စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော စပိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Oscar Puente ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော စပိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Oscar Puente ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Oscar Puente သည် နိုဝင်ဘာ ၃ ရက်တွင် ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ စပိန်နိုင်ငံတွင် ယခုနှစ်အတွင်း ပြင်းထန်သော မြန်နှုန်းမြင့်ရထား မတော်တဆဖြစ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ယင်းအနက် အောက်တိုဘာ ၂၈ ရက်က Toledo ပြည်နယ် Urda မြို့တွင် ဖြစ်ပွားခဲ့သည့် ရထားတွဲချင်းတိုက်မိသည့်မတော်တဆမှုကြောင့် လူ ၆၉ ဦး သေဆုံးခဲ့သည်။

Oscar Puente သည် ထိုနေ့တွင် Urda မတော်တဆဖြစ်မှုနှင့်စပ်လျဉ်း၍ လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ အထက်ပါဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း RTVE ၏ သတင်းဖော်ပြချက်အရ သိရသည်။ Oscar Puente က ၎င်းအနေဖြင့် Urda မတော်တဆဖြစ်မှု ဖြစ်ပွားပြီးမကြာမီ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကာလတိုအတွင်း ရထားလမ်းဘေးကင်းလုံခြုံစွာလည်ပတ်မှု အာမခံချက်ပေးနိုင်ရန်ဟူသည့် အရေးတကြီးတာဝန်အား ဦးစွာ ပြီးစီးအောင်ဆောင်ရွက်သွားပြီးမှ ပြင်ပသို့ ထုတ်ပြန်ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက စပိန် ဆိုရှယ်လစ်အလုပ်သမားပါတီ၏ Valladolid မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအနေဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့အစောပိုင်းတွင် Oscar Puente က စပိန်နိုင်ငံအစိုးရအနေဖြင့် Urda မြန်နှုန်းမြင့်ရထား မတော်တဆဖြစ်မှု ဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများနှင့် မိသားစုဝင်များအား ထောက်ပံ့ကြေး ယူရို သန်း ၃၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး တစ်ချိန်တည်းတွင် ရထားလမ်း ဘေးကင်းလုံခြုံမှု မြှင့်တင်ခြင်း၊ အများပြည်သူယုံကြည်မှု ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ အစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစီအမံများတွင် မက်ဒရစ်မှ ဆီဗီလ်မြို့အထိ မြန်နှုန်းမြင့်ရထားခရီးစဉ်များ လျှော့ချခြင်း၊ ရထားပို့ဆောင်ရေး ထိန်းချုပ်မှုစင်တာ၌ နည်းပညာစက်ပစ္စည်းအသစ်များထပ်မံထည့်သွင်း အသုံးပြုခြင်း၊ ရထားသွားလာမှု ထိန်းချုပ်ရေးနှင့် ဘေးကင်းလုံခြုံမှု စည်းမျဉ်းလုပ်ငန်းစဉ်အား ညှိနှိုင်းပြင်ဆင်ခြင်း၊ စီမံထိန်းချုပ်မှုဝန်ထမ်း၏အလုပ်ခွင် အခြေအနေ  တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလတွင် စပိန်နိုင်ငံ တောင်ပိုင်း Adamuz မြို့၌ မြန်နှုန်းမြင့်ရထား မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၄၆ ဦး‌သေဆုံးခဲ့သည်။ ယင်းနောက် ၉ လအကြာ၌ အဆိုပါမြန်နှုန်းမြင့်ရထားလမ်း ခရီးစဉ်သည် Urda ၌ ပြင်းထန်သော မတော်တဆမှု ထပ်မံဖြစ်ပွားခဲ့ရာ ပြည်သူများအတွင်း စပိန်နိုင်ငံ မြန်နှုန်းမြင့်ရထား ဘေးကင်းလုံခြုံမှုနှင့် စီမံခန့်ခွဲမှု အခြေအနေအပေါ် အဆက်မပြတ် အာရုံစိုက်မှုများ ဖြစ်ပွားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

一年内发生两起重大高铁事故 西班牙交通大臣辞职

新华社马德里11月3日电(记者陈雨峥)西班牙交通大臣奥斯卡·普恩特3日宣布辞职。西班牙今年已发生两起重大高铁事故,其中10月28日发生在托莱多省乌尔达的列车相撞事故造成69人死亡。  

根据西班牙国家广播电视台报道,普恩特当天在就乌尔达事故接受国会议员质询时宣布上述决定。普恩特说,他在乌尔达事故发生后不久便作出辞职决定,但希望先完成保障短期铁路运行安全这一紧迫任务,再对外宣布。他同时表示,将不再担任西班牙工人社会党巴利亚多利德选区领衔候选人参加29日举行的大选。  

当天早些时候,普恩特宣布西班牙政府将向乌尔达高铁事故死伤人员及家属提供3000万欧元援助,同时公布了加强铁路安全、恢复公众信心的一系列措施,包括减少马德里至塞维利亚高铁线路的列车班次、更新铁路交通控制中心技术设备、调整行车控制和安全规程,以及改善调度人员工作条件。  

今年1月,西班牙南部阿达穆斯发生高铁事故,造成46人死亡。9个多月后,同一高铁线路在乌尔达再次发生重大事故,引发社会对西班牙高铁安全和管理状况的持续关注。(完)

图说:这是10月30日,普恩特在西班牙首都马德里参加新闻发布会时的资料照片。 新华社发(古斯塔沃·巴连特摄)