
ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် တပ်နီတော်၏ ခရီးရှည်ချီတက်မှု အောင်ပွဲ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျင်းပလျက်ရှိရာ တရုတ်နိုင်ငံ ခရီးရှည်ချီတက်မှုအသစ်တွင်လည်း အောင်မြင်မှုအသစ်များ ရရှိအောင် ကြိုးပမ်းကြရန် အောက်တိုဘာ ၂၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
“သမိုင်းကို အောက်မေ့သတိရခြင်းအားဖြင့်သာ ပိုမိုတောက်ပသော အနာဂတ်ကို မိမိတို့ ဖန်တီးနိုင်မှာဖြစ်ပါတယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖိန်က ပေကျင်းမြို့၌ အဆိုပါနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကျင်းပသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။
ရှီကျင့်ဖိန်၏ အဆိုပြုချက်အရ အခမ်းအနားတက်ရောက်လာသူများအားလုံး မတ်တတ်ရပ်၍ ခရီးရှည်ချီတက်မှုနှင့် တရုတ်နိုင်ငံတစ်ဝန်း တော်လှန်ရေးတိုက်ပွဲများအတွင်း အသက်ပေးလှူခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်းများအတွက် ငြိမ်သက်စွာ ဂါရဝပြုခဲ့ကြသည်။
တပ်နီတော်သည် ၁၉၃၄ ခုနှစ် အောက်တိုဘာလမှ ၁၉၃၆ ခုနှစ် အောက်တိုဘာလအထိ ခရီးရှည်ချီတက်မှုအတွင်း ပြည်နယ် ၁၀ ခုကျော်ကို ဖြတ်သန်းချီတက်ခဲ့ကာ တရုတ်နိုင်ငံ၏ တော်လှန်ရေးသမိုင်းတွင် အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ရှီက ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261022/4575df57372b4e39a91d2c8d1458726c/c.html

……………………
(English Version)
Xi calls for new achievements on new Long March
BEIJING, Oct. 22 (Xinhua) -- Chinese President Xi Jinping on Thursday called for new achievements on the new Long March as China commemorates the 90th anniversary of the victory of the Red Army's Long March.
"Only by remembering history can we create a brighter future," said Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, when addressing a gathering held in Beijing to mark the anniversary.
Under Xi's proposal, all participants stood up and observed a moment of silence for the revolutionary heroes who gave their lives during the Long March and in revolutionary struggles across China.
From October 1934 to October 1936, the Red Army marched through more than 10 provinces during the Long March, opening up a new chapter in the Chinese revolution, Xi said.
https://english.news.cn/20261022/4575df57372b4e39a91d2c8d1458726c/c.html
Photo caption 1: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, delivers an important speech during a gathering commemorating the 90th anniversary of the victory of the Red Army's Long March held at the Great Hall of the People in Beijing, capital of China, Oct. 22, 2026. (Xinhua/Yao Dawei)
Photo caption 2: A gathering commemorating the 90th anniversary of the victory of the Red Army's Long March is held at the Great Hall of the People in Beijing, capital of China, Oct. 22, 2026. (Xinhua/Xie Huanchi)








