အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ်တားမြို့တွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ၌ ပါဝင်ဆင်နွှဲနေကြသည့် အိန္ဒိယဘဏ်ဝန်ထမ်းများကို ၂၀၁၈ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ်တားမြို့တွင်ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ၌ ပါဝင်ဆင်နွှဲနေကြသည့် အိန္ဒိယဘဏ်ဝန်ထမ်းများကို ၂၀၁၈ ခုနှစ် မေ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏အကြီးဆုံးဘဏ်ဖြစ်သော State Bank of India (SBI)က  ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် ဘဏ်၏အချက်အလက်များ ပေါက်ကြားသွားခဲ့ကာ အသုံးပြုသူ ၃,၈၉၇ ဦး၏ အချက်အလက်မှတ်တမ်းများလည်း Dark Web ပေါ်သို့ ရောက်ရှိသွားခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

SBI ၏အဆိုအရ ပေါက်ကြားသွားခဲ့သည့်အချက်အလက်များတွင် အသုံးပြုသူများမှတ်ပုံတင်ထားသည့် မိုဘိုင်းဖုန်းနံပါတ်များ၊ မွေးသက္ကရာဇ်များ၊ အမည်များ၊ ကျား/မ သတ်မှတ်ထားမှုများ၊ အီးမေးလ်လိပ်စာများနှင့် နေရပ်လိပ်စာများ ပါဝင်သည်ဟု ဆိုသည်။

ဘဏ်အနေဖြင့်မူ ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ထားပြီးဖြစ်သလို ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အချက်အလက်ပေါက်ကြားမှု၏ သဘောသဘာဝနှင့်အတိုင်းအတာပမာဏကို ကျယ်ကျယ်ပြန့်ပြန့် စေ့စပ်စွာစစ်ဆေးအကဲဖြတ်နိုင်ရေးအတွက် လွတ်လပ်သောဆိုက်ဘာလုံခြုံရေးအေဂျင်စီတစ်ခုကို ငှားရမ်းဆောင်ရွက်ထားကြောင်း SBI က ပြောကြားခဲ့သည်။

အဆိုပါအချက်အလက်ပေါက်ကြားမှုကြောင့် ဘဏ်၏ အဓိကလုပ်ငန်းလည်ပတ်မှုများ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်း သို့မဟုတ် စီးပွားရေးလုပ်ငန်းဆက်လက်လည်ပတ်နိုင်မှုအပေါ် သိသာထင်ရှားသည့် မည်သည့်သက်ရောက်မှုမျိုးမျှ ရှိလာမည်ဟု မမျှော်လင့်ထားကြောင်း SBI က ပြောကြားခဲ့သည်။ (Xinhua)

..................................

(English version)

State Bank of India confirms cyberattack

NEW DELHI, Oct. 21 (Xinhua)

India's largest bank, State Bank of India (SBI), said on Wednesday that a cyberattack by hackers breached the organization's data, resulting in the disclosure of 3,897 customer records on the dark web.

According to the bank, the exposed data included customers' registered mobile numbers, dates of birth, names, gender, email addresses, and residential addresses.

SBI said it has activated its cyber incident response and containment protocols and engaged an independent cybersecurity agency to conduct a comprehensive assessment and investigate the nature and extent of the alleged compromise.

The bank claimed that the leak is not expected to have any material impact on the bank's core business operations, financial performance, or business continuity. ■

Photo caption: Indian bank employees take part in a strike in Kolkata, India, on May, 30, 2018. (Xinhua/Tumpa Mondal)