
ချင်းသောင်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ် ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာ ပင်လယ်ပြင် ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို အောင်မြင်စွာ ပြီးစီးခဲ့ပြီး အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ရေတပ်ဆိပ်ကမ်းတစ်ခုသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယခုအကြိမ်တာဝန်ထမ်းဆောင်မှုသည် ၃၇၈ ရက် ကြာမြင့်ခဲ့ပြီး ရေကြောင်းခရီးစဉ် ရေမိုင် ၁၅၀,၀၀၀ ကျော်ရှိရာ တရုတ်နှင့် နိုင်ငံခြား သင်္ဘောပေါင်း ၄၂၃ စင်းကို လုံခြုံစွာ စောင့်ရှောက်ပို့ဆောင်ပေးခဲ့ကာ နိုင်ငံတကာ ပင်လယ်ရေကြောင်းလမ်းကြောင်း လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို လက်တွေ့လုပ်ဆောင်ချက်ဖြင့် ထိန်းသိမ်းကာကွယ်ခဲ့သည်။
၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုကို ဒုံးကျည်ဖျက်သင်္ဘော ထန်ဆန်း၊ ဒုံးကျည်တင်ဖျက်သင်္ဘော တာ့ချင့် နှင့် ဘက်စုံထောက်ပံ့ရေးသင်္ဘော ထိုက်ဟူ တို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်ဖွဲ့သည် ဝေးလံသော ပင်လယ်သမုဒ္ဒရာကို ကျယ်ပြန့်သော စစ်ရေးလေ့ကျင့်ကွင်းအဖြစ် ထားရှိပြီး ကာကွယ်စောင့်ရှောက်ရေးတာဝန်၏ အနီးကပ်လိုအပ်ချက်များနှင့်အညီ လက်နက်အင်အားဖြင့် ကယ်ဆယ်ခြင်း၊ ရဟတ်ယာဉ်များ နေ့၊ ညမပြတ် ပျံသန်းခြင်း စသည့် ရည်ရွယ်ချက်ရှိသော လေ့ကျင့်မှုများကို စီစဉ်ဆောင်ရွက်ခဲ့ရာ တာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်စွမ်းကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့သည်။
ထို့အပြင် တပ်ဖွဲ့သည် တောင်အာဖရိက နှင့် ပါကစ္စတန်နိုင်ငံများသို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ကာ "Peace Will 2026" ပင်လယ်ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ တရုတ်-ပါကစ္စတန် "Sea Guardian-4" ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့တွင် ပါဝင်ခဲ့ပြီး ဆေးရှဲနိုင်ငံ လွတ်လပ်ရေးနှစ် ၅၀ ပြည့် ဂုဏ်ပြုစစ်ရေးချီတက်ပွဲတွင် ပါဝင်ခဲ့သလို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မလေးရှားနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အိုမန်၊ ကင်ညာ၊ စင်ကာပူ စသည့်နိုင်ငံများတွင် နည်းပညာဆိုင်ရာ ဆိုက်ကပ်ရပ်နားမှုများ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာနိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို ပိုမို နက်ရှိုင်းစေခဲ့သည်။ (Xinhua)


-----------------------------
(Chinese Version)
中国海军第48批护航编队完成任务返回青岛
新华社青岛10月23日电(李杰、杜江帆)中国海军第48批护航编队圆满完成亚丁湾、索马里海域护航任务,23日上午返回山东青岛某军港。此次任务历时378天,航程15万余海里,安全护送中外船舶423艘,用实际行动维护了国际海上通道安全与地区和平稳定。
第48批护航编队由导弹驱逐舰唐山舰、导弹护卫舰大庆舰和综合补给舰太湖舰组成,2025年10月11日从山东青岛解缆起航。
任务期间,编队把远海大洋作为练兵的广阔舞台,紧贴护航任务需求组织武力营救、直升机跨昼夜飞行等针对性训练,有效提升遂行多样化任务能力。
此外,编队先后赴南非和巴基斯坦参加“和平意志-2026”海上联合演习、中巴“海洋卫士-4”联合演习,参加塞舌尔独立50周年庆祝阅兵活动,友好访问孟加拉国、缅甸、马来西亚,技术停靠阿曼、肯尼亚、新加坡等国,进一步深化了同有关国家的传统友谊和战略互信。(完)
图说1:这是9月17日在孟加拉国吉大港拍摄的欢迎人群。新华社发(马玉彬摄)
图说2:9月24日,中国海军第48批护航编队抵达缅甸仰光港,官兵分区列队,向欢迎人群挥手致意。新华社发(杜江帆摄)








