
ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်သည် အောက်တိုဘာ ၂၁ ရက်တွင် အမေရိကန် SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန် မက်စ်ထံ ဖုန်းဆက်သွယ်ခဲ့ပြီး ယူကရိန်းနိုင်ငံအတွင်း အသုံးပြုနေသည့် Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ်၏ စစ်ဘက်သုံးဗားရှင်းအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် The Wall Street Journal သတင်းစာ၏ အောက်တိုဘာ ၂၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထရမ့်က Starlink စနစ် အသုံးပြုမှုအမြန်နှုန်း ကန့်သတ်ခံရခြင်းအပေါ် မကျေနပ်ကြောင်း အီလွန် မက်စ်အား ပြောကြားခဲကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင်ဖော်ပြထားသည်။ အမေရိကန်နှင့် ယူကရိန်းအရာရှိများ၏ ပြောကြားချက်အရ ၎င်းတို့နှစ်ဦး ဖုန်းပြောဆိုပြီးနောက် အောက်တိုဘာ ၂၂ ရက်တွင် Starlink စနစ်သည် ပုံမှန်နီးပါး ပြန်လည်လည်ပတ်လာခဲ့ကြောင်း သိရသည်။ သို့သော် ယူကရိန်းအရာရှိတစ်ဦးက အဆိုပါစနစ်သည် ပုံမှန်အခြေအနေသို့ အပြည့်အဝ ပြန်လည်ရောက်ရှိခြင်း မရှိသေးသော်လည်း လည်ပတ်မှုအမြန်နှုန်းမှာ ကန့်သတ်ခံထားရသည့်ကာလထက် ပိုမိုမြန်ဆန်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ Starlink အသုံးပြုမှုကန့်သတ်ချက်များသည် ရုရှားဒရုန်းများကို ကြားဖြတ်ဟန့်တားနိုင်သည့် ယူကရိန်းစစ်တပ်၏ စွမ်းရည်ကို ထိခိုက်စေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၁၆ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် ထရမ့်က ယူကရိန်း၏ Starlink ဝန်ဆောင်မှုအသုံးပြုမှုကို မိမိအနေဖြင့် ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် အီလွန် မက်စ်တွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသည်ဟု မယူဆကြောင်း အလေးအနက် ပြောကြားခဲ့သည်။
အီလွန် မက်စ်က ယခင်က ယူကရိန်းအသုံးပြုနေသည့် Starshield စနစ်ကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားကြောင်း၊ ယင်းစနစ်၏ အသုံးပြုမှုအမြန်နှုန်း သို့မဟုတ် အသုံးပြုရည်ရွယ်ချက်နှင့်ပတ်သက်သည့် ကန့်သတ်ချက်အားလုံးကို အမေရိကန်စစ်တပ်က ဆုံးဖြတ်ခြင်းဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်မှာ အမေရိကန်သမ္မတအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန် The Wall Street Journal သတင်းစာက အောက်တိုဘာ ၂၀ ရက်တွင် ဖော်ပြခဲ့ရာ အီလွန် မက်စ်သည် လွန်ခဲ့သည့် သီတင်းပတ်က အသုံးပြုမှုအမြန်နှုန်း ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ထရမ့်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
--------------------------
(Chinese Version)
美媒:特朗普要求马斯克解除对乌克兰“星链”限制
新华社华盛顿10月22日电(记者黄强 徐剑梅)据美国《华尔街日报》22日报道,美国总统特朗普21日致电美国太空探索技术公司首席执行官埃隆·马斯克,要求他解除对乌克兰境内“星链”卫星通信系统军事化版本的相关限制。
报道援引美国官员的话说,特朗普向马斯克表示,他对“星链”系统的使用速度受限感到不满。据美国和乌克兰官员透露,在两人通话后,“星链”系统22日恢复较为正常的运行。不过,有乌克兰官员称,该系统尚未完全恢复到正常状态,但运行速度已高于限速期间的水平。
乌克兰总统泽连斯基16日在比利时布鲁塞尔举行的欧盟峰会上说,美国“星链”使用限制影响乌军拦截俄罗斯无人机的能力。同日,特朗普强调,他没有限制乌克兰使用“星链”服务,他也不认为马斯克对此负有责任。
马斯克此前表示,乌克兰使用的“星盾”系统由美国政府拥有和控制,任何有关使用速度或用途的限制由美国军方决定,最终取决于美国总统。美国《华尔街日报》20日曾报道,马斯克上周作出限速决定,并就此与特朗普进行过讨论。
Photo Caption :A Falcon 9 rocket launches 23 Starlink satellites from Space Launch Complex 40 at the Cape Canaveral Space Force Station in Florida, the United States, Dec. 7, 2023. (Credit: SpaceX)








