created a new frontier in its self-reform.

WHY PERSISTENT SELF-REFORM?

At a gathering marking the CPC's 105th founding anniversary in July, Xi said the Party focuses on self-strengthening and always brims with vigor and vitality, referring to it as one of its fine qualities with no parallel among other political parties and political forces.

In its pursuit of a better life for the Chinese people, the Party has addressed development challenges through comprehensively deepening reform, while pursuing self-reform to enhance its governing capacity.

https://english.news.cn/20261026/feb0494ef58f4f088627eaa154b92ae8/c.html

Photo caption 1: This photo taken on March 11, 2026 shows the Great Hall of the People, the venue for the closing meeting of the fourth session of the 14th National Committee of the Chinese People's Political Consultative Conference (CPPCC), in Beijing, capital of China. (Xinhua/Wang Xi)

Photo caption 2: Members of Communist Party of China (CPC) review the Party admission oath beside the replica of a boat, now referred to as the Red Boat, on which CPC founders concluded their meeting in 1921, on Nanhu Lake in Jiaxing, east China's Zhejiang Province, June 30, 2025. (Xinhua/Xu Yu)