မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက Nampho သင်္ဘောကျင်းသို့ သွားရောက် လေ့လာကြည့်ရှုနေသည်ကို KCNA သတင်းဌာန၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ - KCNA/Handout via Xinhua)

ပြုံယမ်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)          

မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် နိုဝင်ဘာ ၂ ရက်တွင် Nampho သင်္ဘောကျင်းသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်ဟု KCNA သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။

Nampho သင်္ဘောကျင်းသည် ထုတ်လုပ်မှုလုပ်ငန်းစဉ် ခေတ်မီအသွင်ပြောင်း အဆင့်မြှင့်တင်မှုအား အင်တိုက်အားတိုက် တွန်းအားပေးလျက်ရှိကြောင်း၊ ရေတပ် ရေယာဉ်အသစ်များ တည်ဆောက်မှုကိုလည်း အဆင်ပြေချောမွေ့စွာ တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း သတင်းအရ သိရသည်။

ကင်ဂျုံအန်းက မည်သည့်ရန်သူကမျှ မကျူးကျော်ဝံ့သည့် အင်အားတောင့်တင်းသော ရေတပ်အင်အား တည်ဆောက်ရေးအတွက် ခေတ်မီ အဆင့်မြင့်နည်းပညာ သင်္ဘောတည်ဆောက်ရေးစခန်းကို မဖြစ်မနေ ပိုင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ပထဝီနိုင်ငံရေးပတ်ဝန်းကျင်နှင့် ရန်လိုသည့်လှုပ်ရှားမှုများက ခေတ်အမီဆုံး၊ အင်အားအတောင့်တင်းဆုံး စစ်သင်္ဘောများ ပိုင်ဆိုင်ခြင်း၏ လိုအပ်ချက်ကို ဖော်ပြနေကြောင်း၊ ထိုသို့ အရေးတကြီး လိုအပ်မှုကလည်း မည်သည့်အချိန်ကထက်မဆို ပိုမိုသိသာထင်ရှားနေကြောင်း၊ “ကျွန်တော်တို့အနေနဲ့ အမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ပြီး အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းကာ ခြိမ်းခြောက်မှုအားလုံးကို တားဆီးရမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက Nampho သင်္ဘောကျင်းသို့ သွားရောက် လေ့လာကြည့်ရှုနေသည်ကို KCNA သတင်းဌာန၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ - KCNA/Handout via Xinhua)
မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက Nampho သင်္ဘောကျင်းသို့ သွားရောက် လေ့လာကြည့်ရှုနေသည်ကို KCNA သတင်းဌာန၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ - KCNA/Handout via Xinhua)

---------------------

(Chinese Version)

金正恩视察南浦造船厂

新华社平壤11月4日电(记者王天僚)据朝中社4日报道,朝鲜劳动党总书记、国务委员长金正恩2日视察南浦造船厂。  

据报道,南浦造船厂正全力推进生产工序的现代化升级,新军舰建造也在顺利推进。  

金正恩说,要建设任何敌人都不敢侵犯的强大海军力量,就必须拥有先进的高技术造船基地。他还说,当前地缘政治环境和对手敌对行为说明拥有最先进、最强大军舰的必要性,而且这种迫切性比任何时候都更加突出,“我们要保卫祖国、保障主权、遏制一切威胁”。(完)

图说:这张朝中社11月4日提供的照片显示,朝鲜劳动党总书记、国务委员长金正恩视察南浦造船厂。新华社/朝中社