ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်ကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်ကို ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

လုံခြုံရေးသည် ခွဲခြား၍မရ ဟူသော အခြေခံမူမှာ ယူကရိန်းအရေးတွင် ရုရှားနိုင်ငံက ကိုင်ဆောင်ထားသော ရပ်တည်ချက်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဒီမီထရီ ပက်စ်ကော့ဗ်က နိုဝင်ဘာ ၃ ရက်တွင် ရုရှားမီဒီယာ၏ မေးမြန်းမှုကိုဖြေကြားစဉ် ပြောကြားခဲ့သည်။

ရုရှား၊ အမေရိကန်နှင့် ယူကရိန်းတို့ အဘူဒါဘီမြို့၌ ကျင်းပမည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် လုံခြုံရေး၊ လုံခြုံရေးအာမခံချက်နှင့်ဆက်စပ်သည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ “နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးအာမခံချက်အတွက် အခြားနိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကိုစတေးခံပြီး အကောင်အထည်ဖော်လို့မရပါဘူး” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

သဘောတူညီထားသည်မှာ သုံးပွင့်ဆိုင်ဆွေးနွေးသည့်ပုံစံ ဖြစ်သောကြောင့် ဤသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ဥရောပနိုင်ငံများ ပါဝင်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် ရုရှားသည် ဥရောပနိုင်ငံများနှင့် ဥရောပ၏ အနာဂတ်လုံခြုံရေးစနစ်နှင့်စပ်လျဉ်း၍ များမကြာမီ ဆွေးနွေးရန် လိုအပ်လာလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “ဒါပေမဲ့ (ရုရှားဘက်က) ဘယ်သူနဲ့ ဆွေးနွေးရမှာလဲဆိုတာတော့ သေချာရှင်းလင်းအောင် သိဖို့လိုတယ်။ ကာလရှည်ကြာစွာ ဥရောပဘက်က ရုရှားနဲ့ ဆွေးနွေးဖို့ ဘယ်သူ့မှာ အခွင့်အာဏာရှိတယ်ဆိုတာကို ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စု မြို့တော် အဘူဒါဘီတွင် ကျင်းပမည်ဖြစ်ကြောင်း ပက်စကော့ဗ်က ထိုနေ့ အစောပိုင်းတွင် အတည်ပြုခဲ့သည်။ ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၃ ရက်တွင် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းမှု ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၄ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

...........................

(Chinese Version)

俄总统新闻秘书:安全不可分割原则是俄立场基石

新华社莫斯科11月3日电(记者黄河)俄罗斯总统新闻秘书佩斯科夫3日在接受俄媒体采访时表示,安全不可分割原则是俄罗斯在乌克兰问题上所持立场的基石。  

佩斯科夫说,俄罗斯、美国和乌克兰将在阿布扎比举行的三方会谈中讨论安全及与安全保障相关的问题。“一个国家的安全保障不能以牺牲另一个国家的安全(为代价)来实现。”

他还表示,由于商定的是三方会谈模式,因此欧洲不会参与此次会谈。但他也说,俄罗斯迟早需要与欧洲国家就欧洲未来的安全体系展开对话,“但需要弄清楚(俄方)究竟要与谁进行对话。长期以来,欧洲一直未能决定,谁有权与俄罗斯进行对话”。  

佩斯科夫当天早些时候确认,俄美乌围绕乌克兰问题的三方会谈将于11月10日至11日在阿联酋首都阿布扎比举行。欧盟委员会发言人3日说,欧盟、美国、乌克兰谈判代表将于4日在布鲁塞尔会晤。(完)

图说:这是5月13日在俄罗斯首都莫斯科拍摄的克里姆林宫。新华社记者 郝建伟 摄