အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန် ကွန်ဂရက်လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ သက်တမ်းဝက်ရွေးကောက်ပွဲတွင် ဒီမိုကရက်များက အကြိတ်အနယ်ယှဉ်ပြိုင်ရသည့် အရေးကြီးပြည်နယ်များတွင် အနိုင်ရခဲ့ပြီးနောက် အထက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်မည်ဟု ရွေးကောက်ပွဲဆိုင်ရာ ခန့်မှန်းတွက်ချက်ရေး အေဂျင်စီဖြစ်သည့် Decision Desk HQ က နိုဝင်ဘာ ၃ ရက် နှောင်းပိုင်းတွင် ခန့်မှန်းထုတ်ပြန်ခဲ့ကာ ဒီမိုကရက်များအနေဖြင့် လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်မီက အောက်လွှတ်တော်၌ ရီပက်ဘလစ်ကန်ပါတီက အမတ်နေရာ ၂၁၈ နေရာနှင့် ဒီမိုကရက်တစ်ပါတီက ၂၁၄ နေရာစီ ရရှိထားခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ယင်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များ နုတ်ထွက်ခဲ့ပြီးနောက် အဆိုပါလွှတ်တော်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ နေရာနှင့် ရီပက်ဘလစ်ကန်ပါတီ ထိန်းချုပ်ထားသည့် မဲဆန္ဒနယ် ၁ နေရာ၊ ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်ထားသည့် မဲဆန္ဒနယ် ၁ နေရာတို့တွင် လစ်လပ်သွားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တို့အနေဖြင့် အောက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လူများစုပါတီဖြစ်လာရန် အမတ်နေရာ ၂၁၈ နေရာ လိုအပ်မည်ဖြစ်ရာ မဲဆန္ဒနယ် ၃ နေရာ၌သာ ထပ်မံအနိုင်ရရှိရန် လိုအပ်နေခြင်းဖြစ်သည်။

ဒီမိုကရက်တို့အနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာ ၂၅၀ ကျော်အထိ အနိုင်ရရှိနိုင်သည်ဟု NBC သတင်းဌာနက လတ်တလော ခန့်မှန်းတွက်ချက်ထားရာ အောက်လွှတ်တော်တွင်း အဓိက အလှည့်အပြောင်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ သတင်းမီဒီယာ အများအပြားကလည်း ထိုရလဒ်ကို "အပြာရောင်လှိုင်း" သို့မဟုတ် "အပြာရောင်ဆူနာမီ" ဟု တင်စားဖော်ပြလျက်ရှိကြသည်။

အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီတွင် ရီပက်ဘလစ်ကန်တို့က အမတ်နေရာ ၅၃-၄၇ နေရာဖြင့် ဒီမိုကရက်တို့အပေါ် အသာစီးရရှိထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရက်တို့အနေဖြင့် အထက်လွှတ်တော်ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အမတ်နေရာ ၅၁ နေရာရရှိရန် ၄ နေရာ၌ ထပ်မံအနိုင်ရရှိရန် လိုအပ်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲည တစ်လျှောက်လုံး မဲရေတွက်မှုများ ပြုလုပ်ခဲ့ရာ မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ တက္ကဆက်၊ ကန်းဆက်စ်၊ အိုဟိုင်းယိုးနှင့် မိန်း စသည့် ပြည်နယ်များအပါအဝင် ပြည်နယ်အများအပြား၌ ဒီမိုကရက်တစ်ပါတီက အောင်ပွဲခံနိုင်ခဲ့ကြောင်း အမေရိကန် သတင်းမီဒီယာများ၏ ခန့်မှန်းချက်များအရ သိရသည်။

ထူးခြားချက်အနေဖြင့် တောင်ကယ်ရိုလိုင်းနား၊ တက္ကဆက်နှင့် ကန်းဆက်စ် ပြည်နယ်တို့မှာ ယခင် သမ္မတရွေးကောက်ပွဲ သုံးကြိမ်စလုံးတွင် ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ကြပြီး အစဉ်အလာအားဖြင့် ရီပက်ဘလစ်ကန်ပါတီ၏ အမာခံနယ်မြေများအဖြစ် ရပ်တည်ခဲ့ကြသည်။

တက္ကဆက်ပြည်နယ် အထက်လွှတ်တော် အမတ်လောင်းနှင့် ပြည်နယ်အောက်လွှတ်တော်အမတ် ဂျိမ်းစ် တာလာရီကိုက  ရီပက်ဘလစ်ကန်အမတ်လောင်းနှင့် တက္ကဆက်ပြည်နယ်ရှေ့နေချုပ် ကင် ပက်စ်တန်ကို အနိုင်ရရှိမည်ဟု ခန့်မှန်းထားသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အဆိုပါပြည်နယ်၌ အမေရိကန်အထက်လွှတ်တော် အမတ်နေရာကို အနိုင်ရရှိသည့် ပထမဆုံး ဒီမိုကရက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ဒီမိုကရက်တစ်ဦးဖြစ်သူ ဂျီနာ ဟီနိုဟိုဆာသည်လည်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု ခန့်မှန်းထားရာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုပါပြည်နယ်၏ ပထမဆုံး ဒီမိုကရက် အုပ်ချုပ်ရေးမှူး ဖြစ်လာမည်ဖြစ်သည်။

ကန်းဆက်ပြည်နယ်တွင်လည်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်လောင်း အဒမ် ဟာမီလ်တန်က လက်ရှိ ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရော်ဂျာ မာရှယ်ကို အနိုင်ရရှိမည်ဟု ခန့်မှန်းထားသဖြင့် အဆိုပါ အနောက်အလယ်ပိုင်းပြည်နယ်တွင် ၁၉၃၂ ခုနှစ်နောက်ပိုင်း အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အနိုင်ရရှိသည့် ပထမဆုံးဒီမိုကရက် ဖြစ်လာမည်ဖြစ်သည်။

အစဉ်အလာအရ ရီပက်ဘလစ်ကန်ပါတီ၏ အမာခံနယ်မြေဖြစ်သည့် ပြည်နယ်များတွင် ထိုသို့ ဒီမိုကရက်တစ်ပါတီကို အလေးသာစေသည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်းမှာ လူအများ၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ (Xinhua)

..................................

(English Version)

Democrats projected to win both chambers of Congress in U.S. midterm elections

WASHINGTON, Nov. 4 (Xinhua) -- Democrats are projected to flip control of the U.S. Senate after winning several key races in battleground states, securing control of both chambers of Congress in the midterm elections, election forecasting agency Decision Desk HQ reported late Tuesday.

Before the midterms, Republicans held 218 seats in the House of Representatives, compared with 214 for Democrats. The chamber also had one independent member and two vacancies, one in a Republican-held district and the other in a Democratic-held district, following the resignations of their respective representatives in 2026.

With 218 seats required for a majority, Democrats needed a net gain of just three seats to regain control of the House.

The latest projections from NBC indicated that Democrats could win more than 250 seats, marking a major political turnaround in the House. Several media outlets described the outcome as a "blue wave" or even a "blue tsunami."

Before the Senate elections, Republicans held a 53-47 majority over Democrats. Democrats needed a net gain of four seats to reach the 51-seat threshold for a majority.

As votes were counted throughout election night, U.S. media outlets projected Democratic victories in several states, including North Carolina, South Carolina, Texas, Kansas, Ohio and Maine.

Notably, South Carolina, Texas and Kansas are all traditionally Republican strongholds, having voted for Donald Trump in each of the past three presidential elections.

Texas Democratic Senate candidate and state Representative James Talarico is projected to defeat Republican candidate and Texas Attorney General Ken Paxton, becoming the first Democrat since 1988 to win a U.S. Senate seat in the state. Democrat Gina Hinojosa is also projected to win the Texas governor's race and become the state's first Democratic governor in more than 30 years.

In Kansas, Democratic Senate candidate Adam Hamilton is projected to defeat Republican incumbent Senator Roger Marshall, becoming the first Democrat since 1932 to win a Senate election in the midwestern state.

The emergence of these "blue sprouts" in traditionally Republican strongholds has attracted widespread attention.

Photo caption: This photo taken on Nov. 3, 2026 shows the U.S. Capitol building in Washington, D.C., the United States. (Xinhua/Li Rui)