အီရန်နိုင်ငံ ကာရက်ဂျ်မြို့ရှိ B1 လမ်းတံတား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ ကာရက်ဂျ်မြို့ရှိ B1 လမ်းတံတား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အစ္စရေးစစ်တပ်တို့သည် အသေးစိတ်အစီအစဉ်များ ချမှတ်ပြီးဖြစ်ကာ နိုဝင်ဘာလ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် အီရန်အား ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း၊ သို့သော် အမေရိကန် သမ္မတ ထရမ့်က အဆိုပါအစီအစဉ် အကောင်အထည်ဖော်မှုကို ခွင့်ပြုမည် ဟုတ်၊ မဟုတ်မှာမူ မသေချာသေးကြောင်း အမေရိကန် The New York Times သတင်းစာ၏ အောက်တိုဘာ ၂၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယခုသီတင်းပတ်တွင် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး အီရန်အပေါ် အသစ်တစ်ကြိမ် တိုက်ခိုက်မည့်လှုပ်ရှားမှုကို ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်နှင့် အစ္စရေး စစ်တပ်တို့သည် အီရန်အပေါ် “အချိန်တိုတောင်း၍ အင်အားပြင်းထန်သော” စစ်ရေးလှုပ်ရှားမှုတစ်ကြိမ် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ တိုက်ခိုက်မှုပစ်မှတ်များတွင် အီရန် စွမ်းအင်အခြေခံအဆောက်အဦ၊ နျူကလီးယား အဆောက်အဦနှင့် ဒုံးကျည်၊ ဒရုန်း လက်နက်တိုက် စသည်တို့ ပါဝင်နိုင်ကြောင်း အမေရိကန်အစိုးရအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

အချို့သော အမေရိကန်ပုဂ္ဂိုလ်များက ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုသည် အီရန်စီးပွားရေးအပေါ် လုံလုံလောက်လောက် ဆိုးဝါးသောပျက်စီးမှု ဖြစ်စေမည်ဖြစ်ပြီး အီရန်ဘက်က နောက်ဆုတ်သွားစေမည်ဟု ယူဆကြောင်း သတင်းက ဖော်ပြထားသည်။ သို့သော် ထရမ့်က အသစ်တစ်ကြိမ် စစ်ရေးလှုပ်ရှားမှုအား ခွင့်ပြုမည် ဟုတ်၊ မဟုတ်မှာမူ မသေချာသေးကြောင်း သတင်းက တစ်ချိန်တည်းတွင် ထောက်ပြထားသည်။

ယခုလတွင် အမေရိကန်နှင့် အစ္စရေး စစ်တပ်များသည် တိုက်ခိုက်မှုစတင်ရန် ပြင်ဆင်မှုများ အသင့်ပြုလုပ်ပြီးလုနီးပါးဖြစ်သော်လည်း ထရမ့်က လှုပ်ရှားမှုကို ရပ်တန့်ခဲ့သည်။ အမေရိကန် အိမ်ဖြူတော် အရာရှိတစ်ဦးက အစိုးရအနေဖြင့် စစ်ရေးအစီအစဥ် "လုပ်ဖြစ်နိုင်ခြေရှိ၊မရှိ” မှတ်ချက်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ဆိုခဲ့သည်။

အသစ်တစ်ကြိမ် စစ်ရေးလှုပ်ရှားမှုတွင် ပိုမိုကြီးမားသော ရလဒ် ရရှိနိုင်မည် ဟုတ်၊ မဟုတ်ကို သံသယဝင်သင့်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင် ကျွမ်းကျင်ပညာရှင်က အစ္စရေးသည် အောက်တိုဘာ ၂၇ ရက်၌ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ၎င်းရလဒ်သည်လည်း သက်ဆိုင်ရာ အစီအစဉ်အပေါ် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း၊ နေတန်ယာဟုအနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီး အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်လာပါက ၎င်းအနေဖြင့် စစ်ပွဲ ပြန်လည်စတင်ရန် အလွန်ခက်ခဲသွားမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ အကြံပေးပုဂ္ဂိုလ် Mehdi Mohammadi က အမေရိကန်အနေဖြင့် ၇၂ နာရီအတွင်း အီရန်အပေါ် အသစ်တစ်ကြိမ်တိုက်ခိုက်မှု ပြီးစီးအောင် လုပ်ဆောင်လိုသော အတွေးသည် “စိတ်ကူးယဉ်မှု” မျှသာဖြစ်ကြောင်း၊ အီရန်အနေဖြင့် အသေးစိတ်ပြည့်စုံသော အစီအစဉ်ကို ပြုလုပ်ထားပြီးဖြစ်ကာ တန်ပြန်တိုက်ခိုက်မှုများသည် “ပိုမိုပြင်းထန်၊ ပိုမိုမထင်မှတ်ဖွယ်ရာဖြစ်ပြီး ယခင်နှင့်မတူ” ကြောင်း လတ်တလောရက်ပိုင်းတွင် လူမှုဒီယာ၌ ပြောကြားခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

---------------------

(Chinese Version)

美媒:美以军方已制定美中期选举后打击伊朗的计划

新华社华盛顿10月22日电 据美国《纽约时报》21日报道,美国和以色列军方已制定具体计划,准备在11月美国中期选举结束后再次打击伊朗,但美国总统特朗普是否会批准实施这一计划尚不确定。  

报道援引美国官员的话说,美国防部长赫格塞思本周与以色列总理内塔尼亚胡进行会晤,讨论了对伊新的打击行动。美以军方计划针对伊朗开展一场“短时间、高强度”的军事行动,打击的目标可能包括伊朗能源基础设施、核设施以及导弹和无人机武器库等。  

报道称,一些美方人士认为,一场高强度军事行动将对伊朗经济造成足够大的破坏,并迫使伊朗作出让步。但报道同时指出,特朗普是否会批准新一轮军事行动仍不确定。本月,美以军方几乎已经做好发动打击的准备,但特朗普叫停了行动。一名白宫官员21日表示,政府不会评论“可能存在、也可能不存在”的军事计划。  

报道说,有理由怀疑新一轮军事行动是否会取得更大成效。同时,有专家指出,以色列将于本月27日举行议会选举,其结果也可能打乱相关计划,如果内塔尼亚胡败选并转为看守总理,他将很难再发动战事。  

报道还说,伊朗议长顾问迈赫迪·穆罕默迪近日在社交媒体上表示,美国希望在72小时内完成对伊新一轮打击的想法是“幻想”。伊朗已做好周密的计划,反击将“更加猛烈、更出人意料且和以往不同”。(完)

图说:这是4月3日拍摄的伊朗卡拉季市贝伊克公路桥遭空袭受损状况。新华社发