တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်သို့ China Railway Group ၏ ပထမအသုတ် ကယ်ဆယ်ရေးအင်အားစုများရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက် နံနက် ၄ နာရီတွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်သို့ China Railway Group ၏ ပထမအသုတ် ကယ်ဆယ်ရေးအင်အားစုများရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက် နံနက် ၄ နာရီတွင် တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ  ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် ပြင်းအား ၇.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးပေါ်တုံ့ပြန်ရေးကွပ်ကဲမှုဌာနသည် အဆင့်ဆင့်သော ဌာနအသီးသီးကို စုစည်း၍ လူရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရရှိသူများအား ဆေးကုသမှုပေးရေးနှင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နိုင်ငံတော်လျှပ်စစ်ဓာတ်အားကွန်ရက်ဌာနနှင့် သယ်ယူပို့ဆောင်ရေးဌာနတို့အပါအဝင် ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့ပေးရေး အင်အားစုများသည် ငလျင်ဗဟိုချက်၏ အဓိကဒေသသို့ သွားရောက်နေကြကြောင်း  ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရေးပေါ်တုံ့ပြန်ရေးကွပ်ကဲမှုဌာနထံမှ သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ရှီးဇန့်ဒေသ ပြည်သူ့လုံခြုံရေးဌာနအဖွဲ့အစည်းများသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်ကို ချက်ချင်းစတင်အသက်သွင်းခဲ့ပြီး ပါးချင်းခရိုင်ရဲစခန်းမှ အထူးရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ ပြည်သူ့အကျိုးပြု ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မာရူကျေးရွာစုနှင့် ကန်ချဲ့ကျေးရွာစုရဲစခန်းများ၊ နာ့ချွီမြို့ရဲစခန်း၊ ပီရူခရိုင်နှင့် စော်ရှန့် ခရိုင်တို့မှ ပြည်သူ့လုံခြုံရေးဌာနအဖွဲ့အစည်းများမှ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို စုစည်းညှိနှိုင်း၍ အရေးပေါ်စေလွှတ်ကာ ငလျင်ဗဟိုချက်၏ အဓိကဒေသသို့ သွားရောက်ပြီး ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ရှီးဇန့်ဒေသရှိ မီးသတ်တပ်ဖွဲ့အပါအဝင် ကယ်ဆယ်ရေးအင်အားစုများသည် သက်ရှိရှာဖွေရေးကိရိယာများ၊ ဖြိုဖျက်ရှင်းလင်းရေးနှင့် ထောက်ကန်ကာကွယ်ရေး စသည့် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများကို ယူဆောင်ကာ ဘေးအန္တရာယ် အဓိကခံရသော ဗဟိုချက်သို့ သွားရောက်လျက်ရှိသည်။

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ စော်ရှန့်ခရိုင် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့က ပါးချင်းခရိုင် ကန်ချဲ့ကျေးရွာစု နာ့ကုန့်ရွာသို့ ရောက်ရှိပြီး ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချွီမြို့ စော်ရှန့်ခရိုင် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့က ပါးချင်းခရိုင် ကန်ချဲ့ကျေးရွာစု နာ့ကုန့်ရွာသို့ ရောက်ရှိပြီး ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိအချိန်အထိ ရှီးဇန့်ဒေသ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့သည် ယာဉ် ၈၂ စီးနှင့် ကယ်ဆယ်ရေးဝန်ထမ်း ၃၄၇ ဦးကို စုစည်းစေလွှတ်ခဲ့ပြီး ပစ္စည်းကိရိယာ ၄,၂၀၀ ကျော်နှင့် အထောက်အပံ့ပစ္စည်း ၉,၄၀၀ ကျော်ကို ယူဆောင်ကာ ဘေးသင့်ဒေသသို့ သွားရောက်ခဲ့သည်။ တစ်ချိန်တည်းတွင် လားဆနှင့် ဆန်းနန်တပ်ဖွဲ့ခွဲများကိုလည်း အားဖြည့်ကူညီရန် အသင့်ပြင်ဆင်ထားစေခဲ့ကြောင်း သိရသည်။

အရေးပေါ်လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် State Grid Xizang Electric Power Co., Ltd. သည် လက်ရှိတွင် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်း ၂၃ ဦး၊ မော်တော်ယာဉ် ၆ စီး၊ အလင်းရောင်ပေးကိရိယာ ၄၉ ခုနှင့် ဗို့အားနိမ့် လျှပ်စစ်ဓာတ်အားပေးယာဉ် ၂ စီးတို့ကို ငလျင်ဘေးသင့်ဒေသသို့ စေလွှတ်ထားသည်။ အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများသည် လျှပ်စစ်ဓာတ်အားဆိုင်ရာ စက်ပစ္စည်းများကို ညလုံးပေါက် လှည့်လည်စစ်ဆေးလျက်ရှိသည်။

ထို့အပြင် ရှီးဇန့်ဒေသ သယ်ယူပို့ဆောင်ရေးဌာနများသည် အင်အားစုများကို ဆက်လက်စုစည်း၍ ငလျင်ဒဏ်သင့်ဒေသရှိ လမ်းမများ၊ တံတားများ၊ ဥမင်လိုဏ်ခေါင်းများ၊ တောင်စောင်းရှိ ပြိုကျနိုင်သည့် ကျောက်တုံးများနှင့် လမ်းမဆိုင်ရာ အဆောက်အအုံအမျိုးမျိုးကို ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်စစ်ဆေးရှာဖွေရေးလုပ်ငန်းများအဖြစ် တစ်ညလုံး ဆောင်ရွက်လျက်ရှိပြီး လမ်းများ၏ ဘေးကင်းလုံခြုံမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိစောင့်ကြည့်လျက်ရှိသည်။

နာ့ချွီမြို့ရှိ စာတိုက်လုပ်ငန်းနှင့် ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီများသည် အသင့်အနေအထားသို့ ရောက်ရှိနေပြီး လိုအပ်သည့်အချိန်တွင် ပစ္စည်းများပို့ဆောင်ရေးနှင့် လူများရွှေ့ပြောင်းပို့ဆောင်ရေးလုပ်ငန်းများကို အချိန်မရွေးဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

多方救援保障力量奔赴西藏巴青县地震受灾区

新华社拉萨10月23日电(记者李键、蒋梦辰)记者从西藏自治区应急指挥部获悉,西藏那曲市巴青县7.0级地震发生后,西藏自治区应急指挥部组织各级各部门迅速开展人员搜救、伤员救治、群众转移安置等工作,目前公安、消防、国网、交通等救援保障力量正赶往震中核心区。

地震发生后,西藏公安机关立即启动应急处置预案,统筹调派巴青县公安局特警、交警、便民警务站民警及玛如乡、岗切乡派出所,那曲市公安局,比如县、索县公安机关300余名警力紧急赶往震中核心区开展抢险救援工作。

与此同时,西藏消防等救援力量携带生命探测仪、破拆和支护等救援装备前往受灾中心。截至目前,西藏消防救援总队共计调集82车347名救援人员,携带4200余件(套)装备器材及9400余件(套)保障物资赶赴现场,同时部署拉萨、山南支队做好增援准备。

为保障应急用电,国网西藏电力有限公司目前投入应急人员23人、车辆6辆、照明装备49台/套、低压发电车2台前往震区。应急人员正连夜开展电力设备巡检。

此外,西藏交通运输部门持续组织力量,连夜对地震涉及区域的公路、桥梁、隧道、边坡危石及各类公路构筑物开展震后应急排查,动态掌握道路安全状态。那曲市邮政、客运公司进入待命状态,随时做好物资配送和人员转运工作。

图说 1 :10月23日4时,中国中铁第一批救援力量抵达西藏那曲市巴青县。新华社发

图说 2 :10月23日,西藏那曲市索县消防救援大队已到达巴青县岗切乡纳贡村,正在进行排查。新华社发