တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင် မာရူကျေးရွာစု ကျားရော့ကိုင်ကျေးရွာရှိ ဘေးအန္တရာယ်ကယ်ဆယ်ရေးတဲရှေ့တွင် ဒေသခံပြည်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင် မာရူကျေးရွာစု ကျားရော့ကိုင်ကျေးရွာရှိ ဘေးအန္တရာယ်ကယ်ဆယ်ရေးတဲရှေ့တွင် ဒေသခံပြည်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေးတို့သည် ရှီးဇန့်ဒေသ ပါးချင်းခရိုင်တွင် ပြင်းအား ၇.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူအများအပြား ထိခိုက်သေဆုံးခဲ့သည့်အတွက် အောက်တိုဘာ ၂၃ ရက်တွင် ဝမ်းနည်းကြောင်းနှင့် အလေးအနက် စာနာထောက်ထားကြောင်း ပြောကြားခဲ့ကြပြီး ကူညီပံ့ပိုးမှုများ ပေးအပ်ရန် အချိန်မရွေး အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

လီကျားချောင်းက လူမှုကွန်ရက်မီဒီယာတွင် ရေးသားဖော်ပြရာ၌ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် အောက်တိုဘာ ၂၂ ရက် ညပိုင်းက ပြင်းအား ၇.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့်ဖြစ်စဉ်အတွက် များစွာဝမ်းနည်းကြောင်း၊ အသက်ဆုံးရှုံးခဲ့ရသည့် သွေးချင်းအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးနှစ်သိမ့်စကား ပြောကြားကြောင်း ဖော်ပြခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရသည် ဘေးအန္တရာယ်ကျရောက်မှု ဖြစ်စဉ်များ၏ အခြေအနေကို အထူးဂရုပြု စောင့်ကြည့်သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရန်ပုံငွေမှတစ်ဆင့် သင့်လျော်သော အကူအညီများကို အချိန်မရွေးပေးအပ်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဘေးကင်းချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် ငလျင်ဘေးသင့် သွေးချင်းများ၏ အခက်အခဲများကို အမြန်ဆုံး ကျော်လွှားနိုင်ရန်လည်း ဆုတောင်းပေးနေကြောင်း ၎င်းက ဆိုသည်။

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ချန်ဟောက်ဟွေးသည် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အတွင်းရေးမှူး ဟူချန်းစိန်းနှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ဥက္ကဋ္ဌ ကာမာကျဲ့တိန်းတို့ထံ စာလွှာပေးပို့ခဲ့ပြီး ငလျင်ကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရမှုအတွက် လေးနက်စွာ စာနာထောက်ထားကြောင်း ဖော်ပြခဲ့သည်။

၎င်းက မကာအိုသွေးချင်းများသည် ငလျင်ဘေးဒဏ်သင့်ဒေသကို အစဉ်အမြဲ ရင်ဝယ်ထားရှိပြီး တစ်သွေးတစ်သားတည်းတည်ရှိပါကြောင်း၊ ဤသဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် ပြည်မကြီးမှ သွေးချင်းများနှင့်အတူ လက်တွဲရင်ဆိုင်သွားရန် ဆန္ဒရှိကြောင်း၊ လိုအပ်သော အကူအညီများကို အတတ်နိုင်ဆုံး ပေးအပ်ကာ ကယ်ဆယ်ရေးလုပ်ငန်းအရပ်ရပ်ကို တက်ကြွစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်၊ ဘေးသင့်ဒေသရှိ ပြည်သူများ ပုံမှန်လူနေမှုဘဝသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန်နှင့် ပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ကြရန်လည်း ဆုတောင်းပေးနေပါကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၃ မိနစ်ခန့်က ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်၌ ပြင်းအား ၇.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီအထိ စာရင်းများအရ ငလျင်ကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင် မာရူကျေးရွာစု ကျားရော့ကိုင်ကျေးရွာတွင် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ တဲများ ဆောက်လုပ်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင် မာရူကျေးရွာစု ကျားရော့ကိုင်ကျေးရွာတွင် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ တဲများ ဆောက်လုပ်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

李家超、岑浩辉向西藏巴青地震受灾同胞表示哀悼和深切慰问

新华社香港10月23日电 香港特区行政长官李家超、澳门特区行政长官岑浩辉23日对西藏巴青县发生7.0级地震,造成重大人员伤亡表示哀悼和深切慰问,并表示随时准备提供援助。

李家超在社交媒体发文表示,西藏那曲市巴青县22日晚上发生7.0级地震,对事件深感难过,向遇难同胞表示深切哀悼,并对伤者及遇难者家属致以慰问。特区政府会留意灾情发展,随时准备透过赈灾基金提供适切援助。祝愿救援工作平安顺利,受灾同胞早日渡过难关。

岑浩辉致函西藏自治区党委书记胡昌升及西藏自治区人民政府主席嘎玛泽登,对地震造成重大人员伤亡表示深切慰问。他表示,澳门同胞心系灾区,血浓于水,愿与内地同胞携手面对这场自然灾害,愿尽力提供必要支援,积极支持各项救援工作。祝愿救援工作顺利,灾区人民早日恢复正常生活秩序,人民安居安宁。

10月22日22时33分许,西藏那曲市巴青县发生7.0级地震,截至23日15时,地震已造成16人遇难、76人受伤。

图说 1 :10月23日,巴青县玛如乡扎若改村的群众在救灾帐篷前。新华社记者 丁增尼达 摄

图说 2 :10月23日,消防救援人员在巴青县玛如乡扎若改村搭建帐篷。新华社记者 丁增尼达 摄