တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လျင်ဆွေခရိုင် လီအန်း နိုင်ငံတကာ ပညာရေးကဏ္ဍ ဆန်းသစ်မှုစမ်းသပ်ဇုန်ရှိ အားကစားကွင်းနှင့် စာကြည့်တိုက်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လျင်ဆွေခရိုင် လီအန်း နိုင်ငံတကာ ပညာရေးကဏ္ဍ ဆန်းသစ်မှုစမ်းသပ်ဇုန်ရှိ အားကစားကွင်းနှင့် စာကြည့်တိုက်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျင်ဆွေ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

မကြာမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်သည် တစ်မူထူးခြားသည့် ပထဝီအနေအထား အားသာချက်နှင့် တံခါးဖွင့်လှစ်မှုမူဝါဒ အများအပြားကို အမှီပြု၍ နိုင်ငံတကာ ပညာရေးကဏ္ဍ ဆန်းသစ်တီထွင်မှုကျွန်းအဖြစ် တည်ဆောက်ရေးကို ထဲထဲဝင်ဝင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်တွင် ဟိုင်နန် လျင်ဆွေခရိုင် လီအန်း နိုင်ငံတကာ ပညာရေး ဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန်ကို တရားဝင် ဆိုင်းဘုတ်တင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စမ်းသပ်ဇုန်သည် "အများနှင့် မျှဝေသုံးစွဲမှု + စာသင်ကျောင်းလေး" ပုံစံကို ကျင့်သုံးကာ လာရောက်ဖွင့်လှစ်သည့် တက္ကသိုလ်၊ ကောလိပ် အားလုံးမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာကြည့်တိုက်၊ အားကစားကွင်း၊ ဓာတ်ခွဲခန်း စသည့် အများပိုင်အရင်းအမြစ်များကို ဖွင့်လှစ်ပေးထားရာ တက္ကသိုလ်၊ ကောလိပ်အသီးသီးက ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်များအတိုင်း သီးသန့်စာသင်ကျောင်းလေးများကို အသုံးပြုကြသည်။

လက်ရှိအချိန်ထိ အဆိုပါ စမ်းသပ်ဇုန်သည် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၃၀ အား ဆွဲဆောင်နိုင်ခဲ့ပြီး တရုတ် ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှု စာသင်ကျောင်း အဖွဲ့အစည်းနှင့် စီမံကိန်း ၂၄ ခု ခွင့်ပြုချက် ရရှိထားရာ ပြည်တွင်း၊ ပြည်ပ အရည်အသွေးမြင့် ပညာရေးအရင်းအမြစ် အများအပြားကို အရှိန်အဟုန်မြှင့် စုစည်းလာနိုင်ခဲ့ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)

-----------------------------

(Chinese Version)

活力中国调研行|海南深入推进国际教育创新岛建设

新华社照片,陵水(海南),2026年10月23日

近年来,海南依托独特区位优势和系列开放政策,深入推进国际教育创新岛建设。2020年,海南陵水黎安国际教育创新试验区正式挂牌成立,试验区采用“大共享+小学院”模式,图书馆、体育场、实验室等公共资源对所有入驻高校师生开放,各高校根据学科需要,使用专享小学院。据介绍,截至目前,试验区已引进国内外高校30所,获批中外合作办学机构与项目24个,吸引越来越多国内外优质教育资源加速汇聚。

图说1:这是10月22日在海南陵水黎安国际教育创新试验区拍摄的体育场和图书馆等。新华社记者 辛悦卫 摄

图说2:10月22日,在海南陵水黎安国际教育创新试验区,学生在中国传媒大学海南国际学院上课。新华社记者 辛悦卫 摄