
မကာအို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
“ကြီးမြတ်သော အောင်ပွဲ၊ ငြိမ်းချမ်းရေးကို အတူတကွ ပုံဖော်တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးကာလ အနုပညာလက်ရာပြပွဲကို အောက်တိုဘာ ၂၃ ရက်တွင် တရုတ်နိုင်ငံ မကာအိုတက္ကသိုလ်၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါပြပွဲကို တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်နှင့် မကာအို နှုတ်ပြောသမိုင်းအသင်းတို့က ပူးတွဲစီစဉ်ကျင်းပပြီး မကာအိုတက္ကသိုလ် တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုဗဟိုဌာနက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြပွဲတွင် အပိုင်း ၅ ပိုင်း ပါဝင်ပြီး ရုပ်ပြကာတွန်း၊ ဆေးလိပ်ဘူးထဲ ထည့်သွင်းထားသည့် ရုပ်ပုံကတ်များ၊ ပန်းပုပန်းချီများ အပါအဝင် အနုပညာပုံစံမျိုးစုံဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာ ၁၀၀ နီးပါးကို ပြသထားသည်။
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အထိမ်းအမှတ်ပြတိုက်၏ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး တုန်လိရှင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးတိုက်ပွဲမီးတောက်များအတွင်း အမြစ်တွယ်ပေါက်ဖွားလာသည့် အဆိုပါအနုပညာလက်ရာများသည် လူမျိုးတစ်မျိုး၏ ဆင်းရဲဒုက္ခများကို မှတ်တမ်းတင်ထားသကဲ့သို့ သူရဲကောင်းတို့၏ စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာကိုလည်း ထင်ဟပ်ဖော်ကျူးထားကြောင်း ပြောကြားခဲ့သည်။
မျိုးချစ်စိတ်ဓာတ်ကို စုစည်းဖော်ကျူးထားသည့် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးကာလ အနုပညာလက်ရာများကို မကာအိုတက္ကသိုလ်သို့ ယူဆောင်ပြသခြင်းမှာ ဂန္ထဝင်လက်ရာများကို ကြားခံအဖြစ် အသုံးပြု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနုပညာလက်ရာများမှတစ်ဆင့် ခက်ခဲကြမ်းတမ်းခဲ့သော သမိုင်းကာလများကို ပြန်လည်အောက်မေ့စေရန်နှင့် ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစိတ်ဓာတ်၏ ကြီးမားခမ်းနားသော စွမ်းအားကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကာအို နှုတ်ပြောသမိုင်းအသင်း ဥက္ကဋ္ဌ လျင်ဖာချင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအကြိမ် ပြပွဲ၌ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးကာလ အနုပညာလက်ရာများကို မကာအိုသို့ ယူဆောင်ပြသခြင်းမှာ ဒေသအသီးသီးကို ဖြတ်ကျော်ပြီး အနုပညာပုံစံမျိုးစုံဖြင့် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများမှတစ်ဆင့် ပိုမိုများပြားသောပြည်သူများ၊ အထူးသဖြင့် လူငယ်ကျောင်းသား၊ ကျောင်းသူများ သမိုင်းဖြစ်ရပ်များနှင့် နီးကပ်စွာ ထိတွေ့လေ့လာနိုင်ရန်၊ အမျိုးသားရေးစိတ်ဓာတ်ကို ခံစားနားလည်နိုင်ရန်နှင့် ငြိမ်းချမ်းရေးသည် အလွယ်တကူ ရရှိလာခြင်းမဟုတ်ကြောင်း နားလည်သဘောပေါက်နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
မကာအိုတက္ကသိုလ် တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုဗဟိုဌာန ညွှန်ကြားရေးမှူး ကျန်းယန့်က မိတ်ဆက်ပြောကြားရာတွင် ယခုအကြိမ် ပြပွဲသည် မကာအိုတက္ကသိုလ်၏ ပဉ္စမအကြိမ်မြောက် တရုတ်ယဉ်ကျေးမှုပွဲတော်၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုအသိုင်းအဝိုင်းမှ ပြည်သူများ၏ တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် နားလည်သိရှိမှုကို ပိုမိုနက်ရှိုင်းစေရန်၊ မျိုးချစ်စိတ်ဓာတ်ကို နက်ရှိုင်းစွာ ပျိုးထောင်ရန်နှင့် အမျိုးသားရေးစိတ်ဓာတ်ကို လက်ဆင့်ကမ်းအမွေဆက်ခံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------
(Chinese Version)
抗战时期美术作品展在澳门展出
新华社澳门10月23日电(记者齐菲、宋晨)伟大胜利 共铸和平——抗战时期美术作品展23日在澳门大学开幕。
展览由中国人民抗日战争纪念馆、澳门口述历史协会主办,澳门大学中国历史文化中心协办,共设5个板块,展出近百幅涵盖漫画、烟画、木刻画等多种艺术形式的美术作品。
中国人民抗日战争纪念馆党委副书记董立新致辞表示,这些植根于抗战烽火的作品,记录着民族苦难,镌刻着英雄气节。将这批凝结爱国情感的抗战美术作品带进澳门大学,就是希望以经典作品为载体,让广大师生透过艺术笔触回望峥嵘岁月,感悟抗战精神的磅礴力量。
澳门口述历史协会会长林发钦致辞表示,此次展览把抗战美术作品带到澳门,正是希望通过跨地域、跨形式的历史文化交流,让更多市民,特别是青年学生,走近历史现场,感受民族精神,理解和平来之不易。
澳门大学中国历史文化中心主任张彦介绍,此次展览是澳门大学第五届中国文化节的系列活动之一,希望借此深化师生及社会公众对中国历史文化的认识,厚植爱国情怀,传承民族精神。
Photo Caption 1 :A visitor views exhibits at an art exhibition highlighting the Chinese People's War of Resistance Against Japanese Aggression in Beijing, capital of China, Aug. 26, 2025. (Xinhua/Jin Liangkuai)
Photo Caption 2 :People visit an art exhibition highlighting the Chinese People's War of Resistance Against Japanese Aggression in Beijing, capital of China, Aug. 26, 2025. (Xinhua/Jin Liangkuai)








