
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံကြက်ခြေနီအသင်း (RCSC) သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ငလျင်ဘေးသင့်ဒေသသို့ အရေးပေါ်ရေအိမ် ၅၀ လုံး၊ မိသားစုသုံးထောက်ပံ့ရေးပစ္စည်းအစုံ ၅၀၀၊ အနွေးဓာတ်ပေးအသုံးအဆောင် ၅၀၀ နှင့် အစားအသောက်သေတ္တာ ၁,၀၀၀ ကျော် အပါအဝင် ထပ်ဆောင်းထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီအထိ စာရင်းများအရ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၃ မိနစ်၌ လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၀ အဆင့်ရှိ ငလျင်ကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။
တရုတ်နိုင်ငံကြက်ခြေနီအသင်း (RCSC) ယူနန်ဌာနခွဲသည်လည်း နောက်ဆုံးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တစ်ဖွဲ့ကို ငလျင်ဘေးသင့်နေရာများသို့ စေလွှတ်ခဲ့သည်။
RCSC သည် ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ လမ်းညွှန်ပေးရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ငလျင်ဘေးသင့်နေရာသို့ အစောပိုင်းကတည်းက စေလွှတ်ခဲ့ပြီး မိသားစုထောက်ပံ့ရေးပစ္စည်းစုံ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အပူပေးစက်များ၊ ရွက်ဖျင်တဲများ၊ အနွေးထည်များ၊ ခေါက်ခုတင်များနှင့် စောင်များ အပါအဝင် ထောက်ပံ့ရေးပစ္စည်းအစုံ ၃,၈၀၀ ကို ခွဲဝေပေးပို့ခဲ့ပြီးဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အနောက်ပိုင်းစစ်ဒေသကြီးသည် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြည်းတပ်နှင့် လေတပ် တပ်ဖွဲ့များကို ပေါင်းစပ်ညှိနှိုင်းကာ ပျက်စီးဆုံးရှုံးမှုများအကဲဖြတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဒေသဆိုင်ရာ ဌာနခွဲနှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ် ၄၀၀ ကျော်ကို စေလွှတ်ထားပြီး အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီအထိ ထိခိုက်ခံစားရသည့် ဒေသခံ ၅၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ပြန်လည်နေရာချထားပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် စစ်ဒေသကြီးသည် ငလျင်ဗဟိုချက်၏ ကီလိုမီတာ ၂၀ ပတ်လည်အတွင်းရှိ ကျေးရွာအချို့ကို ဝေဟင်မှလေ့လာရန်နှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနိုင်ခြေ ရှိမရှိ စစ်ဆေးရန် စစ်ဘက်သုံးဒရုန်းများကို ငလျင်ဘေးသင့်ဒေသသို့ စေလွှတ်ခဲ့သည်။
အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီအထိ စာရင်းများအရ ငလျင်လှုပ်ခတ်ပြီးနောက် ပျောက်ဆုံးနေသူမရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာမှ ကျွမ်းကျင်သူများ၏ လေ့လာဆန်းစစ်ချက်အရ အဆိုပါငလျင်သည် မြေထုလွှာများဆန့်ထွက်မှုကြောင့် ဖြစ်ပေါ်လာသော ပြတ်ရွေ့လှုပ်ရှားမှုတစ်မျိုးဖြစ်ပြီး ဒေသတွင်း မြေထုဖွဲ့စည်းပုံသွင်ပြင်လက္ခဏာများနှင့် အခြေခံအားဖြင့် ကိုက်ညီကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
…………….
(English Version)
More relief supplies allocated to quake-hit area in Xizang
BEIJING, Oct. 23 (Xinhua) -- The Red Cross Society of China (RCSC) has allocated additional supplies, including 50 emergency toilets, 500 family relief kits, 500 warm packs and more than 1,000 boxes of food, to the quake-hit area in southwest China's Xizang Autonomous Region.
As of 1 p.m. Friday, 16 people have been killed and 76 others are injured following a 7.0-magnitude earthquake that struck Baqen County of the city of Nagqu in Xizang at 10:33 p.m. on Thursday.
The RCSC Yunnan Branch also dispatched a public health emergency response team to the affected areas as part of the latest relief efforts.
The RCSC previously dispatched a working team to the disaster-hit area to guide local relief efforts and allocated 3,800 sets of supplies, including family relief kits, hygiene kits, heaters, tents, jackets, folding beds and quilts.
The Western Theater Command of the Chinese People's Liberation Army has coordinated ground and air forces to assess the damage and carry out search-and-rescue operations. More than 400 service members and militiamen from the local subcommand and police have been deployed, helping relocate and resettle nearly 500 affected residents as of 5 p.m. Friday.
The theater command has also deployed military drones in the quake-hit area to conduct aerial surveys of several villages within a 20-km radius of the epicenter as well as inspections for potential secondary disasters.
As of 6 p.m. Friday, no missing persons have been reported so far following the earthquake, local authorities said.
An analysis by experts at the China Earthquake Networks Center showed that the earthquake was an extensional fracture, basically consistent with the regional tectonic characteristics.
Photo caption: Rescuers set up a tent at an earthquake-hit village in Maru Township of Baqen County, Nagqu City, southwest China's Xizang Autonomous Region, Oct. 23, 2026. (Xinhua/Tenzin Nyida)








